< Numbers 16 >
1 Now Korah, the son of Izhar, the son of Kohath, the son of Levi, with Dathan and Abiram, the sons of Eliab, and On, the son of Peleth, sons of Reuben, took some men.
၁လေဝိ အမျိုး ၊ ကောဟတ် သား ဣဇဟာ ၏ သား ကောရ သည်၊ ရုဗင် အမျိုး ဧလျာဘ ၏သား ဒါသန် နှင့် အဘိရံ ၊ ပေလက် ၏သား ဩန တို့ကို ခေါ် ပြီးလျှင် ၊
2 They rose up before Moses, with some of the children of Israel, two hundred and fifty princes of the congregation, called to the assembly, men of renown.
၂ပရိသတ် ၌ ကျော်စော ၍ ဂုဏ် အသရေရှိသောသူ၊ အစည်းအဝေး ၌ မင်း ပြုသောသူ၊ ဣသရေလ အမျိုးသား နှစ်ရာ ငါးဆယ် နှင့်တကွ၊ မောရှေ ကို ပုန်ကန် ၍၊
3 They assembled themselves together against Moses and against Aaron, and said to them, “You take too much on yourself, since all the congregation are holy, everyone of them, and the LORD is amongst them! Why do you lift yourselves up above the LORD’s assembly?”
၃မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး လျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ် ရှိသမျှ အပေါင်း တို့သည် သန့်ရှင်း ကြ၏။ ထာဝရဘုရား သည် သူ တို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား ၏ပရိသတ် အပေါ် မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက် ရသနည်းဟု ဆို လေ၏။
4 When Moses heard it, he fell on his face.
၄ထိုစကားကို မောရှေ ကြား လျှင် ပြပ်ဝပ် လျက် နေ၏။
5 He said to Korah and to all his company, “In the morning, the LORD will show who are his, and who is holy, and will cause him to come near to him. Even him whom he shall choose, he will cause to come near to him.
၅တဖန် မောရှေက၊ အဘယ်သူ သည် ထာဝရ ဘုရား ၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်း သည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ် စေမည်ကို၎င်း၊ နက်ဖြန် နေ့၌ ထာဝရဘုရား ပြ တော်မူမည်။ ရွေးကောက် တော်မူသောသူ ကိုလည်း အနီးအပါးသို့ ချဉ်းကပ် စေတော်မူမည်။
6 Do this: have Korah and all his company take censers,
၆အိုကောရ နှင့် ကောရ၏အပေါင်းအသင်း ရှိသမျှ တို့၊ သင် တို့ပြု ရမည်အမှုဟူမူကား၊ လင်ပန်း တို့ကို ယူ ၍ ၊
7 put fire in them, and put incense on them before the LORD tomorrow. It shall be that the man whom the LORD chooses, he shall be holy. You have gone too far, you sons of Levi!”
၇နက်ဖြန် နေ့၊ ထာဝရဘုရား ရှေ့ တော်၌ မီး နှင့် လောဗန် ကို တင် ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက် တော်မူသော သူသည်၊ သန့်ရှင်း သောသူ ဖြစ် စေ။ အိုလေဝိ သား တို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆို လေ၏။
8 Moses said to Korah, “Hear now, you sons of Levi!
၈တဖန် မောရှေ က၊ အိုလေဝိ သား တို့၊ နားထောင် ကြပါလော့။
9 Is it a small thing to you that the God of Israel has separated you from the congregation of Israel, to bring you near to himself, to do the service of the LORD’s tabernacle, and to stand before the congregation to minister to them;
၉သင်တို့သည် ထာဝရဘုရား ၏ တဲ တော်အမှု ကို ဆောင်ရွက် ၍၊ ပရိသတ် ရှေ့မှာ ရပ် လျက်၊ သူ တို့အမှု ကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင် သည်၊ သင် တို့ကို အနီးအပါး သို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလ အမျိုး ပရိသတ် နှင့် ခွဲ ထား၍ ၊
10 and that he has brought you near, and all your brothers the sons of Levi with you? Do you seek the priesthood also?
၁၀သင့် ကို၎င်း ၊ သင့် ညီအစ်ကို လေဝိ သား အပေါင်း တို့ကို၎င်း၊ အနီးအပါး ၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာ ကြသည်တကား။
11 Therefore you and all your company have gathered together against the LORD! What is Aaron that you complain against him?”
