< 1 Corinthians 11 >
1 Followers of me become ye, as I also [am] of Christ.
၁ငါ သည်ခရစ်တော် ၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့ နည်းတူကျင့် ကြလော့။
2 And I praise you, brethren, that in all things ye remember me, and according as I did deliver to you, the deliverances ye keep,
၂ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ ၌ ငါ့ ကို အောက်မေ့ ၍ ၊ ငါအပ်ပေး သောနည်းဥပဒေ တို့ကို စွဲလမ်း ကြသည်ဖြစ်၍သင် တို့ကို ငါချီးမွမ်း ၏။
3 and I wish you to know that of every man the head is the Christ, and the head of a woman is the husband, and the head of Christ is God.
၃ယောက်ျား ၏ခေါင်း ကား ခရစ်တော် ဖြစ် သည် ကို၎င်း၊ မိန်းမ ၏ခေါင်း ကား ယောက်ျား ဖြစ် သည်ကို၎င်း၊ ခရစ်တော် ၏ခေါင်း ကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင် တို့ သိမှတ် စေခြင်းငှာ ငါအလိုရှိ ၏။
4 Every man praying or prophesying, having the head covered, doth dishonour his head,
၄ယောက်ျား မည်သည်ကား ၊ မိမိ ခေါင်း ကို ဖုံး လျက် ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေ ကို ရှုတ်ချ၏။
5 and every woman praying or prophesying with the head uncovered, doth dishonour her own head, for it is one and the same thing with her being shaven,
၅မိန်းမ မည်သည်ကား ၊ မိမိ ခေါင်း ကို မ ဖုံးဘဲ ဆုတောင်း သော်၎င်း၊ ပရောဖက် ပြုသော်၎င်း၊ မိမိခေါင်း အသရေကိုရှုတ်ချ ၏။
6 for if a woman is not covered — then let her be shorn, and if [it is] a shame for a woman to be shorn or shaven — let her be covered;
၆ထိုသို့ပြုလျှင်ဆံပင် ရိတ်သည်နှင့်တူ၏။ မိန်းမ သည် မိမိခေါင်းကို မ ဖုံး လျှင် ဆံပင်ကိုဖြတ် စေ။ ဆံပင်ဖြတ် ခြင်း၊ ဆံပင် ရိတ်ခြင်းအရာသည် ရှက် စရာရှိလျှင် ခေါင်းကိုဖုံး စေ။
7 for a man, indeed, ought not to cover the head, being the image and glory of God, and a woman is the glory of a man,
၇ယောက်ျား သည် ဘုရားသခင် ၏ ပုံ သဏ္ဌာန်၊ ဘုန်း အသရေတော်ဖြစ် သောကြောင့် မိမိခေါင်း ကို မ ဖုံး ရ။ မိန်းမ မူကား ယောက်ျား ၏ဘုန်း အသရေဖြစ် ၏။
8 for a man is not of a woman, but a woman [is] of a man,
၈ယောက်ျား သည် မိန်းမ ကြောင့် ဖြစ် သည် မ ဟုတ်။ မိန်းမ သည် ယောက်ျား ကြောင့် ဖြစ်၏။
9 for a man also was not created because of the woman, but a woman because of the man;
၉ယောက်ျား ကို မိန်းမ ဘို့ ဖန်ဆင်း သည်မ ဟုတ်။ မိန်းမ ကိုယောက်ျား ဘို့ ဖန်ဆင်း၏။
10 because of this the woman ought to have [a token of] authority upon the head, because of the messengers;
၁၀ထိုကြောင့် ၊ ကောင်းကင် တမန်များကို ထောက် ၍၊ မိန်းမ သည် မိမိခေါင်း ကို ဖုံးရ မည်။
11 but neither [is] a man apart from a woman, nor a woman apart from a man, in the Lord,
၁၁သို့သော်လည်း သခင်ဘုရား၌ ယောက်ျား မ ပါဘဲ မိန်းမ ဖြစ်သည်မ ဟုတ်။ မိန်းမ မ ပါဘဲ ယောက်ျား ဖြစ်သည် မ ဟုတ်။
12 for as the woman [is] of the man, so also the man [is] through the woman, and the all things [are] of God.
