< Psalms 81 >
1 To the ouercomer in the pressours of Asaph. Make ye fulli ioye to God, oure helpere; synge ye hertli to God of Jacob.
၁ငါတို့ အစွမ်းသတ္တိတည်းဟူသော ဘုရားသခင် အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသော အသံကို ပြုကြလော့။
2 Take ye a salm, and yyue ye a tympan; a myrie sautere with an harpe.
၂တုရိယာမျိုးကိုဆောင်ကြ။ ပတ်သာကို၎င်း၊ သာယာသော စောင်းနှင့်တယောကို၎င်း ယူခဲ့ကြ။
3 Blowe ye with a trumpe in Neomenye; in the noble dai of youre solempnite.
၃လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုး မှုတ်ကြ။
4 For whi comaundement is in Israel; and doom is to God of Jacob.
၄ထိုသို့ ဣသရေလအမျိုး၌ထုံးဖွဲ့၍၊ ယာကုပ် အမျိုး၏ ဘုရားသခင်သည် ဆုံးဖြတ်တော်မူ၏။
5 He settide that witnessing in Joseph; whanne he yede out of the lond of Egipt, he herde a langage, which he knew not.
၅နားမလည်သော စကားကိုကြားရာအရပ်၊ အဲဂုတ္တုပြည်တဘက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သော သက်သေခံချက်ကို စီရင် တော်မူ၏။
6 He turnede a wei his bak fro birthens; hise hondis serueden in a coffyn.
၆ငါသည်သူ၏ ပခုံးကိုဝန်နှင့် လွတ်စေ၏။ သူ၏ လက်ကိုလည်း တင်ခြင်းတို့ အထဲက နှုတ်ယူ၏။
7 In tribulacioun thou inwardli clepidist me, and Y delyuerede thee; Y herde thee in the hid place of tempest, Y preuede thee at the water of ayenseiyng.
၇သင်သည်ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည်ချမ်းသာပေး၏။ မထင်ရှားသော မိုဃ်းကြိုးနေရာ ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကို ငါစုံစမ်း၏။
8 My puple, here thou, and Y schal be witnesse ayens thee;
၈ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကို နားထောင် ပါစေသော။
9 Israel, if thou herist me, a fresche God schal not be in thee, and thou schalt not worschipe an alien god.
၉သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်း တနိုင်ငံဘုရားကို မကိုးကွယ်ရ။
10 For Y am thi Lord God, that ladde thee out of the lond of Egipt; make large thi mouth, and Y schal fille it.
၁၀ငါသည်သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာ ကျွေး မည်။
11 And my puple herde not my vois; and Israel yaue not tente to me.
၁၁ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင် ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။
12 And Y lefte hem aftir the desiris of her herte; thei schulen go in her fyndyngis.
၁၂ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာ ခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
13 If my puple hadde herde me; if Israel hadde go in my weies.
၁၃ငါ၏လူစုသည် ငါ့စကားကို နားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။
14 For nouyt in hap Y hadde maad low her enemyes; and Y hadde send myn hond on men doynge tribulacioun to hem.
၁၄လိုက်လျှင် ငါသည်သူတို့ရန်သူများကို အလျင် အမြန် နှိပ်စက်၍၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ် မည်။
15 The enemyes of the Lord lieden to hym; and her tyme schal be in to worldis.
၁၅ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်း ပန်ခြင်းကို ပြု၍၊ ငါ၏လူတို့သည်လည်း၊ အစဉ်အမြဲ တည်ရသော အခွင့်ရှိကြလိမ့်မည်။
16 And he fedde hem of the fatnesse of whete; and he fillide hem with hony of the stoon.
၁၆အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲက ထွက်သောပျားရည်နှင့်လည်း ဝပြော စေမည်။