< 2 Chronicles 6 >

1 Thanne Salomon seide, The Lord bihiyte, that he wolde dwelle in derknesse;
ရှောလမုန် ကလည်း၊ ထာဝရဘုရား သည်၊ ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။
2 forsothe I haue bilde an hows to his name, that he schulde dwelle there with outen ende.
သို့ရာတွင် ကိုယ်တော် ကျိန်းဝပ် တော်မူရာအိမ် ၊ အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။
3 And Salomon turnede his face, and blesside al the multitude of Israel; for al the cumpeny stood ententif; and he seide,
တဖန်ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုးပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တတ် နေကြ၏။
4 Blessid be the Lord God of Israel, for he fillide in werk that thing, that he spak to Dauid, my fadir, and seide,
ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော နေ့ က စ၍၊ ငါ့ နာမ တည် ရာ အိမ် ကို ဆောက် စေခြင်းငှါ ၊
5 Fro the dai in which Y ledde my puple out of the lond of Egipt, Y chees not a citee of alle the lynagis of Israel, that an hows schulde be bildid therynne to my name, nether Y chees ony other man, that he schulde be duyk on my puple Israel;
ဣသရေလ ခရိုင် များတို့တွင် မြို့ တစုံတမြို့ကို ငါမ ရွေး ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး ရသောသူကိုလည်း ငါမ ရွေး သေး။
6 but Y chees Jerusalem, that my name be therynne, and Y chees Dauid, to ordeyne hym on my puple Israel.
ယခုမူကား၊ ငါ့ နာမ တည် ရာ ယေရုရှလင် မြို့ကို ၎င်း၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုး စေခြင်းငှါ ဒါဝိဒ် ကို ၎င်း၊ ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသောဣသရေလ အမျိုး ၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။
7 And whanne it was of the wille of Dauid, my fadir, to bilde an hows to the name of the Lord God of Israel,
ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏နာမတော် အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ၊ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ၊
8 the Lord seide to hym, For this was thi wille, `that thou woldist bilde an hows to my name, sotheli thou didist wel,
ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ၊ ကောင်း သောအမှုကိုပြုပြီ။
9 hauynge suche a wil, but thou schalt not bilde an hows to me; netheles the sone, that schal go out of thi leendis, he schal bilde an hows to my name.
သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။
10 Therfor the Lord hath fillid his word, which he spak; and Y roos for Dauid, my fader, and Y sat on the trone of Israel, as the Lord spak, and Y bildide an hous to the name of the Lord God of Israel;
၁၀ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း ပြု တော်မူသဖြင့် ၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ် အရာကိုခံရ၍ ၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် လျက် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
11 and I haue put therynne the arke, in which is the couenaunt of the Lord, which he `couenauntide with the sones of Israel.
၁၁ဣသရေလ အမျိုးသား တို့နှင့် ထာဝရဘုရား ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ကို ထို အိမ်တော်၌ တင် ထားလေပြီဟု မြွက်ဆို၏။
12 Therfor Salomon stood bifor the auter of the Lord euene ayens al the multitude of Israel, and stretchide forth his hondis.
၁၂ထိုအခါ ရှောလမုန် သည် အလျား ငါး တောင် ၊ အနံ ငါး တောင်၊
13 For Salomon hadde maad a brasun foundement, and hadde set it in the myddis of the greet hows, and it hadde fyue cubitis of lengthe, and fyue of breede, and thre cubitis of heiythe, and he stood theron; and fro that tyme he knelide ayens al the multitude of Israel, and reiside the hondis in to heuene,
၁၃အမြင့် သုံး တောင် ရှိသောပလ္လင်ကိုလုပ် ၍၊ တန်တိုင်း အလယ် ၌ ထား နှင့် သော ထိုပလ္လင် ပေါ် သို့ တက် ပြီးလျှင် ၊ ထာဝရဘုရား ၏ယဇ် ပလ္လင်ရှေ့ ၊ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့ အလယ် မှာဒူး ထောက် ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
14 and seide, Lord God of Israel, noon is lijk thee; `thou art God in heuene and in erthe, which kepist couenaunt and mercy with thi seruauntis, that goon bifor thee in al her herte;
၁၄အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကောင်းကင် ပေါ် မြေကြီး ပေါ် မှာကိုယ်တော် နှင့် တူသောဘုရား တဆူမျှ မရှိပါ။ ရှေ့ တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့် သောကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။
15 which hast youe to Dauid thi seruaunt, my fadir, what euer thingis thou hast spoke to hym, and thow hast fillid in werk tho thingis, whiche thou bihiytist bi mouth, as also present tyme preueth.