၁၁ထိုကြောင့် သင် နှင့် သင် ၏အပေါင်းအသင်း ရှိသမျှ တို့ သည် ထာဝရဘုရား တဘက် ၌ စုဝေး ကြပြီ တကား။ အာရုန် ကို အပြစ်တင် ၍ မြည်တမ်းရမည် အကြောင်း ၊ သူ သည်အဘယ်သို့ သောသူဖြစ်သနည်းဟု ကောရ အား ဆို ပြီးမှ ၊
12 Moses sent to call Dathan and Abiram, the sons of Eliab; and they said, “We won’t come up!
၁၂ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ကို ခေါ် ခြင်းငှါ စေလွှတ် လေ၏။ သူတို့ကလည်း ငါတို့မ လာ။
13 Is it a small thing that you have brought us up out of a land flowing with milk and honey, to kill us in the wilderness, but you must also make yourself a prince over us?
၁၃သင်သည် ဤတော ၌ ငါ တို့ကိုသတ် လို၍ နို့ နှင့် ပျားရည် စီး သော ပြည် မှ ဆောင် ခဲ့သော်လည်း၊ ငါ တို့ အပေါ် ၌ လုံးလုံးမင်း မပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
14 Moreover you haven’t brought us into a land flowing with milk and honey, nor given us inheritance of fields and vineyards. Will you put out the eyes of these men? We won’t come up.”
၁၄ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။
15 Moses was very angry, and said to the LORD, “Don’t respect their offering. I have not taken one donkey from them, neither have I hurt one of them.”
၁၅မောရှေ သည် အလွန် အမျက် ထွက်၍ ၊ ဤသူ တို့ ပူဇော်သက္ကာကို ပမာဏ ပြုတော်မ မူပါနှင့်။ သူတို့ဥစ္စာ မြည်း တ ကောင်ကိုမျှ အကျွန်ုပ်မ သိမ်း ပါ။ သူ တို့တွင် တယောက် ကိုမျှ မ ညှဉ်းဆဲ ပါဟု ထာဝရဘုရား အား လျှောက် ၍ ၊
16 Moses said to Korah, “You and all your company go before the LORD, you, and they, and Aaron, tomorrow.
၁၆ကောရ အား လည်း၊ အာရုန် နှင့် သင် အစရှိသောသင် ၏အပေါင်းအသင်း ရှိသမျှ တို့သည်၊ နက်ဖြန် နေ့ ထာဝရဘုရား ရှေ့ တော်၌ ရှိ ကြလော့။
17 Each man take his censer and put incense on it, and each man bring before the LORD his censer, two hundred and fifty censers; you also, and Aaron, each with his censer.”
၁၇လူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များကို ယူ ၍ လောဗန် ကို တင် ပြီးမှ ၊ သင် နှင့် အာရုန် သည်လည်း မိမိ တို့ လင်ပန်း ပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာ ငါးဆယ် တို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့ ကြလော့ဟု ဆို သည်အတိုင်း ၊
18 They each took his censer, and put fire in it, and laid incense on it, and stood at the door of the Tent of Meeting with Moses and Aaron.
၁၈ထိုသူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များ ကို ယူ ၍ မီး နှင့် လောဗန် ကို တင် ပြီးမှ ၊ မောရှေ ၊ အာရုန် နှင့်အတူ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ရပ် နေကြ ၏။
19 Korah assembled all the congregation opposite them to the door of the Tent of Meeting. The LORD’s glory appeared to all the congregation.
၁၉ကောရ သည်လည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ပရိသတ် အပေါင်း တို့ကို မောရှေနှင့် အာရုန်တဘက် ၌ စုဝေး စေပြီးမှ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ပရိသတ် အပေါင်း တို့၌ ထင်ရှား လေ၏။
20 The LORD spoke to Moses and to Aaron, saying,
၂၀ထာဝရဘုရား ကလည်း ၊ ဤ ပရိသတ် တို့နှင့် ခွာ၍ တခြားစီ နေလော့။
21 “Separate yourselves from amongst this congregation, that I may consume them in a moment!”
၂၁ငါသည် သူ တို့ကိုချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ နှင့် အာရုန် အားမိန့် တော်မူလျှင်၊
22 They fell on their faces, and said, “God, the God of the spirits of all flesh, shall one man sin, and will you be angry with all the congregation?”
၂၂သူတို့က ပြပ်ဝပ် လျက် ၊ အိုဘုရားသခင် ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင် ၊ လူ တစ် ယောက်ပြစ်မှား သောအပြစ်ကြောင့် ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်လောဟု လျှောက်ဆို လေ၏။
23 The LORD spoke to Moses, saying,
၂၃ထာဝရဘုရား ကလည်း၊
24 “Speak to the congregation, saying, ‘Get away from around the tent of Korah, Dathan, and Abiram!’”
