< Matthew 28 >

1 Now after the sabbath, in the dawning towards the first day of the week, came Mary Magdalene, and the other Mary, to look at the sepulchre:
ဥ​ပုသ်​နေ့​ကုန်​လွန်​ပြီး​နောက်​တ​နင်္ဂ​နွေ​နေ့​မိုး​လင်း စ​ပြု​သော​အ​ခါ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​မာ​ရိ​တို့​သည်​သင်္ချိုင်း​တော်​သို့​လာ​ကြ​၏။-
2 and behold, there had been a great earthquake; for an angel of the Lord descending from heaven, had come and rolled away the stone from the door, and was sitting upon it:
ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။-
3 (and his countenance was like lightning, and his raiment white as snow:
သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။-
4 and the guards shook for fear of him, and became like dead men: )
အ​စောင့်​တပ်​သား​များ​သည်​လွန်​စွာ​ကြောက်​လန့် သ​ဖြင့်​တုန်​လှုပ်​ကာ​သေ​သ​ကဲ့​သို့​ဖြစ်​ကြ​၏။
5 and the angel said to the women, Be not ye afraid: for I know that ye seek Jesus who was crucified.
ကောင်း​ကင်​တ​မန်​က​အ​မျိုး​သ​မီး​တို့​အား ``မ ကြောက်​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍ အ​သတ်​ခံ​ရ​သည့်​ယေ​ရှု​ကို​သင်​တို့​ရှာ​နေ ကြောင်း​ကို​ငါ​သိ​၏။-
6 He is not here, for He is risen, as He said. Come, see the place where the Lord lay:
ကိုယ်​တော်​သည်​ယ​ခင်​က​မိန့်​တော်​မူ​သည့်​အ​တိုင်း သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ လျောင်း တော်​မူ​သည့်​နေ​ရာ​ကို​ကြည့်​ကြ​လော့။-
7 and go quickly, and tell his disciples that He is risen from the dead; and behold, He is going before you into Galilee; there ye shall see Him; lo, I have told you.
တ​ပည့်​တော်​တို့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍ `ကိုယ် တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည်​သို့​ကြွ​တော်​မူ​မည် ဖြစ်​၍ ထို​အ​ရပ်​တွင်​ကိုယ်​တော်​ကို​သင်​တို့​တွေ့​ရ ကြ​လိမ့်​မည်' ဟု​ပြော​ကြား​ကြ​လော့။ ငါ​ပြော သည့်​စ​ကား​ကို​မ​မေ့​ကြ​နှင့်'' ဟု​ဆို​၏။
8 And they went immediately from the sepulchre, with fear, and great joy, and ran to tell his disciples.
အ​မျိုး​သ​မီး​တို့​သည်​ကြောက်​လန့်​သော်​လည်း အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​သင်္ချိုင်း​ဂူ​မှ​အ​လျင် အ​မြန်​ထွက်​ခွာ​၍ တ​ပည့်​တော်​တို့​အား​ထို​သ​တင်း ကို​ပြော​ကြား​ရန်​ပြေး​ကြ​၏။
9 And as they were going to tell his disciples, behold, Jesus met them and said, God save you. And they drew near and embraced his feet, and worshipped Him.
ထို​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ထံ​သို့ ရောက်​ရှိ​လာ​ကာ ``သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ပါ​စေ သော'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​မျိုး​သ​မီး​တို့ သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍​ခြေ​တော်​ကို ဖက်​ယမ်း​လျက်​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။-