၁၅အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထား တော်မူသော ဂတိတော် ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။
16 Now therfor, Lord God of Israel, fille thou to thi seruaunt my fadir Dauid, what euer thingis thou hast spoke, seiynge, A man of thee schal not faile bifor me, that schal sitte on the trone of Israel; so netheles if thi sones kepen my weies, and goon in my lawe, as and thou hast go bifor me.
၁၆အိုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်က၊ သင်သည်ငါ့ ရှေ့ မှာ ကျင့် သကဲ့သို့ သင် ၏ သား မြေးတို့သည်ငါ့ တရား ကို ကျင့် လိုသောငှါ ၊ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ၊ ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထား တော်မူသောဂတိတော်ကို ယခု စောင့် တော်မူပါ။
17 And now, Lord God of Israel, thi word be maad stidefast, which thou spakist to thi seruaunt Dauid.
၁၇အိုဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျွန်ုပ်အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
18 Therfor whether it is leueful, that the Lord dwelle with men on erthe? If heuene and the heuenes of heuenes `taken not thee, how myche more this hows, which Y haue bildid?
၁၈သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ တို့တွင် ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ကောင်းကင် နှင့် ကောင်းကင် တကာတို့၏အထွဋ်၊ အမြင့်ဆုံး သော ကောင်းကင်သည်ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
19 But herto oneli it is maad, that thou, my Lord God, biholde the preier of thi seruaunt, and the bisechyng of hym, and that thou here the preieris, whiche thi seruaunt schedith bifor thee;
၁၉သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူ တော်မူပါ။
20 that thou opyne thin iyen on this hows bi dayes and nyytis, on the place in which thou bihiytist, that thi name schulde be clepid,
၂၀ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့်မပြတ်ကြည့်ရှု ၍ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။
21 and that thou woldist here the preier, which thi seruaunt preieth therynne. Here thou the preieris of thi seruaunt, and of thi puple Israel; who euer preieth in this place, here thou fro thi dwellyng place, that is, fro heuenes, and do thou merci.
၂၁ကိုယ်တော် ကျွန် မှစ၍ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
22 If ony man synneth ayens his neiybore, and cometh redi to swere ayens him, and byndith hym silf with cursyng bifor the auter in this hows,
၂၂လူ သည်မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့် ၊ အကျိန် ခံရမည်ဟုအိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ ယဇ် ပလ္လင်ရှေ့ မှာ အကျိန်တိုက်လျှင်၊
23 thou schalt here fro heuene, and schalt do the doom of thi seruauntis; so that thou yelde to the wickid man his weie in to his owne heed, and that thou venge the iust man, and yelde to hym after his riytfulnesse.
၂၃ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိအပြစ်နှင့်အလျောက်ရှုံးစေခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့် အလျောက်အကျိုးကိုခံရ ၍ အပြစ် မှ လွတ်စေခြင်းငှါ ၎င်း ၊ ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။
24 If thi puple Israel is ouercomen of enemyes, for thei schulen do synne ayens thee, and if thei conuertid doen penaunce, and bisechen thi name, and preien in this place,
၂၄ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ၊ ရန်သူ ရှေ့ မှာ ရှုံး ရသောအခါ ၊ ကိုယ်တော် ထံ သို့ပြန်လာ ၍ နာမ တော်ကို ဝန်ခံ လျက် ၊ ဤ အိမ် တော်ကို မှီခို လျက်၊ ဆုတောင်း ပဌနာ ပြုလျှင်၊
25 thou schalt here fro heuene, and do thou mercy to the synne of thi puple Israel, and brynge hem ayen `in to the lond, which thou hast youe to hem, and to `the fadris of hem.
