< Revelation 20 >

1 And I saw an angel come down from heaven, who had the key of the bottomless pit, and a great chain in his hand. (Abyssos g12)
ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​တွင်း နက်​ကြီး​၏​သော့​ကို​လည်း​ကောင်း၊ သံ​ကြိုး​ကြီး ကို​လည်း​ကောင်း ကိုင်​လျက်​ကောင်း​ကင်​မှ​ဆင်း လာ​သည်​ကို​ငါ​မြင်​ရ​၏။- (Abyssos g12)
2 And he seized the dragon, that old serpent, who is the devil and satan, and bound him a thousand years,
သူ​သည်​ရှေး​မြွေ​န​ဂါး​ကြီး​ကို​ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​ဖြင့်​အ​နှစ်​တစ်​ထောင်​ချည်​နှောင်​၍​ထား ၏။ ထို​န​ဂါး​ကား​နတ်​မိစ္ဆာ​ဘု​ရင်​သို့​မ​ဟုတ် စာ​တန်​ပင်​ဖြစ်​၏။-
3 and cast him into the bottomless pit, and shut him up, and set a seal upon him, that he might deceive the nations no more, till the thousand years be finished: and then he must be loosed for a little time. (Abyssos g12)
ကောင်း​ကင်​တ​မန်​သည်​န​ဂါး​ကို​တွင်း​နက်​ကြီး ထဲ​သို့​ပစ်​ချ​ကာ​တွင်း​ကို​ပိတ်​ပြီး​နောက် အ​နှစ် တစ်​ထောင်​ကုန်​ဆုံး​သည့်​တိုင်​အောင်​လူ​မျိုး​တ​ကာ တို့​အား​မှောက်​မှား​လမ်း​လွဲ​မှု​မ​ပြု​နိုင်​စေ​ရန် တံ​ဆိပ်​ခတ်​နှိပ်​၍​ထား​၏။ အ​နှစ်​တစ်​ထောင် ကုန်​ဆုံး​ချိန်​၌​သူ့​အား​ခေတ္တ​လွှတ်​ပေး​ရ​မည်။ (Abyssos g12)
4 And I saw thrones, and persons sat on them, and judgement was given to them: and I saw the souls of those who had been beheaded for the testimony of Jesus, and for the word of God; and who had not worshipped the beast, nor his image, and received not his mark upon their forehead, and on their hands; and they lived and reigned with Christ a thousand years.
ထို​နောက်​ငါ​သည်​ပလ္လင်​များ​ကို​မြင်​ရ​၏။ ယင်း ပလ္လင်​များ​ပေါ်​တွင်​ထိုင်​နေ​သူ​များ​မှာ​တ​ရား စီ​ရင်​ရန် အာ​ဏာ​အပ်​နှင်း​ခြင်း​ခံ​ရ​သူ​များ ဖြစ်​၏။ ထို့​ပြင်​သ​ခင်​ယေ​ရှု​ဖော်​ပြ​တော်​မူ သော​သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ဟော​ပြော​ကြေ​ညာ​ခဲ့​သည့်​အ​တွက်​ကွပ်​မျက် ခြင်း​ခံ​ရ​ကြ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​လည်း ငါ​မြင်​ရ​၏။ သူ​တို့​သည်​သား​ရဲ​နှင့်​သား​ရဲ ၏​ရုပ်​တု​ကို​ရှိ​မ​ခိုး​ခဲ့​ကြ။ မိ​မိ​တို့​၏​န​ဖူး နှင့်​လက်​များ​တွင်​လည်း​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​မ​ခံ​ယူ​ခဲ့​ကြ။ သူ​တို့​သည်​အ​သက် ပြန်​၍​ရှင်​လာ​ကြ​ပြီး​လျှင်​ခ​ရစ်​တော်​နှင့် အ​တူ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့်​အ​နှစ်​တစ် ထောင်​စိုး​စံ​ကြ​ရ​၏။-
5 But the rest of the dead lived not again till the thousand years be finished.
(ကျန်​သေ​လွန်​သူ​တို့​မူ​ကား​အ​နှစ်​တစ်​ထောင် ကုန်​လွန်​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​ကြ​ရ​၏။) ဤ ကား​ပ​ထမ​အ​ကြိမ်​သူ​သေ​တို့​အား​ဘု​ရား သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ခြင်း ဖြစ်​သ​တည်း။-
6 This is the first resurrection. Happy and holy is he that hath part in the first resurrection: on these the second death has no power, but they shall be priests of God and of Christ, and shall reign with Him a thousand years.
