< 1 Timothy 2 >

1 Therfor Y biseche first of alle thingis, that bisechingis, preieris, axyngis, doyngis of thankyngis, ben maad for alle men,
ငါတို့သည် ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ် စွာ ကျင့်ခြင်းအမျိုးမျိုး ကိုပြု၍
2 for kingis and alle that ben set in hiynesse, that we leden a quyet and a pesible lijf, in al pite and chastite.
ငြိမ်ဝပ် ဆိတ်ညံ စွာနေ ရမည်အကြောင်း ၊ ရှင်ဘုရင် မှစ၍ မင်းအာဏာ ရှိ သော သူ အပေါင်း တို့နှင့် လူ အမျိုးမျိုး တို့အဘို့ ဆုတောင်း ပဌနာပြုခြင်း၊ မေတ္တာပို့ ခြင်း၊ ကျေးဇူး တော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွာ ပြု စေခြင်းငှာငါ တိုက်တွန်းသွေးဆောင်၏။
3 For this thing is good and acceptid bifor God,
အကြောင်းမူကား၊ ထိုသို့သောအမှုသည် ကောင်း သောအမှုဖြစ်၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်ဘုရားသခင် နှစ်သက် တော်မူသောအမှုလည်း ဖြစ်၏။
4 oure sauyour, that wole that alle men ben maad saaf, and that thei come to the knowyng of treuthe.
လူ အပေါင်း တို့သည် ကယ်တင် ခြင်းသို့ရောက် ၍ သမ္မာတရား ကို သိ စေခြင်းငှာ ၊ ဘုရားသခင် အလို တော် ရှိ၏။
5 For o God and a mediatour is of God and of men, a man Crist Jhesus,
ဘုရားသခင် တဆူတည်း ရှိတော်မူ၏။ ဘုရားသခင် နှင့် လူ တို့၏ စပ်ကြားမှာ၊ လူ ဖြစ်သော ယေရှု ခရစ် တည်းဟူသောအာမခံ တစ်ဦးတည်း ရှိ၏။
6 that yaf him silf redempcioun for alle men. Whos witnessing is confermyd in his tymes;
ထိုအာမခံသည် လူအပေါင်း တို့ကို ရွေး အံ့သောငှာ ကိုယ်ကိုကိုယ် စွန့် တော်မူပြီ။ ကာလ အချိန်တန်မှ သက်သေခံ ခြင်းရှိ၏။
7 in which Y am set a prechour and an apostle. For Y seye treuthe, and Y lie not, that am a techere of hethene men in feith and in treuthe.
ငါ သည်ထိုသက်သေခံ သောသူ အရာ၌၎င်း ၊ တမန်တော် အရာ၌၎င်း၊ ယုံကြည် ခြင်းတရားနှင့် သမ္မာတရား ကို တစ်ပါး အမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသား စကားကိုမ ဆို၊ မှန် သောစကားကိုဆို ၏။
8 Therfor Y wole, that men preye in al place, liftinge vp clene hondis with outen wraththe and strijf.
သို့ဖြစ်၍ ၊ အရပ်ရပ် တို့၌ ယောက်ျား တို့သည် အမျက်ထွက် ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ၊ သန့်ရှင်း သောလက် ကိုချီ ၍ ဆုတောင်း စေခြင်းငှာငါအလိုရှိ ၏။
9 Also wymmen in couenable abite, with schamefastnesse and sobrenesse araiynge hem silf, not in writhun heeris, ethir in gold, ethir peerlis, ethir preciouse cloth; but that that bicometh wymmen,
ထိုနည်းတူ ၊ မိန်းမ တို့သည် ကျစ် သောဆံပင်၊ ရွှေ တန်ဆာ၊ ကျောက်ပုလဲ အဘိုး ထိုက်သော အဝတ် နှင့် ကိုယ် ကိုမ ဆင် ဘဲ၊ ရှက်ကြောက် ခြင်း၊ ဣန္ဒြေ စောင့်ခြင်းအားဖြင့်၊ လျောက်ပတ် သော အဝတ်နှင့်၎င်း
10 biheetinge pite bi good werkis.
၁၀ဘုရားသခင် အားရိုသေလေးမြတ်ခြင်းကို ဝန်ခံ ပြုစုသော မိန်းမ ဆင်သင့်သည်အတိုင်း ကောင်း သော အကျင့် နှင့်၎င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာငါအလိုရှိ၏။
11 A womman lerne in silence, with al subieccioun.
၁၁မိန်းမ သည်အုပ်စိုး ခြင်းကို အစဉ် ဝန်ခံ၍ တိတ်ဆိတ် စွာသင် စေ။
12 But Y suffre not a womman to teche, nether to haue lordschip on the hosebonde, but to be in silence.
၁၂မိန်းမ သည်ဆုံးမ ဩဝါဒပေးခြင်း၊ ယောက်ျား ကို အစိုးတရ ပြုစေခြင်းအခွင့် ကိုငါမ ပေး။ သူသည် တိတ်ဆိတ် စွာ နေ အပ်၏။
13 For Adam was first formed, aftirward Eue;
၁၃အကြောင်းမူကား ၊ အာဒံ ကို ရှေ့ဦးစွာ ဖန်ဆင်း တော်မူ၍၊ နောက်မှ ဧဝ ကိုဖန်ဆင်းတော်မူ၏။
14 and Adam was not disseyued, but the womman was disseyued, in breking of the lawe.
၁၄ထိုမှတပါး၊ အာဒံ သည်လှည့်ဖြား ခြင်းကိုမ ခံ၊ မိန်းမ သည် လှည့်ဖြား ခြင်းကိုခံ ၍ လွန်ကျူး ၏။
15 But sche schal be sauyd bi generacioun of children, if sche dwellith perfitli in feith, and loue, and hoolynesse, with sobrenesse.
၁၅သို့သော်လည်း ၊ ဣန္ဒြေ စောင့်ခြင်းနှင့်တကွ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သန့်ရှင်း ခြင်း၌ တည် လျှင် ၊ သားဘွား ခြင်းအမှု၌ ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။

< 1 Timothy 2 >