< Deuteronomy 12 >
1 These ben the heestis and domes, whiche ye owen to do, in the lond which the Lord God of thi fadrys schal yyue to thee, that thou welde it, in alle daies in whiche thou schalt go on erthe.
၁သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှ သော ကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား၊
2 Distrie ye alle the places wherynne hethen men whiche ye schulen welde, worschipiden her goddis, on hiy mounteyns, and litle hillis, and vndur ech tre ful of bowis.
၂သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသော သစ်ပင်အောက်၌ မိမိတို့ ဘုရားများကို ဝတ်ပြုရာအရပ် ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။
3 Distrie ye `the auteris of hem, and `breke ye the ymagis; brenne ye the wodis with fier, and al to breke ye the idolis; destrie ye `the names of hem fro the places.
၃သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တု များကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏ နာမကိုပင် ပယ်ရှင်းရမည်။
4 Ye schulen not do so to youre Lord God;
၄သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ၊
5 but ye schulen come to the place which youre Lord God chees of alle youre lynagis, that he putte his name there, and dwelle therynne;
၅သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ် ရှိသမျှတို့တွင် နာမတော်ကို တည် စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍ လာရကြမည်။
6 and ye schulen come, and schulen offre in that place youre brent sacrifices, and slayn sacrifices, the dymes, and firste fruytis of youre hondis, and avowis and yiftis, the firste gendrid thingis of oxun, and of scheep.
၆ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိ သော ယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွား တွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည်။
7 And ye and youre housis schulen ete there in the siyt of youre Lord God; and ye schulen be glad in alle thingis to whiche ye putten hond, in whiche youre Lord God blesside you.
၇ထိုအရပ်၌ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
8 Ye schulen not do there tho thingis whiche we don here to dai, ech man that semeth riytful to `hym silf.
၈ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်း ကိုယ်ဥာဏ်ကို လိုက်၍ မပြုရကြ။
9 For `til in to present tyme ye camen not to reste and possessioun, which the Lord God schal yyue to you.
၉သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သော အမွေခံရာ ချမ်းသာထဲသို့ သင်တို့သည် မဝင်ရ ကြသေး။
10 Ye schulen passe Jordan, and ye schulen dwelle in the lond which youre Lord God schal yyue to you, that ye reste fro alle enemyes `bi cumpas, and dwelle without ony drede.
၁၀သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော ပြည်၌ နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကို ကယ်နှုတ်တော်မူ သဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊
11 In the place which youre Lord God chees that his name be therynne. Thidur ye schulen bere alle thingis, whiche Y comaunde, brent sacrifices, and sacrifices, and the dymes, and firste fruytis of youre hondis, and what euere is the beste in yiftis, whiche ye auowiden to the Lord.
၁၁နာမတော်ကို တည်စေဘို့ရာ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ရှိရမည်။ ထိုအရပ်သို့ ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရား အား ဂတိရှိသည်အတိုင်း၊ မြတ်သော ပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။
12 Ther ye schulen ete bifor youre Lord God, ye, and youre sones and douytris, youre seruauntis, and seruauntessis, and the dekenes, that dwellen in youre citees; for thei han not other part and possessioun among you.
၁၂ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌ တည်းခိုသော လေဝိသားတို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရွှင်လန်းခြင်းကို ပြုရကြမည်။
13 Be thou war lest thou offre thi brent sacrifices in ech place which thou seest,
၁၃တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရ မည်အကြောင်း သတိပြုကြလော့။
14 but in that place which the Lord chees in oon of thi lynagis thou schalt offre sacrifices, and schalt do what euer thingis Y comaunde to thee.
၁၄သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။
15 Forsothe if thou wolt ete, and the etyng of fleischis delitith thee, sle thou, and ete, bi the blessyng of thi Lord God, which he yaf to thee in thi citees, whether it is vnclene, `that is, spottid ether wemmed and feble, ether clene, `that is, hool in membris and with out wem, which is leueful to be offrid, thou schalt ete as a capret and hert; oneli without etyng of blood,
၁၅သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူ သည်အတိုင်း၊ သင်တို့နေရာ အရပ်ရပ်၌ စားချင်သော အလိုသို့လိုက်၍ သတ်စားရ သော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကို စား သကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစား ရ ကြမည်။
16 which thou schalt schede out as watir on the erthe.
