< Matthew 24 >

1 And Jhesus wente out of the temple; and his disciplis camen to hym, to schewe hym the bildyngis of the temple.
ယေရှု သည် ဗိမာန် တော်မှ ထွက်ကြွ တော်မူသည်ရှိ သော်၊ တပည့် တော်တို့သည် ဗိမာန် တော်၏ တိုက်ဆောင် များကို ပြ ခြင်းငှာအထံ တော်သို့ ချဉ်းကပ် ကြ၏။
2 But he answeride, and seide to hem, Seen ye alle these thingis? Treuli Y seie to you, a stoon schal not be left here on a stoon, that ne it schal be destried.
ယေရှု ကလည်း ၊ ဤ အရာအလုံးစုံ ကို သင် တို့သည်မြင် ကြသည်မ ဟုတ်လော။ ငါအမှန် ဆို သည်ကား၊ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခုမျှမ တည် မနေရ ဟု မိန့် တော်မူ၏။
3 And whanne he satte on the hille of Olyuete, hise disciplis camen to hym priueli, and seiden, Seie vs, whanne these thingis schulen be, and what token of thi comyng, and of the ending of the world. (aiōn g165)
ထိုနောက် သံလွင် တောင် ပေါ်မှာ ထိုင် တော်မူစဉ်၊ တပည့် တော်တို့သည် အခြား သူမပါဘဲချဉ်းကပ် ၍၊ ထို အမူအရာတို့သည် အဘယ် ကာလမှ ဖြစ် မည်ကို၎င်း၊ ကိုယ်တော် သည်ကြွလာ ၍ ဤ ကပ်ကမ္ဘာကုန် သော ပုပ္ပ နိမိတ်သည် အဘယ် နိမိတ်ဖြစ်မည်ကို၎င်း အမိန့် ရှိတော်မူပါဟု လျှောက် ကြ၏။ (aiōn g165)
4 And Jhesus answeride, and seide to hem, Loke ye, that no man disseyue you.
ယေရှု ကလည်း ၊ သင် တို့ကို အဘယ်သူ မျှ မ လှည့်ဖြား စေခြင်းငှာသတိပြု ကြလော့။
5 For many schulen come in my name, and schulen seie, Y am Crist; and thei schulen disseyue manye.
အများ သောသူတို့က၊ ငါ သည် ခရစ်တော် ဖြစ် ၏ဟု ဆို လျက်၊ ငါ ၏အယောင် ကိုဆောင် ၍ ပေါ်လာ သဖြင့် လူအများ တို့ကို လှည့်ဖြား ကြလိမ့်မည်။
6 For ye schulen here batels, and opyniouns of batels; se ye that ye be not disturblid; for it byhoueth these thingis to be don, but not yit is the ende.
သင်တို့သည် စစ်တိုက် ခြင်းအကြောင်းကို၎င်း ၊ စစ်တိုက် အံ့သော သိတင်း စကားကို၎င်း ကြား ရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်းမ ရှိ စေခြင်းငှာသတိပြု ကြလော့။ ထိုအမူအရာ များသည်ဖြစ်ရ မည်။ သို့သော်လည်း အဆုံး သည်မ ဖြစ် သေး။
7 Folk schal rise togidere ayens folc, and rewme ayens rewme, and pestilences, and hungris, and the erthemouyngis schulen be bi placis;
လူ တစ်မျိုးနှင့်တစ်မျိုးတစ်နိုင်ငံ နှင့်တစ်နိုင်ငံရန်ဘက် ပြုကြလိမ့်မည်။ အရပ်ရပ် တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ် ကြလိမ့်မည်။
8 and alle these ben bigynnyngis of sorewes.
ထို အမူအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏အစအဦး ပင်ဖြစ်သတည်း။
9 Thanne men schulen bitake you in to tribulacion, and schulen sle you, and ye schulen be in hate to alle folk for my name.
