< Genesis 9 >
1 And God blisside Noe and hise sones, and seide to hem, Encreesse ye, and be ye multiplied, and fille ye the erthe;
၁ဘုရား သခင်သည်လည်း ၊ နောဧ နှင့် သူ ၏သား တို့ကိုကောင်းကြီး ပေးတော်မူ၍ ၊ သင်တို့သည်များပြား စွာ မွေးဘွား လျက် မြေကြီး ပြည့် စေကြလော့။
2 and youre drede and tremblyng be on alle vnresonable beestis of erthe, and on alle briddis of heuene, with alle thingis that ben moued in erthe; alle fischis of the see ben youun to youre hond.
၂မြေ တိရစ္ဆာန် ၊ မိုဃ်းကောင်းကင် ငှက် အစ ရှိသော၊ မြေ ပေါ်မှာ လှုပ်ရှား တတ်သမျှ နှင့် ၊ ပင်လယ် ငါး အပေါင်း တို့သည်၊ သင် တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ် ခြင်းသဘောရှိ ကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင် တို့လက် ၌ ငါ အပ် ၏။
3 And al thing which is moued and lyueth schal be to you in to mete; Y have youe to you alle thingis as greene wortis,
၃အသက် ရှင်၍ လှုပ်ရှား တတ်သမျှ သည်၊ အသီး အရွက်ကဲ့သို့ ၊ သင် တို့စားစရာ ဘို့ ဖြစ် ရမည်။ ခပ်သိမ်း သောအရာတို့ကို သင် တို့၌ ငါအပ်ပေး ၏။
4 outakun that ye schulen not ete fleisch with blood,
၄သို့သော်လည်း အသက် တည်းဟူသောအသွေးနှင့်တကွ အသား ကို မ စား ရ။
5 for Y schal seke the blood of youre lyues of the hoond of alle vnresonable beestis and of the hoond of man, of the hoond of man and of hys brother Y schal seke the lijf of man.
၅အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။
6 Who euere schedith out mannus blood, his blood schal be sched; for man is maad to the ymage of God.
၆အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။
7 Forsothe encreesse ye, and be ye multiplied, and entre ye on erthe, and fille ye it, Also the Lord seide thes thingis to Noe,
၇သင် တို့သည် သားကိုဘွား ၍ များပြား ကြလော့။ မြေ ပေါ် မှာ အလွန်မွေးဘွား ၍ များပြား ကြလော့ဟု မိန့် တော်မူ၏။
8 and to his sones with him, Lo!
၈တဖန် ဘုရား သခင်သည်၊ နောဧ နှင့် သူ ၏သား တို့ကို မိန့် တော်မူသည်ကား၊
9 Y schal make my couenaunt with you, and with your seed after you,
၉သင် တို့နှင့် ၎င်း၊ နောက် ဖြစ်လတံ့သော အမျိုး အနွယ်နှင့်၎င်း၊
10 and to ech lyuynge soule which is with you, as wel in briddis as in werk beestis and smale beestis of erthe, and to alle thingis that yeden out of the schip, and to alle vnresonable beestis of erthe.
၁၀သင် တို့ထံမှာ အသက် ရှင်သော တိရစ္ဆာန် တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ရှိသမျှ သင်္ဘော ထဲက ထွက် ဆင်းသမျှ မှစ၍ ၊ မြေ တိရစ္ဆာန် အပေါင်း တို့နှင့် ၎င်း၊ ငါ သည်ကိုယ်တိုင်ပဋိညာဉ် ပြု ၏။
11 Y schal make my couenaunt with you, and ech fleisch schal no more be slayn of the watris of the greet flood, nethir the greet flood distriynge al erthe schal be more.
၁၁သင် တို့နှင့် ငါ ပြု သော ပိဋိညာဉ် ဟူမူကား ၊ ရေ လွှမ်းမိုး ခြင်းအားဖြင့် ၊ ခပ်သိမ်း သော သတ္တဝါ တို့သည် နောက် တဖန်မ ဆုံး ရကြ။ မြေကြီး ကို ဖျက်ဆီး ဘို့ ရာနောက် တဖန်ရေ လွှမ်းမိုးခြင်း မ ရှိ ရ။
12 And God seide, This is the signe of boond of pees, which Y yyue bitwixe me and you, and to ech lyuynge soule which is with you, in to euerlastynge generaciouns.
၁၂ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊
13 Y schal sette my bowe in the cloudis, and it schal be a signe of boond of pees bitwixe me and erthe;
၁၃ငါ ၏ သက်တံ့ ကို မိုဃ်း တိမ်၌ ငါထား ၏။ ထိုသက်တံ့သည် မြေကြီး နှင့် ငါ ပြုသော ပဋိညာဉ် ၏ သက်သေ ဖြစ် လိမ့်မည်။
14 and whanne Y schal hile heuene with cloudis, my bowe schal appere in the cloudis,
၁၄ငါ သည် မိုဃ်း ကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့ သည် ထင်ရှား လိမ့်မည်။
15 and Y schal haue mynde of my boond of pees which Y made with you, and with ech soule lyuynge, that nurschith fleisch; and the watris of the greet flood schulen no more be to do awey al fleish.
