< Ruth 3 >

1 Naomi her mother-in-law said to her, “My daughter, shall I not seek rest for you, that it may be well with you?
များ​မ​ကြာ​မီ​နော​မိ​က​ရု​သ​အား``သင် သည်​ကိုယ့်​အိမ်​နှင့်​ကိုယ်​နေ​ထိုင်​နိုင်​ရန် သင့် အား​ငါ​နေ​ရာ​ချ​ပေး​ရ​မည်။-
2 Now isn’t Boaz our kinsman, with whose maidens you were? Behold, he will be winnowing barley tonight on the threshing floor.
သင်​နှင့်​အ​တူ​တူ​အ​လုပ်​လုပ်​သည့်​အ​မျိုး သ​မီး​များ​၏​သ​ခင်​ဖြစ်​သူ ဗော​ဇ​သည် ငါ တို့​နှင့်​ဆွေ​မျိုး​တော်​စပ်​သည်​မ​ဟုတ်​လော။ ယ​ခု​ငါ​ပြော​သည့်​စ​ကား​ကို​နား​ထောင်​ပါ လော့။ သူ​သည်​ယ​နေ့​ည​နေ​တွင် မု​ယော စ​ပါး​များ​ကို​နယ်​လျက်​နေ​လိမ့်​မည်။-
3 Therefore wash yourself, anoint yourself, get dressed, and go down to the threshing floor; but don’t make yourself known to the man until he has finished eating and drinking.
သို့​ဖြစ်​၍​သင်​သည်​ကိုယ်​လက်​သုတ်​သင်​ပြီး လျှင် နံ့​သာ​အ​မွှေး​အ​ကြိုင်​များ​လူး​၍​အ​လှ ဆုံး​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​ကာ​သူ စ​ပါး​နယ်​ရာ​သို့​သွား​ပါ​လော့။ သို့​ရာ​တွင် ထို​အ​ရပ်​သို့​သင်​ရောက်​ရှိ​နေ​ကြောင်း​ကို သူ စား​သောက်​ပြီး​သည်​တိုင်​အောင်​သူ့​အား အ​သိ​မ​ပေး​နှင့်။-
4 It shall be, when he lies down, that you shall note the place where he is lying. Then you shall go in, uncover his feet, and lie down. Then he will tell you what to do.”
သူ​အိပ်​စက်​ရန်​လဲ​လျောင်း​သည့်​နေ​ရာ​ကို​မှတ် သား​ထား​လော့။ သူ​အိပ်​ပျော်​သွား​သော​အ​ခါ ကျ​မှ​သွား​၍​စောင်​ကို​မ​ပြီး​လျှင် သူ​၏​ခြေ ရင်း​တွင်​ဝင်​၍​လဲ​လျောင်း​နေ​ပါ​လေ။ သင့်​အား အ​ဘယ်​သို့​ပြု​စေ​လို​သည်​ကို​သူ​ပြော​ပြ ပါ​လိမ့်​မည်'' ဟု​ဆို​၏။
5 She said to her, “All that you say, I will do.”
ရု​သ​က​လည်း``မိ​ခင်​မှာ​ထား​သ​မျှ​အ​တိုင်း ကျွန်​မ​ပြု​ပါ​မည်'' ဟု​ပြန်​ပြော​၏။
6 She went down to the threshing floor, and did everything that her mother-in-law told her.
ထို​နောက်​ရု​သ​သည်​ကောက်​နယ်​တ​လင်း​သို့ သွား​၍ မိ​မိ​၏​ယောက္ခ​မ​မှာ​ကြား​လိုက်​သည် အ​တိုင်း​ပြု​၏။-
7 When Boaz had eaten and drunk, and his heart was merry, he went to lie down at the end of the heap of grain. She came softly, uncovered his feet, and lay down.
ဗော​ဇ​သည်​စား​သောက်​၍​ပြီး​သော​အ​ခါ​စိတ် ရွှင်​ပြ​လျက် စ​ပါး​ပုံ​ရှိ​ရာ​သို့​သွား​၍​အိပ် လေ​သည်။ ရု​သ​သည်​သူ​၏​ထံ​သို့​တိတ်​တ ဆိတ်​ချဉ်း​ကပ်​၍ စောင်​ကို​မ​ပြီး​လျှင်​သူ​၏ ခြေ​ရင်း​တွင်​လဲ​လျောင်း​လိုက်​၏။-
8 At midnight, the man was startled and turned himself; and behold, a woman lay at his feet.
သန်း​ခေါင်​အ​ချိန်​၌​ဗောဇ​သည်​အိပ်​ရာ​မှ​ရုတ် တ​ရက်​နိုး​လာ​သ​ဖြင့် ကိုယ်​ကို​လှည့်​လိုက်​ရာ မိ​မိ​ခြေ​ရင်း​တွင် အိပ်​လျက်​နေ​သည့်​အမျိုး သမီး​ကို​တွေ့​ရှိ​ရ​သ​ဖြင့်၊-
9 He said, “Who are you?” She answered, “I am Ruth your servant. Therefore spread the corner of your garment over your servant; for you are a near kinsman.”
``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။ ရု​သ​က​လည်း``အ​ရှင်၊ ကျွန်​မ​သည်​ရု​သ​ဖြစ် ပါ​သည်။ အ​ရှင်​သည်​ကျွန်​မ​နှင့်​ဆွေ​မျိုး​တော် စပ်​သူ​ဖြစ်​၍ ကျွန်​မ​အား​ကြည့်​ရှု​စောင့်​ရှောက် ရန်​တာ​ဝန်​ရှိ​သူ​ဖြစ်​ပါ​၏။ ထို့​ကြောင့်​ကျွန်​မ အား​ထိမ်း​မြား​လက်​ထပ်​တော်​မူ​ပါ'' ဟု​ပြန် ပြော​လေ​၏။
10 He said, “You are blessed by the LORD, my daughter. You have shown more kindness in the latter end than at the beginning, because you didn’t follow young men, whether poor or rich.
