< Deuteronomy 23 >
1 A geldyng whanne hise stoonys ben brokun, ethir kit awey, and his yerde is kit awei, schal not entre in to the chirche of the Lord.
၁ယောက်ျား ၏ အင်္ဂါလက္ခဏာ မ စုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။
2 A child borun of hordom schal not entre in to the chirche of the Lord, `til to the tenthe generacioun.
၂မျောက်မထား ၍ ရသောသားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
3 Ammonytis and Moabitis, yhe aftir the tenthe generacioun, schulen not entre into the `chirche of the Lord with outen ende;
၃အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားသည် လည်း ၊ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ကာလ အစဉ်မကုန်၊ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
4 for thei nolden come to you with breed and watir in the weie, whanne ye yeden out of Egipt; and for thei hireden ayens thee Balaam, the sone of Beor, fro Mesopotanye of Sirye, that he schulde curse thee;
၄အကြောင်း မူကား၊ သင် သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သူတို့သည် မုန့် နှင့် ရေ ကို ဆောင်၍ ခရီးဦးကြို မ လာကြ။ သင့် ကို ကျိန်ဆဲ စေခြင်းငှာ ၊ မေသော ပေါတာမိပြည်၊ ပေသော် မြို့၌ နေသောဗောရ သား ဗာလမ် ကို ငှား ကြ၏။
5 and thi Lord God nolde here Balaam, and God turnede `the cursyng of Balaam in to thi blessyng, for he louyde thee.
၅သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ် စကားကို နား မ ထောင်။ သင့် ကိုချစ် သောကြောင့် ကျိန်ဆဲ ခြင်းကို သင် ၌ ကောင်းကြီး မင်္ဂလာ ဖြစ် စေတော်မူ၏။
6 Thou schalt not make pees with hem, nethir thou schalt seke goodis to hem, in alle the daies of thi lijf in to with outen ende.
၆သင် သည် သူ တို့ချမ်းသာ ၊ သူ တို့စည်းစိမ် ကို တသက်လုံး အစဉ် မ ပြုစု ရ။
7 Thou schalt not `haue abhomynacioun of a man of Ydumye, for he is thi brothir, nethir of a man of Egipt, for thou were a comelyng in the lond of hym.
၇ဧဒုံ အမျိုးသားကို မူကား၊ မ မုန်း ရ။ သူ သည် သင် ၏ ညီအစ်ကို ဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မ မုန်း ရ။ သူ ၏ပြည် ၌ သင်သည် ကျွန် ခံ ခဲ့ဘူးပြီ။
8 Thei that ben borun of hem, schulen entre in the thridde generacioun in to the `chirche of the Lord.
၈သူ တို့အမျိုးအနွယ် သည် သုံး ဆက် မြောက်မှသာ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။
9 Whanne thou schalt go out `in to batel ayens thin enemyes, thou schalt kepe thee fro al yuel thing.
၉ရန်သူ တို့ကို စစ်တိုက် သွားသောအခါ ၊ မ တရား သောအမှု ရှိသမျှ ကို ရှောင် လော့။
10 If a man is among you, which is defoulid in `sleep of nyyt, he schal go out of `the castels;
၁၀ညဉ့် အချိန်၌ ရောက် တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မ စင်ကြယ် သော သူ သည် သင် တို့တွင် ရှိ လျှင် သူသည် တပ် ပြင် သို့ ထွက် ရမည်၊ တပ် ထဲသို့ မ ဝင် ရ။
11 and he schal not turne ayen bifore that he be waischun in watir at euentid, and aftir the goyng doun of the sunne he schal go ayen in to the castels.
၁၁မိုဃ်းချုပ် သောအခါ ရေချိုး ၍ ၊ နေ ဝင် ပြီးမှ တပ် ထဲသို့ ဝင် ရမည်။
12 Thou schalt haue a place without the castels, to which thou schalt go out to nedeful thingis of kynde;
၁၂သင့် ကျင်ကြီးစွန့်ရာအရပ် သည် တပ် ပြင် ၌ ရှိ ရ မည်။
13 and thou schalt bere a litil stake in the girdil; and whanne thou hast sete, thou schalt digge `bi cumpas, and `thou schalt hile with erthe thingis `defied out,
၁၃တပ်ပြင် သို့ထွက်၍ စွန့် သောအခါ ၊ ကိုယ် ၌ပါသော သစ်သား တူးရွင်းနှင့် မြေ ၌ တူး ရမည်။ နောက် တဖန် လှည့် ၍ မစင် ကို ဖုံးအုပ် ရမည်။
14 where thou art releuyd. For thi Lord God goeth in the myddis of castels, that he diliuere thee, and bitake thin enemyes to thee, that thi castels be hooli, and no thing of filthe appere in tho, lest he forsake thee.