ထို ကာလ၌ လူများတို့သည် သင် တို့ကိုညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံ ကြလိမ့်မည်။ ငါ ၏နာမ ကြောင့် လည်း ခပ်သိမ်း သောလူမျိုး တို့သည် သင်တို့ကို မုန်း ကြလိမ့်မည်။
10 And thanne many schulen be sclaundrid, and bitraye ech other, and thei schulen hate ech other.
၁၀ထို ကာလ၌ အများ သောသူတို့သည် ဖောက်ပြန် ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ် ကြလိမ့်မည်။
11 And many false prophetis schulen rise, and disseyue manye.
၁၁အချင်းချင်း မုန်း ကြလိမ့်မည်။ မိစ္ဆာ ပရောဖက်အများ တို့သည် ပေါ်လာ ၍ လူအများ တို့ကို လှည့်ဖြား ကြ လိမ့်မည်။
12 And for wickidnesse schal `be plenteuouse, the charite of manye schal wexe coold;
၁၂မတရား သောအမှုတို့သည်များပြား သဖြင့် အများ သောသူ တို့၏ ချစ် ခြင်းမေတ္တာသည် ခေါင်းပါး လိမ့်မည်။
13 but he that schal dwelle stable in to the ende, schal be saaf.
၁၃အကြင်သူ သည် အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည် ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။
14 And this gospel of the kyngdom schal be prechid in al the world, in witnessyng to al folc;
၁၄လူမျိုး အပေါင်း တို့အားသက်သေ ဖြစ်မည်အကြောင်း နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ တို့၌ ဟော ရလိမ့်မည်။ သို့ပြီးမှ အဆုံး သည်ဖြစ် လတံ့။
15 and thanne the ende schal come. Therfor whanne ye se the abhomynacioun of discomfort, that is seid of Danyel, the prophete, stondynge in the hooli place; he that redith, vndirstonde he;
၁၅ထို့ကြောင့် ပရောဖက် ဒံယေလ ဟော သည်အတိုင်း ဖျက်ဆီး တတ်သောရွံ့ရှာဘွယ် အရာ သည် သန့်ရှင်း သောအရပ် ဌာန၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။
16 thanne thei that ben in Judee, fle to the mounteyns; and he that is in the hous roof,
၁၆ထိုသို့ မြင်ရလျှင်၊ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။
17 come not doun to take ony thing of his hous; and he that is in the feeld,
၁၇အိမ်မိုး ပေါ်မှာ ရှိသောသူ သည် အိမ် ထဲက ဥစ္စာ ကိုယူ ခြင်းငှာမ ဆင်း စေနှင့်။
18 turne not ayen to take his coote.
၁၈လယ် ၌ ရှိသောသူ လည်း မိမိ အဝတ် ကို ယူ ခြင်းငှာနောက် သို့ မ ပြန် စေနှင့်။
19 But wo to hem that ben with child, and nurischen in tho daies.
၁၉ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။
20 Preye ye, that youre fleyng be not maad in wynter, or in the saboth.
၂၀သင် တို့ ပြေး ရသောအချိန်သည် ဆောင်း ကာလ၌မ ကျ၊ ဥပုသ်နေ့ ၌လည်းမ ကျ မည်အကြောင်း ဆုတောင်း ကြလော့။
21 For thanne schal be greet tribulacioun, what maner `was not fro the bigynnyng of the world to now, nether schal be maad.
၂၁အကြောင်းမူကား ၊ ကမ္ဘာ ဦး မှစ၍ ယခု တိုင်အောင် မ ဖြစ် စဖူး၊ နောက်၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ဒုက္ခ သည် ထိုကာလ၌ဖြစ် လိမ့်မည်။
22 And but tho daies hadden be abreggide, ech flesch schulde not be maad saaf; but tho daies schulen be maad schort, for the chosun men.
၂၂ထို ကာလ တာရှည် လျှင် အဘယ်သူမျှမ လွတ် နိုင်ရာ။ ရွေးချယ် သောသူ တို့အဘို့ အလို့ငှာထို ကာလ သည် တို လိမ့်မည်။
23 Thanne if ony man seie to you, Lo! here is Crist, or there, nyle ye bileue.
၂၃ထိုအခါ သူတစ်ပါး က ဤ အရပ်၌ ခရစ်တော် ရှိသည်၊ ထို အရပ်၌ရှိသည်ဟု ဆို သော်လည်း မ ယုံ ကြနှင့်။
24 For false Cristis and false prophetis schulen rise, and thei schulen yyue grete tokenes and wondrys; so that also the chosun be led in to erroure, if it may be done.
