< Numbers 27 >

1 Then the daughters of Zelophehad, the son of Hepher, the son of Gilead, the son of Machir, the son of Manasseh, of the families of Manasseh the son of Joseph came near. These are the names of his daughters: Mahlah, Noah, Hoglah, Milcah, and Tirzah.
ထိုအခါ ယောသပ် ၏သား ၊ မနာရှေ အဆွေအမျိုး ၌ပါလျက်၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖေရ တို့မှ ဆင်းသက်သော ဇလောဖဒ် ၏သမီး မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တို့သည်လာ ၍၊
2 They stood before Moses, before Eleazar the priest, and before the princes and all the congregation, at the door of the Tent of Meeting, saying,
ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊ မင်း များ၊ ပရိသတ် များအပေါင်း တို့ ရှေ့မှာ ရပ် လျက်၊
3 “Our father died in the wilderness. He was not amongst the company of those who gathered themselves together against the LORD in the company of Korah, but he died in his own sin. He had no sons.
အကျွန်ုပ် တို့၏အဘ သည် တော ၌ သေ ပါ၏။ ထာဝရဘုရား တဘက် ၌ စုဝေး သော အပေါင်းအသင်း ၊ ကောရ ၏အပေါင်းအသင်း ၌ မ ပါ။ မိမိ အပြစ် ကြောင့် သေ ပါ၏။ သူ ၌ သား ယောက်ျား မ ရှိ ပါ။
4 Why should the name of our father be taken away from amongst his family, because he had no son? Give to us a possession amongst the brothers of our father.”
ထိုသို့ သား ယောက်ျားမ ရှိ သောကြောင့် ၊ အကျွန်ုပ် တို့အဘ ၏ အမည် သည် အကျွန်ုပ်တို့အဆွေအမျိုး ၌ ပျောက် ရပါမည်လော။ အကျွန်ုပ် တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ ၊ အကျွန်ုပ် တို့အား အမွေပေး ပါဟု လျှောက် ကြ၏။
5 Moses brought their cause before the LORD.
သူ တို့အမှု ကို မောရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ထား လေ၏။
6 The LORD spoke to Moses, saying,
ထာဝရဘုရား ကလည်း ၊ ဇလောဖဒ် သမီး တို့၏ စကားသည် လျောက်ပတ် ပေ၏။
7 “The daughters of Zelophehad speak right. You shall surely give them a possession of an inheritance amongst their father’s brothers. You shall cause the inheritance of their father to pass to them.
အကယ်စင်စစ်သူ တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကို သူ တို့အား ပေး ရမည်။ သူ တို့အဘ ၏အမွေ ဥစ္စာသည် သူ တို့လက်သို့ ရောက် စေရ မည်။
8 You shall speak to the children of Israel, saying, ‘If a man dies, and has no son, then you shall cause his inheritance to pass to his daughter.
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သား ယောက်ျားမ ရှိဘဲသေ လျှင် ၊ သူ ၏အမွေ ဥစ္စာကို သူ ၏သမီး လက်သို့ ရောက် စေရမည်။
9 If he has no daughter, then you shall give his inheritance to his brothers.
သမီး မ ရှိလျှင် ၊ သူ ၏ အမွေ ဥစ္စာကို သူ ၏ ညီအစ်ကို တို့အား ပေး ရမည်။
10 If he has no brothers, then you shall give his inheritance to his father’s brothers.
၁၀ညီအစ်ကို မ ရှိလျှင် ၊ အမွေ ဥစ္စာကို ဘကြီး ဘထွေးတို့အား ပေး ရမည်။
11 If his father has no brothers, then you shall give his inheritance to his kinsman who is next to him of his family, and he shall possess it. This shall be a statute and ordinance for the children of Israel, as the LORD commanded Moses.’”
၁၁ဘကြီး ဘထွေးမ ရှိလျှင် ၊ သူ ၏အဆွေအမျိုး ၌ နီးစပ် ရင်းခြာသော ပေါက်ဘော် အား ပေး ၍ ၊ ထိုသူသည် ပိုင် ရမည်။ ဤရွေ့ကား၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့၌ စီရင် ထုံးဖွဲ့ချက်ဖြစ် စေဟု မောရှေ အား မိန့် တော်မူ၏။
12 The LORD said to Moses, “Go up into this mountain of Abarim, and see the land which I have given to the children of Israel.