၁၆သို့ရာတွင် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။
17 Thou schalt not mowe ete in thi citees the tithis of thi wheete, wyn, and oile, the firste gendrid thingis of droues, and of scheep, and alle thingis whiche thou hast avowid and wolt offre bi fre wille, and the firste fruytis of thin hondis;
၁၇စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့၊ သိုးနွားတွင် အဦးဘွားသော သားငယ်၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော် သက္ကာ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့ သည် ကိုယ်နေရာအရပ်၌ မစားရ ကြ။
18 but thou schalt ete tho bifor thi Lord God, in the place which thi Lord God chees, thou, and thi sone, and douyter, seruaunt, and seruauntesse, and the dekene that dwellith in thi citees; and thou schalt be glad, and schalt be fillid bifor thi Lord God in alle thingis to whiche thou holdist forth thin hond.
၁၈သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော်မူသော အရပ်၌၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသော လေဝိ သားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကို ပြုရကြမည်။
19 Be thou war lest thou forsake the dekene in al tyme, `in which thou lyuest in erthe.
၁၉မြေကြီးပေါ်မှာ အသက်ရှင်သမျှသော ကာလ ပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။
20 Whanne thi Lord God hath alargid thi termes, as he spak to thee, and thou wolt ete fleischis, whiche thi soule desirith,
၂၀သင်၏ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်း စားရသောအခွင့်ရှိ၏။
21 forsothe if the place is fer, which thi Lord God chees, that his name be there, thou schalt sle of thin oxun, and scheep, whiche thou hast, as `the Lord comaundide to thee; and thou schalt ete in thi citees as it plesith thee.
၂၁သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမ တော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ် သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေး တော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။
22 As a capret and hert is etun, so thou schalt ete tho; bothe a cleene man and vncleene schulen ete therof in comyn.
၂၂သမင်၊ ဒရယ်ကို စားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍ စားရသောအခွင့်ရှိကြ၏။
23 Oneli eschewe thou this, that thou ete not blood; for the blood `of tho beestis is for the lijf, and therfor thou owist not ete the lijf with fleischis,
၂၃သို့ရာတွင်၊ အသွေးကို မစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌ တည်၏။ အသား နှင့်တကွ အသက်ကို မစားရ။
24 but thou schalt schede as watir `the blood on the erthe,
၂၄ထို့ကြောင့် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာ သွန်ရမည်။
25 that it be wel to thee, and to thi sones after thee, whanne thou hast do that, that plesith in the siyt of the Lord.
၂၅သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ် သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ အသွေးကို ရှောင်ရ မည်။
26 Sotheli thou schalt take that that thou `auowidist, and halewidist to the Lord, and thou schalt come to the place which the Lord chees;
၂၆သင်၌ သန့်ရှင်းသော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသော ပူဇော်သက္ကတို့ကို ယူ၍၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။
27 and thou schalt offre thin offryngis, fleischis, and blood, on the auter of thi Lord God; thou schalt schede in the auter the blood of sacrifices; forsothe thou schalt ete the fleischis.
၂၇အသားနှင့်အသွေးကို ရောနှော၍၊ မီးရှို့ရာယဇ် တို့ကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကို စားရမည်။
28 Kepe thou and here alle thingis whiche Y comaunde to thee, that it be wel to thee, and to thi sones after thee, with outen ende, whanne thou hast do that, that is good and plesaunt in the siyt of thi Lord God.
၂၈သင်၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှ စ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကား တို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။
29 Whanne thi Lord God hath distryed bifor thi face folkis, to whiche thou schalt entre to welde, and thou hast weldid tho folkis, and hast dwellid in `the lond of hem,
၂၉သင်သွား၍ ဝင်စားလတံ့သောပြည်၌ရှိသော လူမျိုးတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊
30 be thou war lest thou sue hem, aftir that thei ben distried, whanne thou entrist, and thou seke `the cerymonyes of hem, and seie, As these folkis worschipyden her goddis, so and Y schal worschipe.
၃၀သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အ ကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်ဟု သူတို့ဘုရား ဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြု လော့။
31 Thou schalt not do in lijk manere to thi Lord God; for thei diden to her goddis alle abhomynaciouns whiche the Lord wlatith, and offriden her sones and douytris, and brenten with fier.
၃၁သူတို့ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရ ဘုရားအား သင်မပြုရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သား သမီးကိုပင် သူတို့ဘုရားအား ဝတ်ပြု၍ မီးရှို့ကြပြီ။
32 Do thou to the Lord this thing oneli which Y comaunde to thee, nethir adde thou ony thing, nether abate.
၃၂ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာ စောင့် ရှောက်လော့။ ထပ်၍ မပိုရ၊ နှုတ်၍ မလျော့စေရ။