< Micah 5 >

1 Now you shall gather yourself in troops, daughter of troops. He has laid siege against us. They will strike the judge of Israel with a rod on the cheek.
``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​၏​တပ်​များ ကို​စု​ရုံး​စေ​ကြ​လော့၊ ငါ​တို့​ကို​ရန်​သူ​များ ဝိုင်း​ထား​ကြ​ပြီ။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ပစ်​ရန်​ကြိုး​စား​ကြ​၏။
2 But you, Bethlehem Ephrathah, being small among the clans of Judah, out of you one will come out to me who is to be ruler in Israel; whose goings out are from of old, from ancient times.
ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဖ​ရတ်​ခ​ရိုင်၊ ဗက်​လင် မြို့၊ သင်​သည်​ယု​ဒ​ပြည်​တွင်​သိမ်​ငယ်​သော မြို့​တစ်​မြို့​ဖြစ်​သော်​လည်း ရှေး​မင်း​ဆက်​ထဲ မှ​ဣ​သ​ရေ​လ​အမျိုး​သား​တို့​ကို​အုပ်​စိုး မည့်​ဘု​ရင်​တစ်​ပါး​ကို​ငါ​ပေါ်​ထွန်း​စေ မည်'' ဟု​မိန့်​တော်​မူ​၏။
3 Therefore he will abandon them until the time that she who is in labor gives birth. Then the rest of his brothers will return to the children of Israel.
သို့​ဖြစ်​၍​မိ​ခင်​သား​ဖွား​သည့်​အ​ချိန်​တိုင် အောင် ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​ကို ရန်​သူ​တို့​၏​လက်​တွင်း​၌​စွန့်​ပစ် ထား​တော်​မူ​လိမ့်​မည်။ ထို​နောက်​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် မိ​မိ​တို့​၏​သား​ချင်း တို့​နှင့်​ပြန်​လည်​ပေါင်း​စည်း​ရ​ကြ​လိမ့် မည်။-
4 He shall stand, and shall shepherd in the strength of the LORD, in the majesty of the name of the LORD his God. They will live, for then he will be great to the ends of the earth.
ထို​ဘု​ရင်​ကြွ​လာ​သော​အ​ခါ​သူ​သည် ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ရ​သော​အ​စွမ်း​သတ္တိ​နှင့် လည်း​ကောင်း၊ သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​တန်​ခိုး​တော်​နှင့်​လည်း​ကောင်း မိ​မိ​၏​လူ​စု​ကို​အုပ်​စိုး​လိမ့်​မည်။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သူ ၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို​ဝန်​ခံ​ကြ သ​ဖြင့် သူ​၏​လူ​မျိုး​တော်​သည်​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-
5 He will be our peace when Assyria invades our land and when he marches through our fortresses, then we will raise against him seven shepherds, and eight leaders of men.
တိုင်း​ပြည်​သည်​လည်း​ငြိမ်း​ချမ်း​သာ​ယာ လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​၏​နိုင်​ငံ ကို​တိုက်​ခိုက်​၍ ငါ​တို့​၏​ခံ​တပ်​များ​ကို​ချိုး ဖောက်​ဝင်​ရောက်​ကြ​သော​အ​ခါ၊ ငါ​တို့​တွင် ခွန်​အား​ကြီး​သော​ခေါင်း​ဆောင်​များ​ကို​စေ လွှတ်​၍ ရန်​သူ​တို့​ကို​ခု​ခံ​တိုက်​ခိုက်​မည်။-
6 They will rule the land of Assyria with the sword, and the land of Nimrod in its gates. He will deliver us from the Assyrian, when he invades our land, and when he marches within our border.
သူ​တို့​သည်​လက်​နက်​အင်​အား​ဖြင့်​အာ​ရှု​ရိ ပြည်၊ နိမ်​ရော​ဋ္ဌ​ပြည်​ကို​တိုက်​ခိုက်​အောင်​မြင် ကြ​လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​များ​က ငါ​တို့​၏​နယ်​မြေ​ကို​ဝင်​ရောက်​တိုက်​ခိုက်​သော အ​ခါ ထို​ခေါင်း​ဆောင်​များ​သည်​ငါ​တို့ အား​ရန်​သူ​၏​လက်​မှ​ကယ်​တင်​လိမ့်​မည်။
7 The remnant of Jacob will be among many peoples like dew from the LORD, like showers on the grass, that don’t wait for man nor wait for the sons of men.
အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကျ​စေ တော်​မူ​သော​နှင်း​ကဲ့​သို့​နိုင်​ငံ​များ​စွာ​အား လန်း​ဆန်း​စေ​လိမ့်​မည်။ အ​ပင်​များ​ပေါ်​သို့ ရွာ​သွန်း​သော​မိုး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ယင်း တို့​သည်​လူ​တို့​၏​အ​မိန့်​ကို​မ​နာ​ခံ၊ ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို​သာ​နာ​ခံ​ကြ​၏။-
8 The remnant of Jacob will be among the nations, among many peoples, like a lion among the animals of the forest, like a young lion among the flocks of sheep; who, if he goes through, treads down and tears in pieces, and there is no one to deliver.
တော​သား​ရဲ​များ​ထဲ​သို့​ရောက်​ရှိ​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​အုပ်​ထဲ​သို့​ရောက် ရှိ​နေ​သော​ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း အ​သက် မ​သေ​ဘဲ​ကျန်​ရစ်​ခဲ့​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အ​ခြား​လူ​မျိုး​များ​ထဲ​တွင် ရောက်​ရှိ​နေ​လိမ့်​မည်။ ခြင်္သေ့​သည်​သိုး​အုပ်​ထဲ သို့​ဝင်​၍ သိုး​များ​ကို​အုပ်​ဖမ်း​လျက်​အ​ပိုင်း ပိုင်း​ကိုက်​ဖြတ်​မည်​ဖြစ်​ရာ၊ မည်​သူ​က​မျှ ကယ်​နိုင်​မည်​မ​ဟုတ်။-
9 Let your hand be lifted up above your adversaries, and let all of your enemies be cut off.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရန်​သူ များ​ကို တိုက်​ခိုက်​ချေ​မှုန်း​ကြ​လိမ့်​မည်။
10 “It will happen in that day”, says the LORD, “that I will cut off your horses from among you and will destroy your chariots.
၁၀ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​တွင်​ငါ​သည် သင်​တို့​၏​မြင်း​များ​ကို​ဖယ်​ရှား​၍ သင်​တို့​၏ စစ်​ရ​ထား​များ​ကို​ဖျက်​ဆီး​မည်။-
11 I will cut off the cities of your land and will tear down all your strongholds.
၁၁ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော​မြို့​များ ကို​ဖျက်​ဆီး​၍ သင်​တို့​၏​ခံ​တပ်​များ​ကို ဖြို​ဖျက်​မည်။-
12 I will destroy witchcraft from your hand. You shall have no soothsayers.
၁၂ငါ​သည်​သင်​တို့​ဆောင်​ထား​သော​အင်း​အိုင် လက်​ဖွဲ့​များ​ကို​ဖျက်​ဆီး​သ​ဖြင့် သင်​တို့​တွင် ဗေ​ဒင်​ဟော​သူ​မ​ရှိ​စေ​ရ။-
13 I will cut off your engraved images and your pillars from among you; and you shall no more worship the work of your hands.
၁၃ငါ​သည်​သင်​တို့​ဝတ်​ပြု​သော​ရုပ်​တု​များ​နှင့် ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို​ဖျက်​ဆီး မည်။ နောက်​တစ်​ဖန်​သင်​တို့​သည်​သင်​တို့​လက် ဖြင့်​လုပ်​သော​အ​ရာ​များ​ကို​မ​ကိုး​ကွယ်​ရ။-
14 I will uproot your Asherah poles from among you; and I will destroy your cities.
၁၄ငါ​သည်​သင်​တို့​ပြည်​တွင်​ရှိ​သော အာ​ရှ​ရ နတ်​သ​မီး​တံ​ခွန်​တိုင်​များ​နှင့် ရုပ်​တု​များ ကို​ဖျက်​ဆီး​ပစ်​မည်။-
15 I will execute vengeance in anger and wrath on the nations that didn’t listen.”
၁၅ငါ​၏​အ​မိန့်​ကို​မ​နာ​ခံ​သော​အ​ခြား​နိုင်ငံ များ​ကို ပြင်း​စွာ​အ​မျက်​ထွက်​၍​ငါ​ဒဏ် စီ​ရင်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Micah 5 >