< 1 Chronicles 9 >

1 And all Israel have reckoned themselves by genealogy, and lo, they are written on the book of the kings of Israel and Judah — they were removed to Babylon for their trespass.
အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သားစဉ်မြေးဆက်စာရင်း ဝင်၍၊ ကိုယ်အပြစ်ကြောင့် ဗာဗုလုန်မြို့ သို့သိမ်းသွားခြင်း ကို ခံရနှင့်သာ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် မှတ်စာ၌ ပါသတည်း။
2 And the first inhabitants, who [are] in their possession, in their cities, of Israel, [are] the priests, the Levites, and the Nethinim.
နောက်တဖန်ကိုယ်ပိုင်ထိုက်သော မြို့ရွာတို့၌ အဦးဆုံး နေရာကျသောသူကား၊ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်အသီးအသီး ဖြစ်ကြ၏။
3 And in Jerusalem dwelt of the sons of Judah, and of the sons of Benjamin, and of the sons of Ephraim and Manasseh:
ယေရုရှလင်မြို့မှာနေသော ယုဒအမျိုး၊ ဗင်္ယာမိန် အမျိုး၊ ဧဖရိမ်နှင့် မနာရှေအမျိုးသားဟူမူကား၊
4 Uthai son of Ammihud, son of Omri, son of Imri, son of Bani, of the sons of Pharez, son of Judah.
ယုဒသား ဖာရက်အမျိုးအနွယ်၊ ဗာနိ၊ ဣမရိ၊ ဩမရိ၊ အမိဟုဒ်တို့မှ ဆင်းသက်သော ဥသဲတပါး၊
5 And of the Shilonite: Asaiah the first-born, and his sons.
ရှိလေနိအမျိုးဖြစ်သော သားဦးအသာယနှင့် သူ၏သားတစု၊
6 And of the sons of Zerah: Jeuel, and their brethren, six hundred and ninety.
ဇေရအမျိုးယွေလနှင့် သူ၏ညီအစ်ကိုတစု ပေါင်းခြောက်ရာ ကိုးဆယ်တည်း။
7 And of the sons of Benjamin: Sallu son of Meshullam, son of Hodaviah, son of Hassenuah,
ဗင်္ယာမိန်အမျိုးအနွယ်ဖြစ်သော ဟာသေနွာ၊ ဟောဒဝိ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
8 and Ibneiah son of Jeroham, and Elah son of Uzzi, son of Michri, and Meshullam son of Shephatiah, son of Reuel, son of Ibnijah.
ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သား ဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊
9 And their brethren, according to their generations, [are] nine hundred and fifty and six. All these [are] men, heads of fathers, according to the house of their fathers.
သားစဉ်မြေးဆက် စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုးရာငါးဆယ်ခြောက်ယောက်တည်း။ ဤသူ အပေါင်းတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။
10 And of the priests: Jedaiah, and Jehoiarib, and Jachin,
၁၀ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
11 and Azariah son of Hilkiah, son of Meshullam, son of Zadok, son of Meraioth, son of Ahitub, leader in the house of God;
၁၁အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ် အာဇရိတပါး၊
12 and Adaiah son of Jeroham, son of Pashhur, son of Malchijah, and Maasai son of Adiel, son of Jahzerah, son of Meshullam, son of Meshillemith, son of Immer.
၁၂မာလခိ၊ ပါရှုရ၊ ယေရောဟံတို့မှ ဆင်းသက် သော အဒါယနှင့် ဣမေရ၊ မေရှိလမုတ်၊ မေရှုလံ၊ ယာဇေရ၊ အဒေလတို့မှ ဆင်းသက်သော မာရှဲအစ ရှိသော၊
13 And their brethren, heads to the house of their fathers, a thousand and seven hundred and sixty, mighty in valour, [are] for the work of the service of the house of God.
