< Psalms 26 >

1 `To Dauid. Lord, deme thou me, for Y entride in myn innocens; and Y hopynge in the Lord schal not be made vnstidfast.
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက်သောကြောင့်၊ အကျွန်ုပ်ဘက်၌ တရား စီရင်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို ခိုလှုံ၍၊ ရွေ့လျားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
2 Lord, preue thou me, and asaie me; brenne thou my reynes, and myn herte.
အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍၊ နှလုံး ကျောက်ကပ်ကို ဆေးကြောတော်မူပါ။
3 For whi thi merci is bifor myn iyen; and Y pleside in thi treuthe.
အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက် မှောက်ပြု၍၊ သစ္စာတရားတော်နှင့်အညီ ကျင့်ပါ၏။
4 I sat not with the counsel of vanyte; and Y schal not entre with men doynge wickid thingis.
လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ။
5 I hatide the chirche of yuele men; and Y schal not sitte with wickid men.
မတရားသောသူတို့၏ စည်းဝေးခြင်းကို မုန်းပါ ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။
6 I schal waische myn hondis among innocentis; and, Lord, Y schal cumpasse thin auter.
ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊
7 That Y here the vois of heriyng; and that Y telle out alle thi merueils.
အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြား ပြောခြင်းငှါ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက် နေပါသည်၊ ထာဝရဘုရား။
8 Lord, Y haue loued the fairnesse of thin hows; and the place of the dwellyng of thi glorie.
အိုထာဝရဘုရား၊ အိမ်တော်သည် အိမ်တော် တည်ရာကို၎င်း၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကို ၎င်း အကျွန်ုပ်နှစ်သက်ပါ၏။
9 God, leese thou not my soule with vnfeithful men; and my lijf with men of bloodis.
ပြစ်မှားသောသူတို့နှင့်အတူ အကျွန်ုပ်၏ ဝိညာဉ် ကို၎င်း၊ လူအသက်ကိုသတ်သော သူတို့နှင့်အတူ အကျွန်ုပ် အသက်ကို၎င်း ချုပ်ထားတော်မမူပါနှင့်။
10 In whose hondis wyckidnessis ben; the riythond of hem is fillid with yiftis.
၁၀သူတို့လက်သည် မကောင်းသောအကြံအစည်၌ ကျင်လည်၍၊ သူတို့လက်ျာလက်သည်လည်း တံစိုးနှင့် ပြည့်ဝပါ၏။
11 But Y entride in myn innocens; ayenbie thou me, and haue merci on me.
၁၁အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မသနားတော်မူပါ။
12 Mi foot stood in riytfulnesse; Lord, Y schal blesse thee in chirchis.
၁၂အကျွန်ုပ်သည် ညီညွတ်သောအရပ်၌ နေရာ ကျ၍၊ ပရိသတ်အလယ်မှာ ထာဝရဘုရားကို ကောင်းကြီး ပေးပါမည်။

< Psalms 26 >