၁၂မိန်းမ သည် ယောက်ျား ကြောင့် ဖြစ် သကဲ့သို့ ယောက်ျား သည်လည်း မိန်းမ အားဖြင့် ဖြစ် ၏။ အလုံးစုံ တို့သည်လည်း ဘုရားသခင် ကြောင့် ဖြစ် ကြ၏။
13 In your own selves judge ye; is it seemly for a woman uncovered to pray to God?
၁၃မိန်းမ သည် ခေါင်းကိုမ ဖုံးဘဲလျက် ဘုရားသခင် ကို ဆုတောင်း လျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို သင် တို့ အလိုအလျောက် ဆင်ခြင်စီရင် ကြလော့။
14 doth not even nature itself teach you, that if a man indeed have long hair, a dishonour it is to him?
၁၄ယောက်ျား သည် ရှည် သောဆံပင်ရှိလျှင် ၊ ရှက်ဘွယ် သော အကြောင်း ဖြစ် သည်ကို သင် တို့အား ပကတိ တရားပင် ဆုံးမ သွန်သင်သည် မ ဟုတ်လော။
15 and a woman, if she have long hair, a glory it is to her, because the hair instead of a covering hath been given to her;
၁၅မိန်းမ မူကား ၊ ရှည် သောဆံပင်ရှိလျှင် ၊ သူ ၏ ဘုန်း အသရေ ဖြစ် ၏။ အကြောင်းမူကား ၊ မိန်းမဆံပင် သည် မိမိ ခြုံ စရာဘို့ ဖြစ် ၏။
16 and if any one doth think to be contentious, we have no such custom, neither the assemblies of God.
၁၆သို့သော်လည်း တစ်စုံတစ်ယောက် သောသူသည် ငြင်းခုံ လျှင် ၊ ငါ တို့၌၎င်း၊ ဘုရားသခင် ၏ အသင်းတော် ၌ ၎င်း၊ ထိုသို့သော ထုံးစံ မ ရှိ ၏။
17 And this declaring, I give no praise, because not for the better, but for the worse ye come together;
၁၇တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှာ စည်းဝေးကြသည်မ ဟုတ်။ အကျိုးကို နည်းစေခြင်းငှာစည်းဝေး ကြသည်ဖြစ်၍၊ ငါသည် ပညတ် ထားစဉ်တွင်သင်တို့ကို မ ချီးမွမ်း ရ။
18 for first, indeed, ye coming together in an assembly, I hear of divisions being among you, and partly I believe [it],
၁၈ပဌမ အကြောင်း ဟူမူကား၊ သင် တို့သည် အသင်းတော် ၌ စည်းဝေး ကြသောအခါ၊ အချင်းချင်း ကွဲပြား ခြင်းရှိ သည်ကို ငါကြား ရ၏။
19 for it behoveth sects also to be among you, that those approved may become manifest among you;
၁၉ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား ၊ သင် တို့တွင် ကောင်းမွန် သော သူ တို့ကို ထင်ရှား စိမ့်သောငှာ သင်းခွဲ ခြင်းရှိ ရ မည်။
20 ye, then, coming together at the same place — it is not to eat the Lord's supper;
၂၀သင် တို့သည် အတူစည်းဝေး ကြသောအခါ၊ သခင် ဘုရား၏ ပွဲ တော်ကို စား အံ့သောငှာစည်းဝေးကြ သည်မ ဟုတ်။
21 for each his own supper doth take before in the eating, and one is hungry, and another is drunk;
၂၁အကြောင်းမူကား ၊ သင်တို့သည် စား ကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိ အစာ ကို အရင် ယူ၍၊ တချို့ကား ဆာမွတ် လျက် ၊ တချို့ ကား စား သောက်ကြူးလျက်ရှိကြ၏။
22 why, have ye not houses to eat and to drink in? or the assembly of God do ye despise, and shame those not having? what may I say to you? shall I praise you in this? I do not praise!
၂၂သင် တို့သည် စား သောက် ရာဘို့ ကိုယ်အိမ် မ ရှိ သလော။ သို့မဟုတ် လျှင်၊ ဘုရားသခင် ၏ အသင်းတော် ကို မထီမဲ့မြင် ပြု၍ ၊ ဆင်းရဲ သောသူ တို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆို ရမည်နည်း။ ဤ အမှုမှာ သင် တို့ကို ချီးမွမ်း ရမည်လော။ မ ချီးမွမ်း ရ။
23 For I — I received from the Lord that which also I did deliver to you, that the Lord Jesus in the night in which he was delivered up, took bread,
၂၃အကြောင်းမူကား ၊ သင် တို့၌ ငါအပ်ပေး သော အရာကို သခင် ဘုရားထံ၌ ငါ ခံရ ပြီ။ ခံရသောအရာဟူမူကား၊ သခင် ယေရှု သည် ရန်သူလက်သို့ အပ်နှံ ခြင်းကို ခံသော နေ့ည မှာ မုန့် ကို ယူ ၍ ၊
24 and having given thanks, he brake, and said, 'Take ye, eat ye, this is my body, that for you is being broken; this do ye — to the remembrance of me.'
