< Psalms 87 >
1 `The salm of the song of the sones of Chore. The foundementis therof ben in hooli hillis;
၁ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသော တောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။
2 the Lord loueth the yatis of Sion, more than alle the tabernaclis of Jacob.
၂ထာဝရဘုရားသည် ယာကုပ်၏ နေရာအပေါင်း တို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။
3 Thou citee of God, with outen ende; gloriouse thingis ben seide of thee.
၃အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက် ရှိ၏။
4 I schal be myndeful of Raab, and Babiloyne; knowynge me. Lo! aliens, and Tyre, and the puple of Ethiopiens; thei weren there.
၄ငါ့ကိုသိကျွမ်းသော သူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သော ပြည်သားသည် မြို့တော်၌ ဘွားမြင်သောသူဖြစ်၏။
5 Whether a man schal seie to Sion, And a man is born ther ynne; and that man altherhiyeste foundide it?
၅ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဘွားမြင်ကြပြီ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။
6 The Lord schal telle in the scripturis of puplis; and of these princis, that weren ther ynne.
၆ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော် မူသောအခါ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။
7 As the dwellyng `of alle that ben glad; is in thee.
၇သီချင်းသည်နှင့်ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်း ရှိသမျှတို့သည် သင်၌ရှိကြ သတည်း။