၂၄အကြောင်းမူကား ၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ် သောသူ တို့ကိုပင် လှည့်ဖြားနိုင် လျှင် လှည့်ဖြား လောက်အောင် ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ကြလိမ့်မည်။
25 Lo! Y haue bifor seid to you.
၂၅ထိုအကြောင်းအရာတို့ကို ငါပြော နှင့်ပြီ။
26 Therfor if thei seie to you, Lo! he is in desert, nyle ye go out; lo! in priuey placis, nyle ye trowe.
၂၆ထို့ကြောင့် သူတို့ကခရစ်တော်သည် တော ၌ ရှိ သည်ဟုဆို သော်လည်း မ ထွက် မသွားကြနှင့်။ တိုက်ခန်း ၌ ရှိ သည်ဟု ဆိုသော်လည်းမ ယုံ ကြနှင့်။
27 For as leit goith out fro the eest, and apperith in to the weste, so schal be also the coming of mannus sone.
၂၇လျှပ်စစ် သည် အရှေ့ မှ ပြက် ၍အနောက် တိုင်အောင် ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် ကြွလာ တော်မူလတံ့ ။
28 Where euer the bodi schal be, also the eglis schulen be gaderid thidur.
၂၈အသေ ကောင်ရှိ ရာ၌ ရွှေလင်းတ တို့သည် စုဝေး ကြလတံ့။
29 And anoon after the tribulacioun of tho daies, the sunne schal be maad derk, and the moone schal not yyue hir liyt, and the sterris schulen falle fro heuene, and the vertues of heuenes schulen be moued.
၂၉ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက် ရုတ်ခနဲ နေ သည်မိုက် လိမ့်မည်။ လ သည် အရောင် ကိုမ ပေး ။ ကြယ် တို့သည် ကောင်းကင် မှ ကျ ကြလိမ့်မည်။ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။
30 And thanne the tokene of mannus sone schal appere in heuene, and thanne alle kynredis of the erthe schulen weile; and thei schulen see mannus sone comynge in the cloudis of heuene, with miche vertu and maieste.
၃၀ထိုအခါ လူ သား ၏နိမိတ် လက္ခဏာသည် ကောင်းကင် ၌ ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာလူ အပေါင်း တို့သည် ငိုကြွေး မြည်တမ်းကြ၍ ၊ လူ သား သည်ကြီးစွာ သောဘုန်း တန်ခိုး အာနုဘော်ကိုဆောင်လျက် ၊ မိုး တိမ် ကိုစီး ၍ ကြွလာ တော်မူသည်ကိုမြင် ရကြလိမ့်မည်။
31 And he schal sende hise aungels with a trumpe, and a greet vois; and thei schulen gedere hise chosun fro foure wyndis, fro the hiyest thingis of heuenes to the endis of hem.
၃၁လူသားသည် မိမိ တမန် တို့ကိုစေလွှတ် ၍ တံပိုး ခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့် ၊ သူတို့သည် ရွေးချယ် တော်မူသောသူ တို့ကို အရပ် လေး မျက်နှာ၊ ကောင်းကင် အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံး ကြလတံ့။
32 And lerne ye the parable of a fige tre. Whanne his braunche is now tendir, and the leeues ben sprongun, ye witen that somer is nyy;
၃၂သင်္ဘော သဖန်းပင်ကို အစွဲပြု၍ ပုံ သက်သေတစ်ခုကိုမှတ် ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက် နု ၍ အရွက် ပေါက် သောအခါ နွေ ကာလနီး သည်ကို သင်တို့သိ ကြ၏။
33 `so and ye whanne ye seen alle these thingis, wite ye that it is nyy, in the yatis.
၃၃ထိုနည်းတူ ၊ ထို အကြောင်းအရာအလုံးစုံ တို့ကိုမြင် ရလျှင် လူသားသည်တံခါးဝ တိုင်အောင် အနီး သို့ ရောက် တော်မူသည်ကို သိမှတ် ကြလော့။
34 Treuli Y seie to you, for this generacioun schal not passe, til alle thingis be don;
၃၄ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ များမ ကုန် မှီ ထို အကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။
35 heuene and erthe schulen passe, but my wordis schulen not passe.