ယင်း​သို့​ပ​ထ​မ​အ​ကြိမ်​ရှင်​ပြန်​ထ​မြောက်​ခြင်း တွင်​ပါ​ဝင်​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​၍​ကောင်း​ချီး ကြွယ်​ဝ​စွာ​ခံ​စား​ရ​ကြ​၏။ ဒု​တိ​ယ​သေ​ခြင်း သည်​သူ​တို့​အား​အ​စိုး​မ​ရ​နိုင်​ရာ။ သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​၏​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​အ​နှစ် တစ်​ထောင်​စိုး​စံ​ကြ​ရ​လိမ့်​မည်။
7 And when the thousand years are ended,
ထို​နောက်​အ​နှစ်​တစ်​ထောင်​ကုန်​လွန်​သော​အ​ခါ စာ​တန်​သည်​အ​ကျဉ်း​ကျ​ရာ​မှ​လွတ်​ပြီး​လျှင်၊-
8 Satan shall be loosed from his confinement, and shall go forth to deceive the nations, that are in the four corners of the earth, Gog and Magog, to gather them together to war, whose number is as the sand of the sea.
ဂေါ​ဂ​နှင့်​မာ​ဂေါ​ဂ​ဟု​ခေါ်​သော​ကမ္ဘာ​အ​ရပ်​လေး မျက်​နှာ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား မှောက်​မှား လမ်း​လွဲ​စေ​လျက်​စစ်​တိုက်​ရန်​စု​ဝေး​စေ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မုဒ္ဒရာ သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။-
9 And they overspread the surface of the earth, and encompassed the camp of the saints, and the beloved city: but fire came down from God out of heaven, and devoured them.
သူ​တို့​သည်​ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ချီ​တက်​လာ ပြီး​လျှင် ဘု​ရား​သ​ခင်​၏​တပ်​စ​ခန်း​နှင့်​ကိုယ်​တော် နှစ်​သက်​မြတ်​နိုး​တော်​မူ​သော​မြို့​ကြီး​ကို​ဝိုင်း ကြ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​မှ​မီး​ကျ​သ​ဖြင့် သူ​တို့​သည်​ကျွမ်း​လောင်​ဖျက်​ဆီး​ခြင်း​ခံ​ရ ကြ​၏။-
10 And the devil, who deceived them, was cast into the lake of fire and brimstone, where the beast and the false prophet are, and they shall be tormented day and night for ever and ever. (aiōn g165, Limnē Pyr g3041 g4442)
၁၀သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။ (aiōn g165, Limnē Pyr g3041 g4442)
11 And I saw a great white throne, and Him that sat on it, from whose face the earth and the heaven fled, and no place was found for them.
၁၁ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-
12 And I saw the dead, small and great, stand before God; and the books were opened: and another book was opened, which is the book of life: and the dead were judged by the things written in the books, according to their works.
၁၂သေ​လွန်​သူ​အ​ကြီး​အ​ငယ်​တို့​သည်​ပလ္လင် တော်​ရှေ့​၌​ရပ်​လျက်​နေ​ကြ​သည်​ကို​လည်း ကောင်း၊ စာ​စောင်​များ​ကို​ဖွင့်​သည်​ကို​လည်း ကောင်း​ငါ​မြင်​ရ​၏။ ထို​နောက်​အ​သက်​စာ စောင်​တည်း​ဟူ​သော​အ​ခြား​စာ​စောင်​ကို ဖွင့်​လိုက်​၏။ သေ​လွန်​သူ​တို့​သည်​ထို​စာ စောင်​များ​တွင်​မှတ်​တမ်း​တင်​ထား​သည့် မိ​မိ​တို့​အ​ကျင့်​များ​နှင့်​အ​ညီ​တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
13 And the sea gave up the dead that were in it; and death and Hades gave up the dead that were in them: and they were judged every one according to their works. (Hadēs g86)
၁၃သ​မုဒ္ဒ​ရာ​သည်​မိ​မိ​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ သည်​လည်း မိ​မိ​တို့​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့ အ​ကျင့်​အ​လျောက်​တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။- (Hadēs g86)
14 And death and Hades were cast into the lake of fire: this is the second death. (Hadēs g86, Limnē Pyr g3041 g4442)
၁၄ထို​နောက်​သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​သည် မီး အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။- (Hadēs g86, Limnē Pyr g3041 g4442)
15 And whosoever was not found written in the book of life, was cast into the lake of fire. (Limnē Pyr g3041 g4442)
၁၅(ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။ (Limnē Pyr g3041 g4442)

< Revelation 20 >