< Acts 24 >

1 And aftir fyue daies, Ananye, prince of preestis, cam doun with summe eldere men, and Terculle, a feir speker, which wenten to the precident ayens Poul.
ထိုနောက် ငါး ရက် လွန် သောအခါ၊ ယဇ်ပုရောဟိတ် မင်း အာနနိ သည် တေရတုလု အမည်ရှိသောရှေ့နေ မှစ၍ ၊ လူ အကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု ၏အကြောင်းကို မြို့ဝန်မင်း ထံ၌လျှောက် ထားကြ၏။
2 And whanne Poul was somened, Terculle bigan to accuse hym, and seide, Whanne in myche pees we doon bi thee, and many thingis ben amendid bi thi wisdom, euere more and euery where,
ပေါလု ကိုခေါ် ပြီးမှ ၊ တေရတုလု သည် အပြစ်တင် သော စကားကိုလျှောက်ဆို သည်မှာ၊ မြတ် တော်မူသောဖေလဇ် မင်းအကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန် ငြိမ်သက် စွာ နေ ရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစု တော်မူခြင်း ကျေးဇူးတော်ကို ဤ လူမျိုး သည် ခံရ ပါ သည်ဖြစ်၍ ၊
3 thou best Felix, we han resseyued with al doyng of thankingis.
အရပ်ရပ် တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူး တော်ကို အလွန်သိ တတ်သော စိတ်နှင့်ခံရပါ၏။
4 But lest Y tarie thee lengere, Y preie thee, schortly here vs for thi mekenesse.
အကျွန်ုပ်သည် ကိုယ်တော် ကိုကြာမြင့် စွာ နှောင့်ရှက် ခြင်း အပြစ်နှင့်လွတ် ခြင်းငှာ ၊ အကျဉ်း အားဖြင့်လျှောက်သောစကားကို ဖြည်းညှင်း သောစိတ်တော်နှင့် နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
5 We han foundun this wickid man stirynge dissencioun to alle Jewis in al the world, and auctour of dissencioun of the secte of Nazarenus; and he also enforside to defoule the temple;
နာဇရက် ဘာသာဝင် သူတို့တွင် အကြီး လုပ်၍ အရပ်ရပ် တို့၌ ယုဒ လူအပေါင်း တို့ကို ထ စေခြင်းငှာနှိုးဆော် သော ဤ လူ ဆိုး ကို အကျွန်ုပ်တို့သည် တွေ့ ကြပါပြီ။
6 whom also we token, and wolden deme, after oure lawe.
သူ သည် ဗိမာန် တော်ကို ရှုတ်ချ ခြင်းငှာပြု ပါပြီ။ အကျွန်ုပ်တို့သည် သူ့ ကိုဘမ်းဆီး ၍ ၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှာအလိုရှိကြသည်တွင်၊
7 But Lisias, the trybune, cam with greet strengthe aboue, and delyuerede hym fro oure hoondis;
စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊
8 and comaundide hise accuseris to come to thee, of whom thou demynge, maist knowe of alle these thingis, of whiche we accusen hym.
အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူ ကို ကိုယ်တော် တိုင် စစ် တော်မူလျှင်၊ အကျွန်ုပ် တို့အပြစ်တင် သောအကြောင်း အရာများ ကို သေချာစွာ သိ နိုင် တော်မူမည်ဟု လျှောက်ထား၏။
9 And Jewis putten to, and seiden, that these thingis hadden hem so.
ယုဒ လူတို့ကလည်း ၊ ဤ စကားမှန် ပါသည်ဟု ဝန်ခံ ကြ၏။
10 And Poul answeride, whanne the president grauntide hym to seie, Of mony yeeris Y knowe thee, that thou art domesman `to this folk, and Y schal do ynowy for me with good resoun.