၁၃အဆွေအမျိုးသူကြီး အမျိုးသားချင်း တထောင် ခုနစ်ရာခြောက်ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရား သခင်၏ အိမ်တော်အမှုကိုဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သောသူပေတည်း။
14 And of the Levites: Shemaiah son of Hashshub, son of Azrikam, son of Hashabiah, of the sons of Merari;
၁၄လေဝိသားမူကား၊ မေရာရိ အမျိုးအနွယ်ဖြစ် သော ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာရတပါး၊
15 and Bakbakkar, Heresh, and Galal, and Mattaniah son of Micah, son of Zichri, son of Asaph;
၁၅ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလသုံးပါး၊ အာသပ်၊ ဇိခရိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိတပါး၊
16 and Obadiah son of Shemariah, son of Galal, son of Jeduthun, and Berechiah, son of Asa, son of Elkanah, who is dwelling in the villages of the Netophathite.
၁၆ယေဒုသုံ၊ ဂလာလ၊ ရှေမာယတို့မှ ဆင်းသက် သော ဩဗဒိတပါး၊ နေတော ဖာသိရွာတို့တွင်နေသော ဧလကနသား အာသ၏သား ဗေရခိတပါးတည်း။
17 And the gatekeepers [are] Shallum, and Akkub, and Talmon, and Ahiman, and their brethren — Shallum [is] the head;
၁၇တံခါးစောင့်မူကား ရှလ္လုံ့၊ အက္ကုပ်၊ တာလမုန်၊ အဟိမန်အစရှိသော ညီအစ်ကိုတစု၊
18 and hitherto they [are] at the gate of the king eastward; they [are] the gatekeepers for the companies of the sons of Levi.
၁၈ရှလ္လုံသည် ရှင်ဘုရင်ဝင်သော အရှေ့တံခါးတွင် တံခါးမှူးဖြစ်၏။ ဤသူတို့သည် လေဝိသားအပေါင်း အသင်း၌ပါသော တံခါးစောင့်ပေတည်း။
19 And Shallum son of Kore, son of Ebiasaph, son of Korah, and his brethren, of the house of his father, the Korahites, [are] over the work of the service, keepers of the thresholds of the tent, and their fathers [are] over the camp of Jehovah, keepers of the entrance;
၁၉ကောရသိ အဆွေအမျိုး၊ ကောရ၊ ဧဗျာသပ်၊ ကောရတို့မှ ဆင်းသက်သော ရှလ္လုံနှင့်မိမိညီတို့သည် အမှုတော်စောင့်ရာတွင် တဲတော်တံခါးစောင့်ဖြစ်ကြ၏။ အဘတို့သည် ထာဝရဘုရား၏ ဗိုလ်ခြေတပ်ချရာတွင် တဲတော်ဦးစောင့်ဖြစ်ကြ၏။
20 and Phinehas son of Eleazar hath been leader over them formerly; Jehovah [is] with him.
၂၀ရှေးကာလဧလာဇာသား ဖိနဟတ်သည် ထိုသူတို့ ကိုအုပ်ရ၍၊ ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။
21 Zechariah son of Meshelemiah [is] gatekeeper at the opening of the tent of meeting.
၂၁မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေး ရာ တဲတော်တံခါးစောင့်ဖြစ်၏။
22 All of those who are chosen for gatekeepers at the thresholds [are] two hundred and twelve; they [are] in their villages, by their genealogy; they whom David and Samuel the seer appointed in their office.
၂၂တံခါးစောင့်အရာ၌ ခန့်ထားသောသူပေါင်းကား နှစ်ရာတဆယ်နှစ်ယောက်တည်း။ ထိုသူတို့သည် ဒါဝိဒ်နှင့် ပရောဖက်ရှမွေလခန့်ထားသော သားစဉ်မြေးဆက်အသီး အသီးနေသော ရွာ၌စာရင်းဝင်ကြ၏။
23 And they and their sons [are] over the gates of the house of Jehovah, even of the house of the tent, by watches.
၂၃ထိုသူ၏ သားစဉ်မြေးဆက်တို့သည် တဲတော်တည်းဟူသော ထာဝရဘုရား၏အိမ်တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။
24 At four sides are the gatekeepers, east, west, north, and south.
၂၄တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ ၌ စောင့်နေရကြ၏။
25 And their brethren in their villages [are] to come in for seven days from time to time with these.
၂၅ရွာတို့၌နေသော အပေါင်းအဘော်တို့သည် အလှည့်သင့်သည်အတိုင်း ခုနစ်ရက်၊ ခုနစ်ရက် လာရ ကြ၏။
26 For in office [are] the four chiefs of the gatekeepers, they are Levites, and they have been over the chambers, and over the treasuries of the house of God,
၂၆ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရ ကြ၏။
27 and round about the house of God they lodge, for on them [is] the watch, and they [are] over the opening, even morning by morning.
