< Joshua 2 >
1 Therfor Josue, the sone of Nun, sente fro Sethym twei men, aspieris in hiddlis, and seide to hem, Go ye, and biholde ye the lond, and the citee of Jerico. Whiche yeden, and entriden into the hous of a womman hoore, `Raab bi name, and restiden at hir.
၁နုန် ၏သား ယောရှု သည် သူလျှို နှစ် ယောက်ကို ရှိတ္တိမ် မြို့မှ တိတ်ဆိတ် စွာစေလွှတ် လျက်၊ ခါနာန်ပြည် ယေရိခေါ မြို့ကို သွား ၍ ကြည့်ရှု ကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင်ရာခပ် အမည် ရှိသော ပြည်တန်ဆာ မိန်းမ အိမ် သို့ ဝင် ၍ နေ လေ၏။
2 And it was teld, `and seid to the kyng of Jerico, Lo! men of the sones of Israel entriden hidir bi nyyt, to aspie the lond.
၂ပြည်သားအချို့တို့ကလည်း၊ ဤပြည် ကို စူးစမ်း ခြင်းငှါ ဣသရေလ အမျိုးသား အချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါ မင်းကြီး အား လျှောက် ကြားကြသည် ရှိသော်၊
3 Therfor the kyng of Jerico sente to Raab the hoore, and seide, Brynge out the men, that camen to thee, and entriden in to thin hous; for thei ben aspieris, and thei camen to biholde al the lond.
၃ယေရိခေါ မင်းကြီး သည် ရာခပ် အား သင့် ဆီ သို့ ရောက် လာ၍၊ သင့် အိမ် သို့ ဝင် သောသူ တို့ကို အပ် လော့။ သူတို့သည် တပြည်လုံး ကို စူးစမ်း ခြင်းငှါ ရောက် လာပြီဟု အမိန့်တော်နှင့် စေလွှတ် လေ၏။
4 And the womman took the men, and hidde hem, and seide, Y knowleche, thei camen to me, but Y wiste not of whenus thei weren;
၄ရာခပ်သည် ထိုသူ နှစ် ယောက်တို့ကို ဝှက် ထားနှင့်ပြီးမှ ကျွန်မ ဆီ သို့ လူ ရောက် သည် မှန် ပါ၏။ သို့ရာတွင် အဘယ် အရပ်က လာသည်ကို မ သိ ပါ။
5 and whanne the yate was closid in derknessis, and thei yeden out to gidire, Y noot whidur thei yeden; pursue ye soone, and ye schulen take hem.
၅မိုဃ်းချုပ် ၍ တံခါး ပိတ် ချိန်ရှိ သောအခါ ၊ သူ တို့ သည် ထွက် သွားကြပါ၏။ အဘယ် အရပ်သို့ ထွက် သွားသည်ကို မ သိ ပါ။ အလျင်အမြန် လိုက် ကြလော့။ မှီ ကောင်း မှီပါလိမ့်မည်ဟု ပြန် ပြော၏။
6 Forsothe sche made the men to stie in to the soler of hir hows, and hilide hem with stobil of flex, that was there.
၆သို့ဆိုသော်လည်း ထိုသူ တို့ကို အိမ် အပေါ် သို့ တက်စေ၍ ၊ အမိုး ပေါ် မှာဖြန့် ထားသော ပိုက်ဆန် ရိုး ထဲ ၌ဝှက် ထားနှင့်ပြီ။
7 Sotheli thei, that weren sent, sueden hem bi the weie that ledith to the fordis of Jordan; and whanne thei weren goon out, anoon the yate was closid.
၇မင်းလုလင် တို့သည် ယော်ဒန် မြစ်ကူး ရာလမ်း သို့ လိုက် ကြ၏။ မြို့ပြင် သို့ရောက်ကြပြီးမှ မြို့တံခါး များကို ပိတ် ကြ၏။
8 Thei that weren hid, slepten not yit, and lo! the womman stiede to hem, and seide,
၈သူလျှို တို့သည် မ အိပ် မှီ မိန်းမ သည် သူ တို့ရှိရာ အိမ်မိုး ပေါ် သို့ တက် ၍၊
9 Y knowe that the Lord hath bitake to you this lond; for youre feerdfulnesse felde in to vs, and alle the dwelleris of the lond `weren sike.