၁၀မြို့ဝန်မင်း သည် အမှတ်ပေး ၍၊ ပေါလု သည် လျှောက် ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော် သည် ဤ လူမျိုး ကို တာရှည် စွာအုပ်စိုး တော်မူသည်ကို အကျွန်ုပ်သိ ၍၊ သာယာ သောစိတ်နှင့်ကိုယ် အပြစ် ဖြေရာစကား ကို လျှောက်ဝံ့ပါ၏။
11 For thou maist knowe, for to me ben not more than twelue daies, sithen Y cam vp to worschipe in Jerusalem;
၁၁အကျွန်ုပ် သည် ကိုးကွယ် ခြင်းငှာ ယေရုရှလင် မြို့ သို့ တက်သွား ၍၊ ယခု တစ်ဆယ့်နှစ် ရက် သာရှိ သည်ကို ကိုယ်တော် သိ နိုင် တော်မူ၏။
12 and nether in the temple thei founden me disputinge with ony man, nether makynge concours of puple, nether in synagogis, nether in citee;
၁၂ဗိမာန် တော်၌ တစ်စုံတစ်ယောက် သောသူနှင့် အကျွန်ုပ် ဆွေးနွေး ငြင်းခုံသည်ကို သူတို့မ တွေ့ ကြပါ။ တရားစရပ် တို့၌ ၎င်း၊ မြို့ ထဲ၌၎င်း၊ လူ များကို မ ငြိမ်မသက်စေခြင်းငှာအကျွန်ုပ်နှိုးဆော် သည်ကို သူတို့မတွေ့ကြပါ။
13 nether thei moun preue to thee, of the whiche thingis thei now accusen me.
၁၃ယခု တွင်အကျွန်ုပ် ကို အပြစ်တင် သောအမှု ၌ သက်သေမ ပြနိုင် ကြ ပါ။
14 But Y knowleche to thee this thing, that aftir the secte which thei seien eresie, so Y serue to God the fadir, `and Y bileue to alle thingis that ben writun in the lawe and profetis; and Y haue hope in God,
၁၄သို့သော်လည်းဒိဌိအယူ ဟူ၍သူတို့ခေါ် တတ် သော ဘာသာ အတိုင်း အကျွန်ုပ်သည် မိ စဉ်ဘဆက်ကိုးကွယ် သော ဘုရားသခင် ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံ ပါ၏။ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေး ထားသမျှ တို့ကို အကျွန်ုပ်ယုံ ပါ၏။
15 whiche also thei hem silf abiden, the ayenrisyng `to comynge of iust men and wickid.
၁၅ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သော သူရှိသမျှတို့သည် သေခြင်းမှ ထမြောက် ကြလိမ့်မည်ဟူ၍၊ သူ တို့မြော်လင့် သည်နည်းတူ ၊ အကျွန်ုပ်လည်း ဘုရားသခင် ကို အမှီပြု ၍ မြော်လင့် ပါ၏။
16 In this thing Y studie with outen hirtyng, to haue concience to God, and to men euermore.
၁၆ထိုကြောင့် ၊ ဘုရားသခင် ကိုပြစ်မှားပြီ၊ လူ တို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင် ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ် သည် ကြိုးစား အားထုတ်ပါ၏။
17 But after many yeeris, Y cam to do almes dedis to my folc, and offryngis, and auowis;
၁၇နှစ် ပေါင်းများစွာ လွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲ ပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော် သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာ သည် တွင် ၊
18 in whiche thei founden me purified in the temple, not with company, nether with noise. And thei cauyten me, and thei crieden, and seiden, Take awei oure enemye.
၁၈ဗိမာန် တော်၌ လူ အစုအဝေးမ ရှိ၊ ရုန်းရင်းခတ် မျှမ ပြုဘဲ၊ စင်ကြယ် ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်က လာသောယုဒ လူ အချို့ တို့သည် တွေ့ ကြပါ၏။
19 And summe Jewis of Asie, whiche it behofte to be now present at thee, and accuse, if thei hadden ony thing ayens me,
၁၉ထိုသူ တို့သည် အကျွန်ုပ် အပြစ်တင် စရာရှိ လျှင် ၊ အထံ တော် သို့ကိုယ်တိုင်လာ ၍အပြစ်တင် အပ်ပါ၏။
20 ether these hem silf seie, if thei founden in me ony thing of wickidnesse, sithen Y stonde `in the counsel,
၂၀သို့မဟုတ် အကျွန်ုပ် သည် လွှတ် အရာရှိတို့ ရှေ့ မှာ ရှိ သောအခါ၊ သေ သောသူတို့သည် ထမြောက် ခြင်း အကြောင်း နှင့်၊
21 but oneli of this vois, by which Y criede stondynge among hem, For of the ayenrisyng of deed men Y am demyd this dai of you.