၁၄အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုကယ်တင် ၍ ရန်သူ တို့ကို သင့် လက်၌ အပ် ခြင်းငှာ ၊ သင် ၏တပ် ထဲမှာ သွား လာတော်မူ၏။ ထို့ကြောင့် ၊ သင့် အထဲ ၌ မ စင်ကြယ်သောအရာ တစုံတခုကို မြင် ၍ သင် မှ ရှောင် သွားတော် မ မူမည်အကြောင်း ၊ သင် ၏ တပ် သည် သန့်ရှင်း ရမည်။
15 Thou schalt not bitake a seruaunt to his lord, which seruaunt fleeth to thee;
၁၅မိမိ သခင် ထံ က ပြေး ၍ သင့် ထံသို့ ရောက်သော ကျွန် ကို သခင် ၌ မ အပ် ရ။
16 he schal dwelle with thee in the place that plesith hym, and he schal reste in oon of thi citees; and make thou not hym sori.
၁၆ထို ကျွန်သည် အလို အလျောက်နေချင်သော အရပ် ၊ သင့် နေရာ မြို့ တစုံ တမြို့၌ သင့် ထံမှာ နေ ရသော အခွင့်ရှိ၏။ သူ့ ကို မ ညှဉ်းဆဲ ရ။
17 Noon hoore schal be of the douytris of Israel, nether a letchour of the sones of Israel.
၁၇ဣသရေလ အမျိုးသမီး တို့တွင် ပြည်တန်ဆာ မ ရှိ ရ။ ဣသရေလ အမျိုးသား တို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ မ ရှိ ရ။
18 Thou schalt not offre the hire of `an hoore hows, nether the prijs of a dogge, in the hows of thi Lord God, what euer thing it is that thou hast avowid; for euer eithir is abhomynacioun bifor thi Lord God.
၁၈ပြည်တန်ဆာ လုပ်၍ ရ သောငွေ၊ ခွေး ကိုရောင်း ၍ ရသောငွေကိုသစ္စာ ဂတိပြေစေခြင်းငှာ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်သို့ မ သွင်း ရ။ ထိုသို့ သောငွေကို စက်ဆုပ် ရွံရှာတော်မူ၏။
19 Thou schalt not leene to thi brothir to vsure money, neither fruytis,
၁၉သင် ၏ အမျိုးသားချင်း၌ အတိုး ယူ၍၊ ငွေ ၊ စားစရာ ၊ အသုံး အဆောင်ကို မ ချေး မငှားရ။
20 nethir ony othir thing, but to an alien. Forsothe thou schalt leene to thi brothir without vsure that that he nedith, that thi Lord God blesse thee in al thi werk, in the lond to which thou schalt entre to welde.
၂၀တပါး အမျိုးသား၌ အတိုး ယူ၍ ချေးငှားရ၏။ သင် သွား ၍ ဝင်စား သော ပြည် တွင် သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေး တော်မူမည်အကြောင်း ၊ အမျိုးသား ချင်း၌ အတိုး ယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။
21 Whanne thou makist auow to thi Lord God, thou schalt not tarie to yelde, for thi Lord God schal `requyre, ether axe, that; and if thou tariest, it schal be arretid to thee in to synne.
၂၁သင် ၏ဘုရားသခင် ထာဝရဘုရား အား သစ္စာ ဂတိထားလျှင် ၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ဧကန်အမှန်တောင်း တော်မူမည်။ သင်သည် မပြုဘဲနေလျှင် အပြစ် ရောက် လိမ့်မည်။
22 If thou `nylt bihete, thou schalt be with out synne.
၂၂သစ္စာ ဂတိ မထားဘဲနေလျှင် အပြစ် မ ရောက်။
23 Forsothe thou schalt kepe, and `do that that yede out onys of thi lippis, as thou bihiytist to thi Lord God, and hast spoke with thin owne wille and thi mouth.
၂၃သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ် အလိုအလျောက်သစ္စာဂတိထား၍၊ ကိုယ် နှုတ် နှင့် မြွက်ဆို သော စကား ကို တည် စေ၍ ၊ ဂတိ ရှိသည်အတိုင်း ပြု ရမည်။
24 If thou entrist in to the vynere of thi neiybore, ete thou grapis, as myche as plesith thee; but bere thou not out with thee.
၂၄သင် သည် အိမ်နီးချင်း ၏ စပျစ် ဥယျာဉ်ထဲသို့ ဝင် သောအခါ ၊ အလို အလျောက်စပျစ်သီး ကို ဝ စွာစား ရ သော်လည်း မ သိမ်း မယူရ။
25 If thou entrist in to `the corn of thi freend, thou schalt breke `eeris of corn, and frote togidere with `the hond; but thou schalt not repe with a sikil.
၂၅အိမ်နီးချင်း ၏ စပါး လယ်ထဲသို့ ဝင် သောအခါ၊ စပါးနှံ ကိုလက် နှင့် ဆွတ် ရသော်လည်း တံစဉ် နှင့်မ ရိတ် ရ။