၉ထာဝရဘုရား သည် သင် တို့အား ဤပြည် ကိုပေး တော်မူကြောင်း ကို၎င်း ၊ သင် တို့ကို ငါ တို့ကြောက်လန့် အားကြီး၍ သင် တို့ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် ကြောင်း ကို၎င်းကျွန်မသိ ပါ၏။
10 We herden, that the Lord driede the watris of the Reed See at youre entryng, whanne ye yeden out of Egipt; and what thingis ye diden to twei kyngis of Ammorreis, that weren biyende Jordan, to Seon and Og, whiche ye killiden;
၁၀သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ ဧဒုံ ပင်လယ်ရေ ကို ထာဝရဘုရား ခန်းခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန် မြစ်တဘက် ၌နေ၍ သင်တို့ရှင်းရှင်းဖျက်ဆီး သော အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ သင်တို့ပြု သောအမှု ကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
11 and we herden these thingis, and we dredden, and oure herte `was sike, and spirit dwellide not in vs at youre entryng; for youre Lord God hym silf is God in heuene aboue, and in erthe bynethe.
၁၁ထိုသိတင်းကိုကြား သောအခါ ၊ အကျွန်ုပ် တို့သည် စိတ်ပျက် ၍ သင် တို့ကြောင့် တစုံတယောက် သောသူ၌ မျှ ရဲရင့်ခြင်းသတ္တိ အလျှင်း မ ကျန် ကြွင်းပါ။ အကြောင်းမူကား ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အထက် ကောင်းကင် ဘုံ၌ ၎င်း၊ အောက် အရပ်မြေကြီး ၌ ၎င်း၊ အစိုးရသောဘုရား သခင်ဖြစ်တော်မူ၏။
12 Now therfor swere ye to me bi the Lord God, that as Y dide merci with you, so and ye do with the hows of my fadir; and yyue ye to me a veri signe,
၁၂သို့ဖြစ်၍ သင် တို့၌ ကျွန်မသည် ကျေးဇူး ပြု သောကြောင့် သင်တို့သည် ကျွန်မ ပေါက်ဘော် တို့၌ ကျေးဇူး ပြု ၍၊
13 that ye saue my fadir and modir, and my britheren and sistris, and alle thingis that ben herne, and dilyuere oure lyues fro deeth.
၁၃ကျွန်မ မိဘ ၊ ညီအစ်မ ၊ မောင် အစရှိသောသူ တို့ နှင့်ဆိုင်သမျှ သောသူ တို့ ကို မသတ်ဘဲ အသက် ချမ်းသာပေးမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ကြပါ။ မှန် သောလက္ခဏာ သက်သေကိုလည်း ပေး ခဲ့ကြပါဟုဆို လျှင်၊
14 Whiche answeriden to hir, Oure lijf be for you in to deeth, if netheles thou bitraiest not vs; and whanne the Lord hath bitake to vs the lond, we schulen do mercy and treuthe in thee.
၁၄ထိုသူတို့က၊ သင်သည် ငါ တို့အမှု ကို မ ဘော် မပြ လျှင် သင့် အသက်အတွက် ငါ တို့အသက် သည် အာမခံ ဖြစ်စေတော့။ ဤပြည် ကို ထာဝရဘုရား ပေး တော်မူသောအခါ ၊ သင် ၌ သစ္စာ စောင့်၍ ကျေးဇူး ပြု မည်ဟု ဝန်ခံ ကြ၏။
15 Therfor sche let hem doun fro the wyndow bi a corde; for hir hows cleuyde to the wal.
၁၅ထိုမိန်းမ နေ ရာ အိမ် သည် မြို့ရိုး နားမှာရှိသောကြောင့် ၊ ထိုသူ တို့ကို ပြတင်းပေါက် က ကြိုး နှင့် လျှော့ချ လျက်၊
16 And sche seide to hem, Stie ye to the hilli places, lest perauenture men turnynge ayen meete you; and be ye hidde there three daies, til thei comen ayen; and so ye schulen go bi youre weie.