၂၁အကျွန်ုပ် သည် သင် တို့ရှေ့ ၌ ယနေ့ စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော် သော စကား သံ တစ် ခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ် အပြစ် ကို တွေ့ ကြသည် ကို ယခုရှိသောဤ သူတို့သည် ပြော ကြပါစေဟု ပေါလု လျှောက်၏။
22 Sothely Felix delayede hem, and knewe moost certeynli of the weie, and seide, Whanne Lisias, the tribune, schal come doun, Y schal here you.
၂၂ဖေလဇ် မင်းကလည်း၊ စစ်သူကြီး လုသိ ရောက်လာ သောအခါ ၊ သင် တို့အမှုကို ငါစစ် ဦးမည်ဟု ထိုဘာသာ ကိုသာ၍ နားလည် သောသူဖြစ်လျက်၊ မစီရင် ဘဲ သူ တို့ကို လွှတ် လိုက်၏။
23 And he comaundide to a centurien to kepe hym, and that he hadde reste, nethir to forbede ony man to mynystre of his owne thingis to him.
၂၃ပေါလု ကို အကျဉ်း မထားဘဲစောင့် ၍နေစေ။ သူ ၏အဆွေအမျိုးတို့သည် သူ့ ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူး ကိုမှာထား ၏။
24 And after summe dayes Felix cam, with Drussille his wijf, that was a Jewesse, and clepide Poul, and herde of him the feith that is in Crist Jhesu.
၂၄ထိုနောက် များမကြာ၊ ဖေလဇ် မင်းသည် ယုဒ အမျိုးဖြစ် သော မိမိ ခင်ပွန်း ဒြုသိလေ နှင့်တကွ လာ ပြီးလျှင်၊ ပေါလု ကိုခေါ် ၍ ခရစ်တော် ကို ယုံကြည် ခြင်းနှင့်ယှဉ် သောစကားကို နားထောင် လေ၏။
25 And while he disputide of riytwisnesse, and chastite, and of dom to comynge, Felix was maad tremblinge, and answerde, That perteneth now, go; but in tyme couenable Y schal clepe thee.
၂၅ပေါလု သည် ဖြောင့်မတ် ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်းတရားကို၎င်း ၊ နောက်ဖြစ် လတံ့သော စစ်ကြော စီရင်ခြင်းကို၎င်း ဟောပြော လျှင်၊ ဖေလဇ် မင်းသည် ကြောက်လန့် ခြင်းသို့ရောက်၍၊ ယခု သွား ဦးလော့။ နောက်မှအဆင်သင့်သောအခါငါခေါ် ဦးမည်ဟု ဆို ၏။
26 Also he hopide, that money schulde be youun to hym of Poul; for which thing eft he clepide hym, and spak with hym.
၂၆ပေါလု သည် မိမိ လွတ်ရအောင် ငွေ ပေး မည်ဟု ထို မင်းသည်ထင်မှတ် လျက် ၊ မကြာမကြာ ပေါလု ကို ခေါ် ၍ သူ နှင့်စကား ပြောလေ၏။
27 And whanne twei yeeris weren fillid, Felix took a successoure, Porcius Festus; and Felix wolde yyue grace to Jewis, and lefte Poul boundun.
၂၇နှစ် နှစ်စေ့ သောအခါ ပေါကိ ဖေတ္တု သည် ဖေလဇ် မင်း၏အရာ ကို ရ သဖြင့်၊ ဖေလဇ် မင်းသည် ယုဒ လူတို့အား ကျေးဇူး ပြု လို သောစိတ်နှင့် ပေါလု ကို အကျဉ်း ထားရစ် စေ၏။

< Acts 24 >