< 1 Corinthians 4 >
1 Let a man so reckon us as officers of Christ, and stewards of the secrets of God,
၁ခရစ်တော် ၏ အစေအပါး ကဲ့သို့ ၎င်း ၊ ဘုရားသခင် ၏ နက်နဲ သောအရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတစ်ပါး သည် ငါ တို့ကို မှတ် ပါစေ။
2 and as to the rest, it is required in the stewards that one may be found faithful,
၂ထိုမှတပါး ၊ ဘဏ္ဍာစိုး မည်သည်ကား၊ သစ္စာရှိ ရမည်။
3 and to me it is for a very little thing that by you I may be judged, or by man's day, but not even myself do I judge,
၃သင် တို့မှစ၍အခြားသောလူ များတို့သည် ငါ့ ကို သစ္စာမရှိဟုစီရင် သော်လည်း ၊ ငါသည်အမှုမထား။ ငါ့ ကိုယ်ကိုငါမ စီရင် ။
4 for of nothing to myself have I been conscious, but not in this have I been declared right — and he who is discerning me is the Lord:
၄အကြောင်းမူကား ၊ ကိုယ်စိတ် သည် ကိုယ် ကို အပြစ်မ တင်။ သို့သော်လည်း ၊ ထို အကြောင်းဖြင့် ငါသည် အပြစ် လွတ်သည်မ ဟုတ်။ ငါ့ ကို စီရင် သောသူ ကား ၊ ထာဝရ ဘုရားပေတည်း။
5 so, then, nothing before the time judge ye, till the Lord may come, who will both bring to light the hidden things of the darkness, and will manifest the counsels of the hearts, and then the praise shall come to each from God.
၅ထိုသို့ဖြစ်လျှင်မှောင်မိုက် ၌ ဝှက်ထား သော အရာတို့ကို ပွင့်လင်း စေ၍ စိတ် နှလုံးအကြံအစည် များကို ထင်ရှား စေလတံ့သော သခင် ဘုရားကြွလာ တော်မ မူမှီ တိုင်အောင် အဘယ် အမှုကိုမျှ အဆုံးအဖြတ်မ စီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီး တို့သည် ဘုရားသခင် ချီးမွမ်း တော်မူခြင်းကျေးဇူးကို ခံရ ကြလတံ့။
6 And these things, brethren, I did transfer to myself and to Apollos because of you, that in us ye may learn not to think above that which hath been written, that ye may not be puffed up one for one against the other,
၆ညီအစ်ကို တို့၊ သင် တို့သည် ကျမ်းစာ ကို လွန် ၍ သူတစ်ပါးကို မ ရိုသေ အပ်ဟု ငါ တို့ကိုထောက်၍ နားလည် စေခြင်းငှာ ၎င်း၊ မာန စိတ်ထောင်လွှားသည်နှင့် တစ် ယောက်ကိုမှီဝဲ၍တစ် ယောက်ကိုငြင်းဆန် ခြင်းမ ရှိစေခြင်းငှာ ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကို ထောက်၍ ငါ နှင့် အာပေါလု ကို ပုံဆောင် လျက် ဆိုသတည်း။
7 for who doth make thee to differ? and what hast thou, that thou didst not receive? and if thou didst also receive, why dost thou glory as not having received?
၇ထိုမှတစ်ပါး၊ အဘယ်သူ သည် သင့် ကိုထူးခြား စေသနည်း။ သူတစ်ပါးလက်မှ မ ခံ မယူဘဲ အလိုအလျောက် ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိ သလော။ သူတစ်ပါးလက်မှ ခံယူ သည်မှန် လျှင် ၊ မ ခံ မယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွား သနည်း။
8 Already ye are having been filled, already ye were rich, apart from us ye did reign, and I would also ye did reign, that we also with you may reign together,
၈ယခု တွင်သင် တို့သည် ကြွယ်ဝကြ၏။ ငွေရတတ် ကြ၏။ ငါ တို့ မ ရှိစဉ်တွင်စိုးစံ ကြ၏။ ငါ တို့သည် သင် တို့နှင့်အတူစိုးစံ ရသော အခွင့်ရှိ မည်အကြောင်း၊ သင်တို့ကို အမှန် စိုးစံ စေခြင်းငှာ အလိုရှိ ၏။
9 for I think that God did set forth us the apostles last — as appointed to death, because a spectacle we became to the world, and messengers, and men;
၉သတ် ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက် ၌ တမန်တော် တည်းဟူသောငါ တို့ကို ဘုရားသခင် ထုတ်ပြ တော်မူသည်ဟု ငါထင် ၏။ အကြောင်းမူကား ၊ ငါတို့သည် လောကီသား များနှင့် ကောင်းကင် တမန်များ မျက်မှောက် ၌ ပွဲဝင် သောသူ ဖြစ်ကြ ၏။
10 we [are] fools because of Christ, and ye wise in Christ; we [are] ailing, and ye strong; ye glorious, and we dishonoured;
၁၀ငါ တို့သည် ခရစ်တော် ၏ အကြောင်း ကြောင့် လူမိုက် ဖြစ်ကြ၏။ သင် တို့မူကား ၊ ခရစ်တော် ၌ ပညာရှိ ဖြစ်ကြ၏။ ငါ တို့သည် အားနည်း သောသူ ဖြစ်ကြ၏။ သင် တို့မူကား ၊ အစွမ်း သတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူဖြစ်ကြ၏။ ငါ တို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍ ၊
11 unto the present hour we both hunger, and thirst, and are naked, and are buffeted, and wander about,
၁၁ယခု တိုင်အောင် အစား အသောက်ငတ်မွတ်ခြင်း၊ အဝတ် နွမ်းပါးခြင်း၊ ရိုက်ပုတ် ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာ မကျသောသူ၊
12 and labour, working with [our] own hands; being reviled, we bless; being persecuted, we suffer;
၁၂ကိုယ် လက် နှင့် ပင်ပန်း စွာ လုပ်ဆောင် ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ ခြင်းကို ခံရသောအခါ မေတ္တာပို့ ကြ၏။ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံ ကြ၏။
13 being spoken evil of, we entreat; as filth of the world we did become — of all things an offscouring — till now.