၁၆သင် တို့သည် လိုက် ၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်းတောင် ပေါ်သို့ ပြေး ၍ သုံး ရက် ပုန်း နေကြ ပါ။ ရှာ သောသူတို့သည် ပြန် သောနောက် မှသွား ကြပါဟု ဆို လျှင်၊
17 Whiche seiden to hir, We schulen be giltles of this ooth, bi which thou hast chargid vs,
၁၇ထိုသူတို့က၊ သင်သည် ကျိန်ဆို စေသောအကျိန် ကြောင့် ၊ ငါ တို့၌ အပြစ် မရောက်ပါစေနှင့်။
18 if, whanne we entren in to the lond, this reed corde is not a signe, and thou byndist it not in the wyndow, bi which thou lettist vs doun; and thou gaderist not in to thi hows thi fadir and modir, and britheren, and al thi kynrede; the blood of hym schal be on his heed,
၁၈ဤပြည် သို့ ငါ တို့ရောက် လာသောအခါ ၊ ယခု လျှော့ချ သော ပြတင်းပေါက် ၌ ဤ ကြိုး နီကို ချည် ထား၍ ၊ သင့် မိဘ ၊ သင့် မောင် များနှင့် ပေါက်ဘော် များအပေါင်း တို့ ကို သင့် အိမ် ၌ ခေါ် ထားရမည်။
19 that goith out at the dore of thin hows, and we schulen be alien, that is, giltles; forsothe the blood of alle men that ben in the hows with thee, schal turne in to oure heed, if ony man touchith hem.
၁၉ထိုအခါ သင့် အိမ် ထဲက လမ်း သို့ ထွက်သွား သော သူ မည်သည်ကား၊ သေလျှင်သေ ပြစ်ကို ကိုယ်တိုင် ခံ စေ၊ ငါ တို့သည် အပြစ် လွတ်စေ။ သင့် အိမ် ၌ ရှိ သောသူ မည်သည်ကို အသေ သတ်လျှင် သေ ပြစ်ကို ငါ တို့သည် ခံ စေ။
20 `That if thou wolt betraie vs, and brynge forth in to the myddis this word, we schulen be cleene of this ooth, bi which thou hast chargid vs.
၂၀ငါ တို့အမှု ကိုလည်း သင်သည် ဘော်ပြ လျှင် ၊ သင် ယခုကျိန်ဆို စေသော အကျိန် နှင့် ငါ တို့သည် လွတ် စေ ဟုဆိုလျှင်၊
21 And sche answeride, As ye han spoke, so be it doon. And sche lefte hem, that thei schulden go, and sche hangide a reed corde in her wyndow.
၂၁မိန်းမက၊ သင် တို့စကား ရှိသည်အတိုင်း ဖြစ်ပါစေတော့ဟု ဝန်ခံ လျက် လွှတ် လိုက်၍ သူတို့သည် သွား ကြ ၏။ မိန်းမသည်လည်း ထိုကြိုး နီကို ပြတင်းပေါက် ၌ ချည် ထားလေ၏။
22 Sotheli thei yeden, and camen to the hilli places, and dwelliden there three daies, til thei turneden ayen that pursueden; for thei souyten bi ech weie, and founden not hem.
၂၂ထို သူတို့သည် တောင် ပေါ်သို့ ရောက် အောင် သွား ၍ လိုက် ရှာ သောသူတို့ မပြန် မှီတိုင်အောင် သုံး ရက် နေ ကြ၏။ ရှာ သောသူတို့သည်လည်း လမ်း တရှောက်လုံး ရှာ ၍ မ တွေ့ကြ။
23 And whanne the sekeris entriden in to the citee, the spieris turneden ayen, and camen doun fro the hille; and whanne thei hadde passid Jordan, thei camen to Josue, the sone of Nun;
၂၃ထို လူ နှစ် ယောက်တို့သည် လှည့် ၍ တောင် ပေါ် က ဆင်း ပြီးမှ မြစ်ကို ကူး သဖြင့် ၊ နုန် ၏သား ယောရှု ထံ သို့ ရောက် ၍ ၊ မိမိ တို့၌ ဖြစ် သမျှတို့ကို ပြန်ကြား လျက်၊
24 and thei telden to hym alle thingis that bifelden to hem, and seiden, The Lord hath bitake al the lond in to oure hondis, and alle the dwelleris thereof ben casten doun bi drede.
၂၄အကယ်စင်စစ် ထာဝရဘုရား သည် ထိုပြည် တရှောက်လုံး ကို ငါတို့လက်သို့ အပ် တော်မူပြီ။ ငါ တို့ ကြောင့် ပြည်သူ ပြည်သားအပေါင်း တို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှု အား လျှောက် ဆို၏။