< Psalms 2 >
1 Whi gnastiden with teeth hethene men; and puplis thouyten veyn thingis?
၁လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။
2 The kyngis of erthe stoden togidere; and princes camen togidere ayens the Lord, and ayens his Crist?
၂လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊
3 Breke we the bondis of hem; and cast we awei the yok of hem fro vs.
၃သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ၏။
4 He that dwellith in heuenes schal scorne hem; and the Lord schal bimowe hem.
၄ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏။
5 Thanne he schal speke to hem in his ire; and he schal disturble hem in his stronge veniaunce.
၅ထိုအခါအမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော် မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည်။
6 Forsothe Y am maad of hym a kyng on Syon, his hooli hil; prechynge his comaundement.
၆ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည်။
7 The Lord seide to me, Thou art my sone; Y haue gendrid thee to dai.
၇ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။
8 Axe thou of me, and Y schal yyue to thee hethene men thin eritage; and thi possessioun the termes of erthe.
၈ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
9 Thou schalt gouerne hem in an yrun yerde; and thou schalt breke hem as the vessel of a pottere.
၉သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
10 And now, ye kyngis, vndurstonde; ye that demen the erthe, be lerud.
၁၀သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။
11 Serue ye the Lord with drede; and make ye ful ioye to hym with tremblyng.
၁၁ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှု တော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့။
12 Take ye lore; lest the Lord be wrooth sumtyme, and lest ye perischen fro iust waie. Whanne his `ire brenneth out in schort tyme; blessed ben alle thei, that tristen in hym.
၁၂သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည်လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ၏။