၁၃အသရေ ရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန် ကြ၏။ ဤလောက ၏ အညစ်အကြေး ကဲ့သို့ ၎င်း၊ အရပ်ရပ် ထဲက လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း၊ ယခု တိုင်အောင် ဖြစ် ကြ၏။
14 Not [as] putting you to shame do I write these things, but as my beloved children I do admonish,
၁၄သင် တို့သည် ရှက် စေခြင်းငှာဤသို့ ငါရေး သည် မ ဟုတ်။ သင် တို့ကို ချစ် သား ကဲ့သို့ မှတ်၍ သတိပေး ၏။
15 for if a myriad of child-conductors ye may have in Christ, yet not many fathers; for in Christ Jesus, through the good news, I — I did beget you;
၁၅သင် တို့တွင် ခရစ်တော် ၏အကြောင်း ကို သင်ပေး သော ဆရာတစ်သောင်း ရှိငြား သော်လည်း၊ အဘ အများ မ ရှိ။ ဧဝံဂေလိ တရားအားဖြင့် ငါ သည် သင် တို့ကို ယေရှု ခရစ် ၌ ဖြစ်ဘွား စေပြီ။
16 I call upon you, therefore, become ye followers of me;
၁၆သို့ဖြစ်၍၊ ငါ ကျင့်သည်နည်းတူသင် တို့သည် ကျင့် ကြမည်အကြောင်း ငါနှိုးဆော်တောင်းပန် ၏။
17 because of this I sent to you Timotheus, who is my child, beloved and faithful in the Lord, who shall remind you of my ways in Christ, according as everywhere in every assembly I teach.
၁၇ထို အကြောင်း ကြောင့် သခင် ဘုရား၌ သစ္စာရှိ သောငါ ၏ချစ် သား တိမောသေ ကို သင် တို့ဆီသို့ ငါ စေလွှတ် ၏။ ခပ်သိမ်း သော အရပ်တို့၌ ခပ်သိမ်း သော အသင်းတော် တို့ကို ငါသွန်သင် သည်နှင့်အညီ ၊ ငါ သည် ခရစ်တော် ၌ ကျင့် သော အကျင့်ဓလေ့များကို သင် တို့သည် မှတ်မိ စေခြင်းငှာသူသည် ပြသတိုက်တွန်းလိမ့်မည်။
18 And as if I were not coming unto you certain were puffed up;
၁၈ငါ သည်သင် တို့ဆီသို့ ကိုယ်တိုင်မ လာ ဟု အချို့ သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာန ထောင်လွှားခြင်း ရှိကြ၏။
19 but I will come quickly unto you, if the Lord may will, and I will know not the word of those puffed up, but the power;
၁၉သို့သော်လည်း သခင် ဘုရားသည် အလို တော်ရှိ လျှင် ငါသည် မြန်မြန် လာ မည်။ လာသောအခါ မာန ထောင်လွှားသောသူ တို့၏ စကား ကို သိမှတ် မည်မ ဟုတ်။ သူတို့၏တန်ခိုး ကို သိမှတ်မည်။
20 for not in word is the reign of God, but in power?
၂၀အကြောင်းမူကား ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် စကား ၌ တည်သည်မ ဟုတ်၊ တန်ခိုး ၌ တည်၏။
21 what do ye wish? with a rod shall I come unto you, or in love, with a spirit also of meekness?
၂၁သင် တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံ နှင့် သင် တို့ဆီသို့ လာရ မည်လော။ သို့မဟုတ် မေတ္တာ နှင့် ၎င်း၊ နူးညံ့ သိမ်မွေ့သော စိတ် နှင့် ၎င်း၊ လာရမည်လော။