၂၇ထိုသို့စောင့်၍ နံနက်တိုင်းတံခါးကို ဖွင့်ရသော ကြောင့်၊ ဘုရားသခင်၏ အိမ်တော်ပတ်လည်၌ အိပ်ရ ကြ၏။
28 And [some] of them [are] over the vessels of service, for by number they bring them in, and by number they take them out.
၂၈အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာ များကို အရေအတွက်အတိုင်း သွင်းလျက် ထုတ်လျက် စောင့်ကြရ၏။
29 And [some] of them are appointed over the vessels, even over all the vessels of the sanctuary, and over the fine flour, and the wine, and the oil, and the frankincense, and the spices.
၂၉အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော် တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု ၍စောင့်ရကြ၏။
30 And [some] of the sons of the priests are mixing the mixture for spices.
၃၀ယဇ်ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီကို လုပ်ရကြ၏။
31 And Mattithiah, of the Levites (he [is] the first-born to Shallum the Korahite), [is] in office over the work of the pans.
၃၁လေဝိသား၊ ကောရသိအဆွေအမျိုးဖြစ်သော ရှလ္လုံ၏သားဦး မတ္တိသိသည် သံပြားဖြင့်ဖုတ်သော မုန့်မျိုး ကို စောင့်ရ၏။
32 And of the sons of the Kohathite, [some] of their brethren [are] over the bread of the arrangement, to prepare [it] sabbath by sabbath.
၃၂သူ၏ညီအစ်ကိုနှင့် အခြားသောကောရသိ အဆွေအမျိုးသားတို့သည် ဥပုသ်နေ့၌ ရှေ့တော်မုန့်ကို ပြင်ဆင်ရကြ၏။
33 And these who sing, heads of fathers of the Levites, in the chambers, [are] free, for by day and by night [they are] over them in the work.
၃၃သီချင်းဆိုသော သူလေဝိအဆွေအမျိုး သူကြီးတို့ သည် မိမိတို့အမှုကို နေ့ညဉ့်မပြတ်စောင့်ရသောကြောင့်၊ အိမ်တော်အခန်း၌နေ၍ အခြားသောအမှုနှင့်လွတ်ကြ၏။
34 These heads of the fathers of the Levites throughout their generations [are] heads. These have dwelt in Jerusalem.
၃၄ထိုလေဝိအဆွေအမျိုးသူကြီးတို့သည် အစဉ် အဆက်အကြီးအကဲဖြစ်၍ ယေရုရှလင်မြို့၌ နေရာ ကျကြ၏။
35 And in Gibeon dwelt hath the father of Gibeon, Jehiel, and the name of his wife [is] Maachah;
၃၅
36 and his son, the first-born, [is] Abdon, and Zur, and Kish, and Baal, and Ner, and Nadab,
၃၆
37 and Gedor, and Ahio, and Zechariah, and Mikloth.
၃၇
38 And Mikloth begat Shimeam, and they also, over-against their brethren, have dwelt in Jerusalem with their brethren.
၃၈
39 And Ner begat Kish, and Kish begat Saul, and Saul begat Jonathan, and Malchi-Shua, and Abinadab, and Esh-Baal.
၃၉
40 And a son of Jonathan [is] Merib-Baal, and Merib-Baal begat Micah.
၄၀
41 And sons of Micah: Pithon, and Melech, and Tahrea,
၄၁
42 and Ahaz — he begat Jaarah, and Jaarah begat Alemeth, and Azmaveth, and Zimri, and Zimri begat Moza,
၄၂
43 and Moza begat Binea, and Rephaiah [is] his son. Eleasah his son, Azel his son.
၄၃
44 And to Azel [are] six sons, and these their names: Azrikam, Bocheru, and Ishmael, and Sheariah, and Obadiah, and Hanan: these [are] sons of Azel.
၄၄

< 1 Chronicles 9 >