၂၄ကျေးဇူး တော်ကို ချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား၊ သင်တို့အဘို့ အလိုငှာ ချိုးဖဲ့သော ငါ ၏ကိုယ် ဖြစ် ၏။ ယူ၍စားကြလော့။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြ လော့ဟု မိန့် တော်မူ၏။
25 In like manner also the cup after the supping, saying, 'This cup is the new covenant in my blood; this do ye, as often as ye may drink [it] — to the remembrance of me;'
၂၅ထိုနည်းတူ ၊ ညစာစား ပြီးမှ ခွက် ကိုလည်း ယူ၍၊ ဤ ခွက် ကား ငါ ၏အသွေး ၌ တည်သောပဋိညာဉ် တရား သစ် ဖြစ် ၏။ ဤခွက်ကို သောက် သောအခါ ၊ ငါ့ ကို အောက်မေ့ ဘို့ရာ သောက် ကြလော့ဟု မိန့် တော်မူ၏။
26 for as often as ye may eat this bread, and this cup may drink, the death of the Lord ye do shew forth — till he may come;
၂၆အကြောင်းမူကား ၊ သင်တို့သည် ထို မုန့် ကိုစား ၍ ထို ခွက် ကို သောက် သောအခါ ခါ ၊ သခင် ဘုရားအသေခံ တော်မူခြင်းကို ကြွလာ တော် မ မူမှီတိုင်အောင်ပြ ကြ၏။
27 so that whoever may eat this bread or may drink the cup of the Lord unworthily, guilty he shall be of the body and blood of the Lord:
၂၇ထိုကြောင့် သခင် ဘုရား၏ မုန့် နှင့် ခွက် ကို မ ထိုက်မတန်ဘဲ စား သောက် သောသူ မည်သည်ကား၊ သခင် ဘုရား၏ ကိုယ် တော်နှင့် အသွေး တော်ကို ပြစ်မှား ရာရောက် ၏။
28 and let a man be proving himself, and so of the bread let him eat, and of the cup let him drink;
၂၈သို့ဖြစ်၍ လူ တိုင်းကိုယ်ကိုကိုယ် စစ်ကြော ပြီးမှမုန့် ကိုစား စေ။ ထိုနည်းတူ ခွက် ကိုလည်း သောက် စေ။
29 for he who is eating and drinking unworthily, judgment to himself he doth eat and drink — not discerning the body of the Lord.
၂၉အကြောင်းမူကား ၊ မထိုက်မတန်ဘဲ စား သောက် သောသူ သည် သခင်ဘုရား၏ ကိုယ် တော်ကို ပိုင်းခြား ၍ မ သိသောကြောင့်၊ မိမိ အပေါ်သို့အပြစ် ရောက်စေခြင်းငှာစား သောက် သောသူဖြစ်၏။
30 Because of this, among you many [are] weak and sickly, and sleep do many;
၃၀ထို အကြောင်း ကြောင့်၊ သင်တို့တွင် အားနည်း သောသူ၊ မကျန်းမမာ သော သူအများ ရှိကြ၏။ သေ သော သူ အများလည်း ရှိကြ၏။
31 for if ourselves we were discerning, we would not be being judged,
၃၁ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြော စီရင်လျှင် ၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။
32 and being judged by the Lord, we are chastened, that with the world we may not be condemned;
၃၂စစ်ကြော စီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသား တို့နှင့်အတူ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမ တော်မူခြင်းကို ခံရကြ၏။
33 so then, my brethren, coming together to eat, for one another wait ye;
၃၃ထိုကြောင့် ငါ့ ညီအစ်ကို တို့၊ သင်တို့သည် စား အံ့သောငှာစည်းဝေး သောအခါ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက်ငံ့လင့် ကြလော့။
34 and if any one is hungry, at home let him eat, that to judgment ye may not come together; and the rest, whenever I may come, I shall arrange.
၃၄တစ်စုံတစ်ယောက် သောသူသည် ဆာမွတ် လျှင် ၊ သင်တို့သည် အပြစ် ခံလျက် မ စည်းဝေး စေခြင်းငှာ ထိုသူ သည် မိမိအိမ် ၌ စား စေ။ ကြွင်း သော အမှုများကို ငါ လာသောအခါ စီရင် မည်။