< Proverbs 28 >

1 The wicked flee when no one pursues; but the righteous are as bold as a lion.
လိုက် သောသူမ ရှိသော်လည်း ၊ မ တရားသောသူသည် ပြေး တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ ခြင်္သေ့ ကဲ့သို့ ရဲရင့် တတ်၏။
2 In rebellion, a land has many rulers, but order is maintained by a man of understanding and knowledge.
ပြည်သူ ပြည်သားအပြစ် ကြောင့် ၊ မင်း တို့သည် များပြား တတ်ကြ၏။ ဉာဏ် ပညာနှင့် ပြည့်စုံ သောသူအားဖြင့် နိုင်ငံ တည်တတ်၏။
3 A needy man who oppresses the poor is like a driving rain which leaves no crops.
ဆင်းရဲ သားတို့ကို ညှဉ်းဆဲ သော ဆင်းရဲ သားသည် အဘယ်စားစရာ မျှ မ ကြွင်းစေဘဲ၊ သုတ်သင် ပယ်ရှင်း သော မိုဃ်း ရေနှင့်တူ၏။
4 Those who forsake the Torah praise the wicked; but those who keep the Torah contend with them.
တရား ကိုဖျက် သောသူသည် မ တရားသောသူတို့ ကို ချီးမွမ်း တတ်၏။ တရား ကို စောင့် သောသူမူကား ၊ သူ တို့နှင့် ဆန့်ကျင် ဘက်ပြုတတ်၏။
5 Evil men don’t understand justice; but those who seek the LORD understand it fully.
အဓမ္မ လူ သည် တရား စီရင်ခြင်းကို နား မ လည်တတ်။ ထာဝရဘုရား ကို ရှာ သောသူမူကား ၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည် တတ်၏။
6 Better is the poor who walks in his integrity than he who is perverse in his ways, and he is rich.
မ မှန်သောအမှုကို ပြု သောသူ သည် ငွေ ရတတ်သော်လည်း ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သားသည် သာ၍ မြတ် ၏။
7 Whoever keeps the Torah is a wise son; but he who is a companion of gluttons shames his father.
တရား ကိုစောင့် သောသူသည် ပညာ ရှိသော သား ဖြစ်၏။ စားကြူး သောသူတို့နှင့် ပေါင်းဘော် သောသူ မူကား ၊ မိမိ အဘ ကို အရှက်ခွဲ တတ်၏။
8 He who increases his wealth by excessive interest gathers it for one who has pity on the poor.
အတိုး စား၍ မတရားသော အမြတ်အားဖြင့်ဥစ္စာ ကို ဆည်းဖူးသောသူ သည် ဆင်းရဲသား တို့ကို သနား သောသူအဘို့ သာ ဆည်းဖူး တတ်၏။
9 He who turns away his ear from hearing the Torah, even his prayer is an abomination.
တရား မနာ ၊ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း ၊ သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
10 Whoever causes the upright to go astray in an evil way, he will fall into his own trap; but the blameless will inherit good.
၁၀ဖြောင့်မတ် သောသူကို လမ်းလွှဲ၍၊ မ ကောင်းသော လမ်း ထဲသို့ သွေးဆောင် သောသူသည် မိမိ တူး သော တွင်းထဲသို့ မိမိ ကျ လိမ့်မည်။ သဘော ဖြောင့်သောသူမူကား ၊ ကောင်း သောအရာတို့ကို အမွေခံ ရလိမ့်မည်။
11 The rich man is wise in his own eyes; but the poor who has understanding sees through him.
၁၁ငွေ ရတတ်သောသူ က၊ ငါသည်ပညာ ရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ် ကောင်းသော ဆင်းရဲသား မူကား ၊ ထိုသူ ကို စစ်ကြော တတ်၏။
12 When the righteous triumph, there is great glory; but when the wicked rise, men hide themselves.
၁၂ဖြောင့်မတ် သောသူတို့သည် ဝမ်းမြောက် သောအခါ ဘုန်း ကြီး တတ်၏။ မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ လူ တို့သည် ပုန်းရှောင် ၍ နေတတ်ကြ၏။
13 He who conceals his sins doesn’t prosper, but whoever confesses and renounces them finds mercy.
၁၃မိမိ အပြစ် ကို ဝှက်ထား သောသူသည် ချမ်းသာ မ ရ။ မိမိအပြစ်ကို ဘော်ပြ ဝန်ချ၍ စွန့်ပစ် သော သူမူကား ၊ ကရုဏာ တော်ကိုခံရလိမ့်မည်။
14 Blessed is the man who always fears; but one who hardens his heart falls into trouble.
၁၄အစဉ် မပြတ်ကြောက်ရွံ့ သောသူ သည် မင်္ဂလာ ရှိ ၏။ မိမိ စိတ် နှလုံးကို ခိုင်မာ စေသောသူမူကား ၊ ဘေးဥပဒ် နှင့် တွေ့ လိမ့်မည်။