၃၅ကောင်းကင် နှင့် မြေကြီး မ တည်သော်လည်း ငါ့ စကား တည် လိမ့်မည်။
36 But of thilke dai and our no man wote, nethir aungels of heuenes, but the fadir aloone.
၃၆ထို အချိန် နာရီ ကိုကား အဘယ်သူ မျှမ သိ ။ ကောင်းကင် တမန် မ သိ။ ငါ့ခမည်းတော် တစ်ပါးတည်း သာ သိ တော်မူ၏။
37 But as it was in the daies of Noe, so schal be the comyng of mannus sone.
၃၇လူ သား သည် ကြွလာ သောအခါနောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ ဖြစ် လိမ့်မည်။
38 For as in the daies bifore the greet flood, thei weren etynge and drynkynge, weddynge and takynge to weddyng, to that dai, that Noe entride in to the schippe;
၃၈ရေ လွှမ်းမိုးခြင်းမ ဖြစ်မှီကာလ ၌ နောဧ သည် သင်္ဘော ထဲသို့ ဝင် သောနေ့ တိုင်အောင် လူများတို့သည် စား သောက် လျက် ၊ ထိမ်းမြား စုံဘက် လျက်နေ၍ ၊
39 and thei knewen not, til the greet flood cam, and took alle men, so schal be the comyng of mannus sone.
၃၉ရေ လွှမ်းမိုးခြင်းရောက် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင် ပယ်ရှင်းသည်တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ ၊ လူ သား ကြွလာ သောအခါ၌ ဖြစ် လိမ့်မည်။
40 Thanne tweyne schulen be in o feeld, oon schal be takun, and another left;
၄၀ထိုအခါ လယ် ၌ ရှိ သော သူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရ လတံ့။
41 twey wymmen schulen be gryndynge in o queerne, oon schal be takun, and `the tother left; tweyn in a bedde, `the toon schal be takun, and the tother left.
၄၁ကြိတ်ဆုံ ကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
42 Therfor wake ye, for ye witen not in what our the Lord schal come.
၄၂သင် တို့အရှင် သည် အဘယ် အချိန်နာရီ ၌ရောက်လာ မည်ကို သင်တို့မ သိ သောကြောင့် စောင့် နေကြ လော့။
43 But wite ye this, that if the hosebonde man wiste in what our the thefe were to come, certis he wolde wake, and suffre not his hous to be vndurmyned.
၄၃သူခိုး လာ မည်အချိန် နာရီကို အိမ်ရှင် သိ ရလျှင် ၊ မိမိ အိမ် ကိုမ ထွင်း မဖောက်စေခြင်းငှာ၊ စောင့် နေလိမ့်မည်ကို သင်တို့သိ ကြ၏။
44 And therfor be ye redi, for in what our ye gessen not, mannus sone schal come.
၄၄ထိုကြောင့် သင် တို့သည်ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့ မ ထင် မမှတ်သော အချိန် နာရီ၌ လူ သား သည်ကြွလာ လိမ့်မည်။
45 Who gessist thou is a trewe seruaunt and prudent, whom his lord ordeyned on his meynee, to yyue hem mete in tyme?
၄၅အရှင်သည် မိမိ အိမ်သူ အိမ်သားအပေါင်းတို့အား အချိန်တန် လျှင် အစား အသောက်တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍၊ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့် ၎င်း ပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။
46 Blessed is that seruaunt, whom `his lord, whanne he schal come, schal fynde so doynge.
၄၆အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။
47 Treuli Y seye to you, for on alle his goodis he schal ordeyne hym.
၄၇ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။
48 But if thilke yuel seruaunt seie in his herte, My lord tarieth to come,
၄၈သို့မဟုတ် မူကား ၊ အကြင်ကျွန် ဆိုး က ငါ့ အရှင် လာ ခဲလိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည်။
49 and bigynneth to smyte hise euen seruauntis, and ete, and drynke with drunken men;
၄၉ကျွန်ချင်း တို့ကို ရိုက်ပုတ် လျက် သေသောက်ကြူး သောသူ တို့နှင့်တကွ စား သောက် လျက်နေ၏။
50 the lord of that seruaunt schal come in the dai which he hopith not, and in the our that he knowith not,
၅၀ထို ကျွန် မ ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည်ရောက်လာ လျှင်၊
51 and schal departe hym, and putte his part with ypocritis; there schal be wepyng, and gryntyng of teeth.
၅၁ထိုကျွန် သည် ပြင်းပြစွာကွပ်မျက် ဆုံးမ၍ ၊ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာအရပ် ၌ လျှို့ဝှက် သော သူ တို့နှင့်တကွ နေရာ ချ လတံ့။

< Matthew 24 >