၂၅ကောင်းကင် ဘုံ၌ နားထောင် ၍ ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသောပြည်သို့ တဖန် ပို့ဆောင် တော်မူပါ။
26 If whanne heuene is closid, reyn come not doun for the synne of thi puple, and thei bisechen thee in this place, and knowlechen to thi name, and ben turned fro her synnes, whanne thou hast turmentid hem,
၂၆ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် မိုဃ်း မ ရွာ၊ မိုဃ်းခေါင် သဖြင့် ၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမ တော်ကို ဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ်လျှင်၊
27 here thou, Lord, fro heuene, and foryyue thou synnes to thi seruauntis, and to thi puple Israel, and teche thou hem a good weie, bi which thei schulen entre, and yyue thou reyn to the lond, which thou hast youe to thi puple to haue in possessioun.
၂၇ကောင်းကင် ဘုံ၌နားထောင် ၍ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူ တို့လိုက် ရသောလမ်း ကောင်း ကို ပြညွှန် ၍ ၊ ကိုယ်တော် ၏ လူ တို့အား အမွေ ပေးသော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။
28 If hungur risith in the lond, and pestilence, and rust, and wynd distriynge cornes, and a locuste, and bruke cometh, and if enemyes bisegen the yatis of the citee, aftir that the cuntreis ben distried, and al veniaunce and sikenesse oppressith;
၂၈ပြည် တော်၌ အစာအာဟာရ ခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍သေ သော်၎င်း၊ အရာဘကျိုင်း ၊ ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ ကိုဝိုင်း ထားသော်၎င်း၊ ဘေးဥပဒ် အနာရောဂါတစုံတခု ရောက် သောခါ၊
29 if ony of thi puple Israel bisechith, and knowith his veniaunce and sikenesse, and if he spredith abrood hise hondis in this hows,
၂၉ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့ သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် ၍ တစုံ တခုသောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊
30 thou schalt here fro heuene, that is, fro thin hiye dwellyng place, and do thou mercy, and yelde thou to ech man aftir hise weies, whiche thou knowist, that he hath in his herte; for thou aloone knowist the hertis of the sones of men;
၃၀
31 that thei drede thee, and go in thi weies in alle daies, in which thei lyuen on the face of erthe, which thou hast youe to oure fadris.
၃၁ကျိန်းဝပ် တော်မူရာ ကောင်းကင်ဘုံ ၌ ၊ နားထောင် တော်မူပါ။ ဘိုးဘေး တို့အား ပေးသနား တော်မူသော ပြည် ၌ သူ တို့သည် အသက်ရှင် သော ကာလ ပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့ ၍၊ တရားတော်လမ်း သို့လိုက်ပါ မည်အကြောင်း ၊ ကိုယ်တော် သာလျှင် လူသတ္တဝါ အပေါင်းတို့၏စိတ်နှလုံး သဘောကိုသိ တော်မူသည်ဖြစ်၍၊ ဆုတောင်းသောသူတို့၏စိတ်နှလုံး သဘောကိုသိ လျက် သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။
32 Also thou schalt here fro heuene, thi moost stidfast dwellyng place, a straunger, which is not of thi puple Israel, if he cometh fro a fer lond for thi greet name, and for thi stronge hond, and arm holdun forth, `and preye in this place;
၃၂ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့ သည်ကြီးမြတ် သောနာမ တော်နှင့် တန်ခိုး ကြီး၍ ဆန့် တော်မူသောလက်ရုံး တော်ကိုထောက် သဖြင့်၊ ဝေး သောပြည် မှ ရောက် လာ၍ ဤ အိမ် တော်ကို မှီခိုလျက်ဆုတောင်း လျှင်၊
33 and thou schalt do alle thingis, for which thilke pilgrym `inwardli clepith thee, that alle the puplis of erthe knowe thi name, and drede thee, as thi puple Israel doith; and that thei knowe, that thi name is clepid on this hows, which Y haue bildid to thi name.