15 As a roaring lion or a charging bear, so is a wicked ruler over helpless people.
၁၅ဆင်းရဲ သားတို့ကို အုပ်စိုး သော အဓမ္မ မင်းသည် ဟောက် သောခြင်္သေ့ ၊ လှည့်လည် သောဝံ နှင့်တူ၏။
16 A tyrannical ruler lacks judgement. One who hates ill-gotten gain will have long days.
၁၆ဉာဏ် မ ရှိသောမင်း သည် ပြင်း စွာညှဉ်းဆဲ တတ် ၏။ လောဘ ကို မုန်း သောမင်းမူကား၊ အသက်တာ ရှည် လိမ့်မည်။
17 A man who is tormented by blood guilt will be a fugitive until death. No one will support him.
၁၇လူ အသက် ကို ညှဉ်းဆဲ သောသူသည် သင်္ချိုင်း တွင်း သို့ ပြေး ပါလေစေ။ အဘယ်သူမျှမ ဆီးတား စေနှင့်။
18 Whoever walks blamelessly is kept safe; but one with perverse ways will fall suddenly.
၁၈ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်း လဲ လိမ့်မည်။
19 One who works his land will have an abundance of food; but one who chases fantasies will have his fill of poverty.
၁၉လယ် လုပ် သောသူသည် ဝ စွာစားရ၏။ အချည်းနှီး သောအမှုကို စောင့် သောသူမူကား ၊ ဆင်းရဲ ခြင်းနှင့် ဝ လိမ့်မည်။
20 A faithful man is rich with blessings; but one who is eager to be rich will not go unpunished.
၂၀သစ္စာ စောင့်သောသူ သည် ကောင်းကြီး မင်္ဂလာ နှင့် ကြွယ်ဝ လိမ့်မည်။ ငွေ ရတတ်ခြင်းငှါ အလျင် အမြန်ပြုသောသူမူကား ၊ အပြစ် နှင့်မ လွတ်ရ။
21 To show partiality is not good, yet a man will do wrong for a piece of bread.
၂၁လူမျက်နှာ ကို မ ထောက် ကောင်း။ သို့သော်လည်း ၊ လူ သည် မုန့် တဖဲ့ ကိုရခြင်းငှါ ဒုစရိုက် ကို ပြုလိမ့်မည်။
22 A stingy man hurries after riches, and doesn’t know that poverty waits for him.
၂၂ငွေ ရတတ်ခြင်းငှါ အလျင်အမြန် ပြုသော သူ သည် မ နာလိုသောသဘော ရှိတတ်၏။ နောက် တဖန် ဆင်းရဲ ခြင်းသို့ ရောက် မည်ဟု မ အောက်မေ့ တတ်။
23 One who rebukes a man will afterward find more favour than one who flatters with the tongue.
၂၃ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ကျေးဇူးကိုခံရလိမ့်မည်။
24 Whoever robs his father or his mother and says, “It’s not wrong,” is a partner with a destroyer.
၂၄အပြစ် မ ရှိဟုဆို လျက် ၊ မိဘ ဥစ္စာကို လုယူ သောသူသည် ဖျက်ဆီး သောသူ ၏ အပေါင်း အဘော်ဖြစ်၏။
25 One who is greedy stirs up strife; but one who trusts in the LORD will prosper.
၂၅စိတ် မြင့် သောသူသည် ခိုက်ရန် ကို နှိုးဆော် တတ် ၏။ ထာဝရဘုရား ကို ခိုလှုံ သောသူမူကား ၊ ကြွယ်ဝ တတ် ၏။
26 One who trusts in himself is a fool; but one who walks in wisdom is kept safe.
၂၆မိမိ စိတ် နှလုံးကို ကိုးစား သောသူသည် လူမိုက် ဖြစ်၏။ ပညာ သတိနှင့် ကျင့် သောသူမူကား ၊ ဘေးလွတ် တတ်၏။
27 One who gives to the poor has no lack; but one who closes his eyes will have many curses.
၂၇ဆင်းရဲ သားတို့အား စွန့်ကြဲ သောသူသည်ကိုယ်တိုင် မ ဆင်းရဲ ရာ။ လွှဲရှောင် သောသူမူကား ၊ များစွာ သော ကျိန်ဆဲ ခြင်းကိုခံရ လိမ့်မည်။
28 When the wicked rise, men hide themselves; but when they perish, the righteous thrive.
၂၈မ တရားသောသူတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သောအခါ ၊ လူ တို့သည် ပုန်းရှောင် ၍ နေရကြ၏။ ပျက်စီး ခြင်းသို့ ရောက်သောအခါ ၊ ဖြောင့်မတ် သောသူတို့ သည် ပွားများ တတ်ကြ၏။

< Proverbs 28 >