၁၅ထိုအခါငါ တဘက်၊ သင် တို့မှစ၍ ၊ အသက် ရှင်သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှ တို့ တစ်ဖက်၌ရှိသော ၊ ငါ ၏ ပဋိညာဉ် ကိုငါ အောက်မေ့ သဖြင့် ခပ်သိမ်း သော သတ္တဝါ တို့ကို ဖျက်ဆီး ခြင်းငှါ နောက် တဖန်ရေ လွှမ်းမိုးခြင်းမ ရှိ ရ။
16 And my bowe schal be in the cloudis, and Y schal se it, and Y schal haue mynde of euerlastynge boond of pees, which is maad bitwixe God and man, and ech soul lyuynge of al fleisch which is on erthe.
၁၆မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။
17 And God seide to Noe, This schal be a signe of boond of pees, which Y made bitwixe me and ech fleisch on erthe.
၁၇ဤ သည်ကား ငါ နှင့် မြေကြီး ပေါ် မှာရှိသော သတ္တဝါ အပေါင်း တို့၏ စပ်ကြား မှာ၊ ငါအမြဲဖွဲ့ သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ်သတည်းဟု နောဧ ကို ဘုရား သခင်မိန့် တော်မူ၏။
18 Therfore thei that yeden out of the schip weren Noe, Sem, Cham, and Japheth; forsothe Cham, thilke is the fadir of Chanaan.
၁၈သင်္ဘော ထဲက ထွက် ဆင်းသော နောဧ သား တို့၏အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက် တည်း၊ ဟာမ သည် ခါနာန် ၏ အဘ ဖြစ် ၏။
19 These thre weren the sones of Noe, and al the kynde of men was sowun of hem on al erthe.
၁၉ဤ သူတို့သည် နောဧ ၏ သား သုံး ယောက်ဖြစ်၍ မြေကြီး တပြင်လုံး ၌ နှံ့ပြား ကြ၏။
20 And Noe, an erthe tiliere, bigan to tile the erthe, and he plauntide a viner,
၂၀နောဧ သည် လယ် လုပ်သောအတတ်ကို ပြုစု ၍ ၊ စပျစ် ဥယျာဉ်ကို စိုက် လေ၏။
21 and he drank wyn, and was drunkun; and he was nakid, and lay in his tabernacle.
၂၁စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။
22 And whanne Cham, the fadir of Chanaan, hadde seien this thing, that is, that the schameful membris of his fadir weren maad nakid, he telde to hise tweye britheren with out forth.
၂၂ခါနာန် ၏ အဘ ဟာမ သည်၊ မိမိ အဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင် လျှင် ပြင် မှာ ရှိသော အစ်ကို နှစ် ယောက်ကို ပြော လေ၏။
23 And sotheli Sem and Jafeth puttiden a mentil on her schuldris, and thei yeden bacward, and hileden the schameful membris of her fadir, and her faces weren turned awei, and thei sien not the priuy membris of her fadir.
၂၃ရှေမ နှင့် ယာဖက် တို့သည် အဝတ် ကိုယူ ၍ ပခုံး ပေါ် မှာ တင် ပြီးလျှင် ၊ နောက် သို့ဆုတ်သွား ၍ မိမိ အဘ ၌၊ အဝတ်အချည်းစည်း ရှိသည်ကို ဖုံး ကြ၏။ သူ တို့သည် အပြင်သို့မျက်နှာ ပြုသောကြောင့် ၊ မိမိ အဘ ၌ အဝတ် အချည်းစည်း ရှိသည်ကို မ မြင် ရ။
24 And forsothe Noe wakide of the wyn, and whanne he hadde lerned what thingis his lesse sone hadde do to hym,
၂၄နောဧ သည် ယစ်မူးခြင်းပျောက်၍ နိုး သောအခါ ၊ မိမိ ၌သား ငယ် ပြု သည်ကို သိ လျှင်၊
25 he seide, Cursid be the child Canaan, he schal be seruaunt of seruauntis to hise britheren.
၂၅ခါနာန် သည် ကျိန် ခြင်းကိုခံ ပါစေ။ အစ်ကို တို့၏ကျွန် တို့၌ ကျွန် ဖြစ် ပါစေဟုဆို ၏။
26 And Noe seide, Blessid be the Lord God of Sem,
၂၆တဖန် ရှေမ ၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ခါနာန် သည် ရှေမ ၏ကျွန် ဖြစ် ပါစေ။
27 and Chanaan be the seruaunt to Sem; God alarge Jafeth, and dwelle in the tabernaclis of Sem, and Chanaan be seruaunt of hym.
၂၇ဘုရား သခင်သည် ယာဖက် ကို ကျယ် စေတော်မူသဖြင့် ၊ ရှေမ ၏ တဲ တို့တွင် နေ ပါစေ။ ခါနာန် မူကား ၊ သူ ၏ကျွန် ဖြစ် ပါစေဟု ဆို လေ၏။
28 Forsothe Noe lyuede aftir the greet flood thre hundrid and fifti yeer;
၂၈နောဧ သည် ရေ လွှမ်းမိုးသောနောက် ၊ အနှစ် သုံး ရာ ငါး ဆယ် အသက် ရှင်၍၊
29 and alle the daies of hym weren fillid nyn hundrid and fifty yeer, and he was deed.
၂၉အသက် ပေါင်း ကိုး ရာ ငါး ဆယ်စေ့ သော် အနိစ္စ ရောက်လေ၏