၃၃ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည်ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့၊ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက် နာမ တော် ကို သိ စေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်းကို သိ စေခြင်းငှါ ၎င်း၊ ထို တပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။
34 If thi puple goith out to batel ayens hise aduersaries, bi the weie in which thou sendist hem, thei schulen worschipe thee ayens the weie in which this citee is, which thou hast chose, and the hows which Y bildide to thi name,
၃၄ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်း ၊ ကိုယ်တော် ၏လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ကိုယ်တော် အား ဆုတောင်း ကြလျှင်၊
35 that thou here fro heuene her preieris and bisechyng, and do veniaunce.
၃၅သူ တို့ ဆုတောင်း ပဌနာ ပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့အမှု ကို စောင့် တော်မူပါ။
36 Forsothe if thei synnen ayens thee, for no man is that synneth not, and if thou art wrooth to hem, and bitakist hem to enemyes; and enemyes leden hem prisoneris in to a fer lond, ether certis which lond is nyy;
၃၆မ ပြစ်မှား တတ်သော သူ တယောက် မျှမရှိသည် ဖြစ်၍ ၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့် ၊ ရန်သူတို့သည် ဝေး သောပြည် ၊ နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွား လျှင် ၎င်း၊
37 and if thei ben conuertid in her herte in the lond, to which thei ben led prisoneris, and thei don penaunce, and bisechen thee in the lond of her caitifte, and seien, We han synned, we han do wickidly, we diden vniustli;
၃၇ထိုပြည် ၌ အချုပ် ခံစဉ်၊ သူတို့သည် သတိရ ၍ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ ၍ တောင်းပန် သဖြင့်၊
38 and if thei turnen ayen to thee in al her herte, and in al her soule, in the lond of her caitifte, to which thei ben led, thei schulen worschipe thee ayens the weie of her lond, which thou hast youe to the fadris of hem, and of the citee which thou hast chose, and of the hows which Y bildide to thi name; that thou here fro heuene,
၃၈သိမ်းသွား သော ရန်သူတို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ ပြန်လာ ၍၊ ဘိုးဘေး တို့ အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော် အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
39 that is, fro thi stidefast dwellyng place, the preieris of hem, and that thou make dom, and foryyue to thi puple, thouy `it be synful; for thou art my God;
၃၉သူ တို့ဆုတောင်း ပဌနာ ပြုသောစကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။ ကိုယ်တော် ကို ပြစ်မှား သော ကိုယ်တော် လူ တို့၏အပြစ် ကို ဖြေရှင်းတော်မူပါ။
40 Y biseche, be thin iyen openyd, and thin eeris be ententif to the preier which is maad in this place.
၄၀အိုအကျွန်ုပ် ဘုရားသခင် ကြည့်ရှု တော်မူပါ။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။
41 Now therfor, Lord God, rise in to thi reste, thou and the arke of thi strengthe; Lord God, thi preestis be clothid with helthe, and thi hooli men be glad in goodis.
၄၁အိုထာဝရ အရှင် ဘုရားသခင် ၊ ကျိန်းဝပ် တော်မူရာသို့ တန်ခိုး တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။ အိုထာဝရ အရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ကယ်တင် ခြင်းတန်ဆာ ကို ဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကျေးဇူး တော်၌ ဝမ်းမြောက် ကြပါစေသော၊
42 Lord God, turne thou not a weie the face of thi crist; haue thou mynde on the mercyes of Dauid thi seruaunt.
၄၂အိုထာဝရ အရှင်ဘုရားသခင် ၊ ဘိသိက် ပေး တော်မူသောသူ ၏မျက်နှာ ကို လွှဲ စေတော်မ မူပါနှင့်။ ကိုယ်တော် ကျွန် ဒါဝိဒ် ခံရသောကျေးဇူး တော်ကို အောက်မေ့ တော်မူပါဟု ပဌနာပြုလေ၏။

< 2 Chronicles 6 >