10 Then saith Jesus unto them, Be not afraid, go tell my brethren to repair into Galilee, and there they shall see me.
၁၀ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``မ​ကြောက်​ကြ​နှင့်။ သွား​၍​ငါ​၏​ညီ​အစ်​ကို​များ​အား​ဂါ​လိ​လဲ ပြည်​သို့​သွား​ရန်​ပြော​ကြား​ကြ​လော့။ သူ​တို့ သည်​ထို​ပြည်​တွင်​ငါ့​ကို​မြင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
11 Now while they were going, behold some of the guard came into the city, and told the chief priests all that had happened:
၁၁အ​မျိုး​သ​မီး​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​အ​စောင့် တပ်​သား​အ​ချို့​တို့​သည်​မြို့​ထဲ​သို့​ဝင်​၍ ယဇ်​ပု​ရော ဟိတ်​ကြီး​များ​အား​ဖြစ်​ပျက်​သည့်​အ​ကြောင်း အ​ရာ​အ​လုံး​စုံ​ကို​ကြား​ပြော​ကြ​၏။-
12 and they assembled with the elders, and taking counsel together gave the soldiers a large sum of money,
၁၂ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည်​စု​ရုံး​တိုင်​ပင်​ကြ​ပြီး​နောက်​စစ် သား​များ​အား​ငွေ​အ​မြောက်​အ​မြား​ပေး​၍၊-
13 saying, Do you say, that his disciples came by night, and stole Him away, while we were asleep.
၁၃``ညဥ့်​အ​ခါ​ငါ​တို့​အိပ်​ပျော်​နေ​ခိုက်​ထို​သူ​၏ တ​ပည့်​တို့​သည်​လာ​၍​အ​လောင်း​ကို​ခိုး​ယူ​သွား ကြ​ပါ​သည်'' ဟု​ပြော​ကြ​လော့။-
14 And if this should come to a hearing before the governor, we will satisfy him, and indemnify you.
၁၄အ​ကယ်​၍​ထို​သ​တင်း​ကို​ဘု​ရင်​ခံ​မင်း​ကြား​သိ သွား​ပါ​လျှင် သင်​တို့​အ​ပေါ်​တွင်​အ​မှု​မ​ပတ်​စေ​ရန် သူ့​အား​ငါ​တို့​ဖျောင်း​ဖျ​ပေး​မည်'' ဟု​ဆို​ကြ​၏။
15 So they took the money, and did as they were instructed: and this is commonly reported among the Jews to this day.
၁၅စစ်​သား​တို့​သည်​ငွေ​ကို​ယူ​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​သင်​ကြား​ပေး​လိုက်​သည့်​အ​တိုင်း​ပြော​ကြ​၏။ စစ်​သား​တို့​ပြော​ကြား​သည့်​သ​တင်း​ကို​ယ​နေ့​တိုင် အောင်​ယု​ဒ​အ​မျိုး​သား​တို့​သည်​အနှံ့​အြုပား​ပြော​ဆို ကြ​၏။
16 And the eleven disciples went into Galilee, to the mountain where Jesus had appointed them.
၁၆တ​ပည့်​တော်​တစ်​ဆယ့်​တစ်​ဦး​တို့​သည်​သ​ခင်​ယေ​ရှု မှာ​ကြား​တော်​မူ​သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည် တောင်​ပေါ်​သို့​သွား​ကြ​၏။-
17 And when they saw Him, they worshipped Him: but some doubted.
၁၇သူ​တို့​သည်​ကိုယ်​တော်​ကို​တွေ့​မြင်​သော​အ​ခါ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​အ​နက် အ​ချို့​သော​သူ​တို့​သည်​ယုံ​မှား​သံ​သ​ယ​ဖြစ် ကြ​၏။-
18 And Jesus came and spake unto them, saying, All power is given unto me both in heaven and on earth.
၁၈သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​အ​နီး​သို့​ကြွ​လာ တော်​မူ​လျက် ``ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း​ရှိ​သ​မျှ​သော​တန်​ခိုး အာ​ဏာ​တို့​ကို​ငါ​ခံ​ယူ​ရ​ရှိ​ထား​လေ​ပြီ။-
19 Go ye therefore and instruct all nations, baptizing them in the name of the Father, and of the Son,
၁၉သို့​ဖြစ်​၍​သင်​တို့​သည်​သွား​၍​လူ​မျိုး​တ​ကာ​တို့ ကို​ငါ့​တ​ပည့်​ဖြစ်​စေ​ကြ​လော့။ သူ​တို့​အား​ခ​မည်း တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နာ​မ ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​ကြ​လော့။-
20 and of the holy Ghost, and teaching them to observe all things whatsoever I have commanded you: and lo, I am with you always, even to the end of the world. Amen. (aiōn g165)
၂၀သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။ (aiōn g165)

< Matthew 28 >