< 2 Chronicles 4 >
1 And he maketh an altar of brass, twenty cubits its length, and twenty cubits its breadth, and ten cubits its height.
၁ရှောလမုန်မင်းသည်အလျားပေသုံးဆယ်၊ အမြင့်တစ်ဆယ့်ငါးပေရှိသောကြေးဝါ ယဇ်ပလ္လင်ကိုပြုလုပ်စေတော်မူ၏။-
2 And he maketh the molten sea; ten by the cubit, from its edge unto its edge, round in compass, and five by the cubit its height, and a line of thirty by the cubit doth compass it, round about.
၂အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့်ငါးပေ၊ လုံးပတ်လေးဆယ့်ငါးပေရှိသောကြေးဝါ ရေကန်ကိုလည်းပြုလုပ်စေတော်မူ၏။-
3 And the likeness of oxen [is] under it, all round about encompassing it, ten in the cubit, compassing the sea round about; two rows of oxen are cast in its being cast.
၃ရေကန်၏အပြင်အနားပတ်လည်ကိုနွားရုပ် များဖြင့်တန်ဆာဆင်ထား၏။ ထိုနွားရုပ်များ အထက်အောက်အတန်းနှစ်တန်းကိုရေကန်နှင့် တစ်စပ်တည်းသွန်းလုပ်ထားသတည်း။-
4 It is standing on twelve oxen, three facing the north, and three facing the west, and three facing the south, and three facing the east, and the sea [is] upon them above, and all their hinder parts [are] within.
၄ရေကန်သည်အရပ်တစ်မျက်နှာလျှင်သုံးကောင် ကျ၊ အရပ်လေးမျက်နှာမူနေသောကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းထက်တွင် တည်လျက်ရှိ၏။-
5 And its thickness [is] a handbreadth, and its lip as the work of the lip of a cup flowered with lilies; taking hold — baths three thousand it containeth.
၅ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍ ယင်း ၏အပေါ်အနားသည်ဖလားနှုတ်ခမ်းကဲ့သို့ ပန်းပွင့်ချပ်သဏ္ဌာန်အပြင်သို့ခုံးတက်နေလေ သည်။ ထိုရေကန်သည်ရေဂါလံတစ်သောင်း ငါးထောင်မျှဝင်သတည်း။-
6 And he maketh ten lavers, and putteth five on the right, and five on the left, to wash with them; the work of the burnt-offering they purge with them; and the sea [is] for priests to wash with.
၆သူတို့သည်ဗိမာန်တော်တောင်ဘက်တွင်ငါးလုံး နှင့်မြောက်ဘက်တွင် ငါးလုံးထားရှိရန်အင်တုံ ဆယ်လုံးကိုလည်းပြုလုပ်လေသည်။ ထိုအင်တုံ တို့သည်မီးရှို့ပူဇော်ရာယဇ်ကောင်များ၏ အစိတ်အပိုင်းတို့ကိုဆေးကြောရန်အတွက် ဖြစ်၏။ ရေကန်မူကားယဇ်ပုရောဟိတ်တို့ ဆေးကြောရန်အတွက်ဖြစ်လေသည်။
7 And he maketh the ten candlesticks of gold, according to their ordinance, and placeth in the temple, five on the right, and five on the left.
၇သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။
8 And he maketh ten tables, and placeth in the temple, five on the right, and five on the left; and he maketh bowls of gold a hundred.
၈
9 And he maketh the court of the priests, and the great court, and doors for the court, and their doors he hath overlaid with brass.
၉သူတို့သည်ယဇ်ပုရောဟိတ်များအတွက် အတွင်းတံတိုင်းကိုဆောက်လုပ်ပြီးနောက် အပြင် တံတိုင်းကိုလည်းဆောက်လုပ်ကြ၏။ ဤတံတိုင်း နှစ်ခု၏စပ်ကြား၌ရှိသောတံခါးများကို ကြေးဝါဖြင့်ဖုံးအုပ်ကြ၏။-
10 And the sea he hath placed on the right shoulder eastward, over-against the south.
၁၀ရေကန်ကိုဗိမာန်တော်၏အရှေ့တောင်ဘက်တွင် ထားကြ၏။
11 And Huram maketh the pots, and the shovels, and the bowls, and Huram finisheth to make the work that he made for king Solomon in the house of God;
၁၁ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။ တိုင်နှစ်လုံး၊ အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများ ပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသော သလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊ လှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊ အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများ လက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။
12 two pillars, and the bowls, and the crowns on the heads of the two pillars, and the two wreaths to cover the two bowls of the crowns that [are] on the heads of the pillars;
၁၂
13 and the pomegranates four hundred to the two wreaths, two rows of pomegranates to the one wreath, to cover the two bowls of the crowns that [are] on the front of the pillars.
၁၃
14 And the bases he hath made; and the lavers he hath made on the bases;
၁၄
15 the one sea, and the twelve oxen under it,
၁၅
16 and the pots, and the shovels, and the forks, and all their vessels, hath Huram his father made for king Solomon, for the house of Jehovah, of brass purified.
၁၆
17 In the circuit of the Jordan hath the king cast them, in the thick soil of the ground, between Succoth and Zeredathah.
၁၇ထိုအရာများကိုမင်းကြီးသည်ယော်ဒန်မြစ် ဝှမ်း၊ သုကုတ်မြို့နှင့်ဇာသန်မြို့များကြား၌ ရှိသောကြေးရည်ကြိုစက်တွင်သွန်းလုပ်စေ တော်မူသည်။-
18 And Solomon maketh all these vessels in great abundance, that the weight of the brass hath not been searched out.
၁၈ပြုလုပ်ရသောပစ္စည်းအရေအတွက်မှာများ ပြားလှသဖြင့် ကုန်ကျသည့်ကြေးဝါအလေး ချိန်ကိုအဘယ်သူမျှမသိချေ။
19 And Solomon maketh all the vessels that [are for] the house of God, and the altar of gold, and the tables, and on them [is] bread of the presence;
၁၉ရှောလမုန်မင်းသည်ဗိမာန်တော်အတွက် ရွှေ ဖြင့်ပြီးသောအသုံးအဆောင်များကိုပြု လုပ်စေတော်မူ၏။ ထိုအရာများမှာရွှေယဇ် ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲများ၊-
20 and the candlesticks, and their lamps, for their burning according to the ordinance, before the oracle, of gold refined;
၂၀စီမံချက်အရအလွန်သန့်ရှင်းရာဌာန တော်ရှေ့တွင်ထွန်းညှိထားရန် ရွှေစင်မီးခွက် များနှင့်မီးတင်ခုံများ၊-
21 and the flowers, and the lamps, and the tongs of gold — it [is] the perfection of gold;
၂၁တန်ဆာဆင်ရန်ပန်းပွင့်များ၊ မီးခွက်များ နှင့်မီးကိုင်တန်ဆာများ၊-
22 and the snuffers, and the bowls, and the spoons, and the censers, of gold refined, and the opening of the house, its innermost doors to the holy of holies, and the doors of the house to the temple, of gold.
၂၂မီးညှပ်များ၊ လင်ပန်းများ၊ ခွက်များနှင့်မီး ကျီးခံများဖြစ်၏။ ထိုပစ္စည်းရှိသမျှသည် ရွှေစင်ဖြင့်ပြီးသတည်း။ ဗိမာန်တော်အပြင် တံခါးများနှင့် အလွန်သန့်ရှင်းရာဌာနတော် အဝင်တံခါးများကိုရွှေဖြင့်မွမ်းမံထား သတည်း။