၁၂တဖန် ထာဝရဘုရား က၊ သင်သည် ဤ အာဗရိမ် တောင် ပေါ်သို့ တက် လော့။ ဣသရေလ အမျိုးသား တို့ အား ငါပေး သောပြည် ကို ကြည့်ရှု လော့။
13 When you have seen it, you also shall be gathered to your people, as Aaron your brother was gathered;
၁၃သို့ပြီးမှ ၊ သင် ၏အစ်ကို အာရုန် သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားသကဲ့သို့ ၊ သင် သည်လည်း သွား ရမည်။
14 because in the strife of the congregation, you rebelled against my word in the wilderness of Zin, to honour me as holy at the waters before their eyes.” (These are the waters of Meribah of Kadesh in the wilderness of Zin.)
၁၄အကြောင်းမူကား၊ ပရိသတ် တို့သည် ဇိန တော ၊ ကာဒေရှ အရပ်၊ မေရိဘ စမ်းရေ အနား၌ ရုန်းရင်းခတ် ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကား ကို ဆန့်ကျင်ဘက် ပြု၍၊ သူ တို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသော အပြစ်ရှိသည် ဟု မောရှေ အား မိန့် တော်မူ၏။
15 Moses spoke to the LORD, saying,
၁၅မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်း မ ရှိသော သိုး ကဲ့သို့ မ ဖြစ် မည် အကြောင်း ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ် ကို အစိုးရတော်မူသောဘုရားသခင် ထာဝရဘုရား သည်၊ ဤပရိသတ် တို့ရှေ့၌ ထွက် ဝင် နိုင်သောသူ ၊ ပြင် သို့ ထုတ် ခြင်း၊ အတွင်း သို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက် ကို သူ တို့အပေါ် မှာ ခန့်ထား တော်မူပါစေသောဟု ထာဝရဘုရား အား လျှောက် လေ၏။
16 “Let the LORD, the God of the spirits of all flesh, appoint a man over the congregation,
၁၆
17 who may go out before them, and who may come in before them, and who may lead them out, and who may bring them in, that the congregation of the LORD may not be as sheep which have no shepherd.”
၁၇
18 The LORD said to Moses, “Take Joshua the son of Nun, a man in whom is the Spirit, and lay your hand on him.
၁၈ထာဝရဘုရား ကလည်း ၊ ဝိညာဉ် တော်ကိုရသော နုန် ၏သား ယောရှု ကိုခေါ် ၍ ၊ သင် ၏လက် ကို သူ့ အပေါ် မှာတင် လော့။
19 Set him before Eleazar the priest, and before all the congregation; and commission him in their sight.
၁၉ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ သူ့ ကိုထား ၍ မှာ ခဲ့လော့။
20 You shall give authority to him, that all the congregation of the children of Israel may obey.
၂၀ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ သူ၏ စကားကို နားထောင် မည်အကြောင်း ၊ သင် ၏ ဘုန်း အသရေအချို့ ကို သူ့ အပေါ် ၌ တင် ထားလော့။
21 He shall stand before Eleazar the priest, who shall enquire for him by the judgement of the Urim before the LORD. At his word they shall go out, and at his word they shall come in, both he and all the children of Israel with him, even all the congregation.”
၂၁ထိုသူသည်ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့မှာ ရပ် သောအခါ ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ဥရိမ် စီရင် ဆုံးဖြတ်သော တရားအတိုင်း၊ သူ့ အတွက် မေးမြန်း ရမည်။ သူ စီရင် သည်အတိုင်း ၊ သူ နှင့်အတူ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ထွက် ဝင် ရကြမည်ဟု ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း မောရှေ ပြု လျက်၊ ယောရှု ကိုခေါ် ၍ ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ ထား ပြီးလျှင် ၊
22 Moses did as the LORD commanded him. He took Joshua, and set him before Eleazar the priest and before all the congregation.
၂၂
23 He laid his hands on him and commissioned him, as the LORD spoke by Moses.
၂၃သူ့ အပေါ် မှာလက် ကိုတင် ၍ မှာ ခဲ့လေ၏။ ထိုသို့ ထာဝရဘုရား သည်မောရှေ အားဖြင့် ပညတ် ထားတော်မူ၏။

< Numbers 27 >