၁၀ဗော​ဇ​က​လည်း``သင့်​ကို​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ ယ​ခု​သင်​ပြု သော​အ​မှု​သည် ယ​ခင်​က​သင့်​ယောက္ခ​မ​အား ပြု​ခဲ့​သည့်​အ​မှု​ထက်​ပင်​ပို​၍ သင်​၏​သစ္စာ​ရှိ မှု​ကို​ပေါ်​လွင်​စေ​ပါ​၏။ သင်​သည်​ဆင်း​ရဲ​သူ သို့​မ​ဟုတ်​ချမ်း​သာ​သူ လူ​ပျို​လူ​ရွယ်​တစ်​စုံ တစ်​ယောက်​ကို​ရှာ​နိုင်​သော်​လည်း​မ​ရှာ​ခဲ့​ပါ။-
11 Now, my daughter, don’t be afraid. I will do to you all that you say; for all the city of my people knows that you are a worthy woman.
၁၁ရု​သ၊ ယ​ခု​သင်​မ​စိုး​ရိမ်​ပါ​နှင့်။ သင်​ပြော သ​မျှ​အ​တိုင်း​ငါ​ပြု​မည်။ သင်​သည်​အ​ကျင့် သီ​လ​ရှိ​သည့်​အ​မျိုး​သ​မီး​တစ်​ဦး​ဖြစ် သည်​ကို​တစ်​မြို့​လုံး​သိ​ကြ​ပါ​သည်။-
12 Now it is true that I am a near kinsman. However, there is a kinsman nearer than I.
၁၂ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။-
13 Stay this night, and in the morning, if he will perform for you the part of a kinsman, good. Let him do the kinsman’s duty. But if he will not do the duty of a kinsman for you, then I will do the duty of a kinsman for you, as the LORD lives. Lie down until the morning.”
၁၃သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။
14 She lay at his feet until the morning, then she rose up before one could discern another. For he said, “Let it not be known that the woman came to the threshing floor.”
၁၄သို့​ဖြစ်​၍​ရု​သ​သည်​မိုး​သောက်​ချိန်​တိုင်​အောင် ဗော​ဇ​၏​ခြေ​ရင်း​တွင်​အိပ်​လျက်​နေ​၏။ သို့​သော် လည်း​ဗော​ဇ​သည်​ရု​သ​ရောက်​ရှိ​လာ​ကြောင်း ကို အ​ဘယ်​သူ​မျှ​မ​သိ​စေ​လို​သော​ကြောင့် ရု​သ​သည်​မိုး​မ​လင်း​မီ​အိပ်​ရာ​မှ​ထ​လေ သည်။-
15 He said, “Bring the mantle that is on you, and hold it.” She held it; and he measured six measures of barley, and laid it on her; then he went into the city.
၁၅ထို​အ​ခါ​ဗော​ဇ​က​သူ့​အား``သင်​၏​ခြုံ​ထည် ကို​ဤ​နေ​ရာ​တွင်​ဖြန့်​လော့'' ဟု​ဆို​သည် အ​တိုင်း​သူ​သည်​ပြု​၏။ ဗော​ဇ​သည်​မု​ယော စ​ပါး​တစ်​တင်း​ခန့်​ကို​လောင်း​ထည့်​ပြီး​လျှင် ချီ​ပင့်​၍​ပေး​သ​ဖြင့်​ရု​သ​သည်​ထို​စ​ပါး ထုပ်​နှင့်​မြို့​သို့​ပြန်​လေ​၏။-
16 When she came to her mother-in-law, she said, “How did it go, my daughter?” She told her all that the man had done for her.
၁၆သူ​သည်​မိ​မိ​၏​ယောက္ခမ​ထံ​သို့​ရောက်​သော အ​ခါ ယောက္ခ​မ​က``ငါ့​သ​မီး၊ သင့်​အ​ရေး အ​ဘယ်​သို့​နည်း'' ဟု​မေး​၏။ ရု​သ​သည်​ဗော​ဇ​ပြု​သ​မျှ​ကို​နော​မိ အား​ပြန်​ကြား​ပြီး​နောက်၊-
17 She said, “He gave me these six measures of barley; for he said, ‘Don’t go empty to your mother-in-law.’”
၁၇``သူ​သည်​ကျွန်​မ​အား`မိ​ခင်​ထံ​သို့​လက်​ချည်း သက်​သက်​မ​ပြန်​ရ' ဟု​ဆို​ကာ​ဤ​မု​ယော​စ​ပါး ကို​ပေး​လိုက်​ပါ​သေး​သည်'' ဟု​ပြော​၏။
18 Then she said, “Wait, my daughter, until you know what will happen; for the man will not rest until he has settled this today.”
၁၈နော​မိ​က``ရု​သ၊ ဤ​အ​မှု​အ​ဘယ်​သို့​အ​ဆုံး သတ်​သည် ကို​သိ​ရှိ​ရ​သည်​တိုင်​အောင်​စိတ်​ရှည် လျက်​စောင့်​နေ​ပါ​လော့။ ဗော​ဇ​သည်​ယ​နေ့ ဤ​ကိစ္စ​မ​ပြီး​ပြတ်​မ​ချင်း နား​နေ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။

< Ruth 3 >