၂၄ကောရ ၊ ဒါသန် ၊ အဘိရံ တို့၏ တဲ များကို ရှောင် ၍ နေစေခြင်းငှါ၊ ပရိသတ် တို့အား ဆင့်ဆို လော့ဟုမောရှေ အား မိန့် တော်မူသည်အတိုင်း၊
25 Moses rose up and went to Dathan and Abiram; and the elders of Israel followed him.
၂၅မောရှေ ထ ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့ နှင့်တကွ၊ ဒါသန် ၊ အဘိရံ နေရာသို့ သွား ပြီးမှ ၊
26 He spoke to the congregation, saying, “Depart, please, from the tents of these wicked men, and touch nothing of theirs, lest you be consumed in all their sins!”
၂၆ဤ လူဆိုး တို့၏နေရာ တဲ များကို ရှောင် ၍ နေကြ ပါလော့။ သူ တို့၏ဥစ္စာတစုံတခု ကိုမျှမ ထိ ကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူ တို့အပြစ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ် တို့အား ဆင့်ဆို လျှင် ၊
27 So they went away from the tent of Korah, Dathan, and Abiram, on every side. Dathan and Abiram came out, and stood at the door of their tents with their wives, their sons, and their little ones.
၂၇လူများတို့သည် ကောရ ၊ ဒါသန် ၊ အဘိရံ တဲ ပတ်ဝန်းကျင် ၌မနေဘဲ ရှောင် လွှဲ၍ သွားကြသဖြင့် ၊ ဒါသန် ၊ အဘိရံ သည်၊ သား မယား ကလေး များနှင့်တကွ ထွက် ၍ မိမိ တို့တဲ တံခါးဝ ၌ ရပ် နေကြ၏။
28 Moses said, “Hereby you shall know that the LORD has sent me to do all these works; for they are not from my own mind.
၂၈မောရှေ ကလည်း ၊ ဤ အမှု အလုံးစုံ တို့ကို ငါသည် အလိုလို မ ပြု၊ ထာဝရဘုရား စေခိုင်း တော်မူ၍ ငါပြု သည် အကြောင်း ကို သင်တို့သည် အဘယ်သို့သိ ရမည်နည်းဟူမူကား၊
29 If these men die the common death of all men, or if they experience what all men experience, then the LORD hasn’t sent me.
၂၉ခပ်သိမ်း သော လူ သတ္တဝါတို့ခံရသောသေ ခြင်း၊ ခပ်သိမ်း သော လူ သတ္တဝါတို့ ခံရသောဆုံးမ ခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မ မူ။
30 But if the LORD makes a new thing, and the ground opens its mouth, and swallows them up with all that belong to them, and they go down alive into Sheol, then you shall understand that these men have despised the LORD.” (Sheol )
၃၀သို့မဟုတ် ထာဝရဘုရား သည် အသစ် ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီး ကွဲ ပွင့်လျက် ဤလူတို့ကို၎င်း၊ သူ တို့ နှင့်ဆိုင်သမျှ ကို၎င်း မျို ၍၊ သူတို့သည် အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်း သွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်း ကို သင်တို့သည် သိ နားလည်ကြရလိမ့်မည်ဟု၊ (Sheol )
31 As he finished speaking all these words, the ground that was under them split apart.
၃၁ပြောဆို ပြီး သည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ ၍၊
32 The earth opened its mouth and swallowed them up with their households, all of Korah’s men, and all their goods.
၃၂မိမိ ခံတွင်း ကို ဖွင့် သဖြင့် ၊ သူ တို့နှင့် သူ တို့အိမ် များကို၎င်း ၊ ကောရ နှင့် ဆိုင်သမျှ သောသူ တို့ နှင့် သူတို့ ဥစ္စာ ရှိသမျှ ကို၎င်း မျို လေ၏။
33 So they, and all that belonged to them went down alive into Sheol. The earth closed on them, and they perished from amongst the assembly. (Sheol )
၃၃ထိုသူ တို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှ သောသူတို့ နှင့်တကွ ၊ အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်းသက် ၍ ၊ သူ တို့အပေါ် မှာ မြေ စေ့ ပြန်သဖြင့် ၊ သူတို့သည် ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရကြ၏။ (Sheol )
34 All Israel that were around them fled at their cry; for they said, “Lest the earth swallow us up!”
၃၄သူ တို့အော်ဟစ် သံကို ပတ်ဝန်းကျင် ၌ရှိသောဣသရေလ အမျိုးသားတို့သည် ကြားလျှင်၊ ငါ တို့ကိုလည်း မြေ မျို ကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေး ကြ၏။
35 Fire came out from the LORD, and devoured the two hundred and fifty men who offered the incense.
၃၅နံ့သာပေါင်း ကို မီးရှို့၍ ပူဇော် သောသူ နှစ်ရာ ငါးဆယ် တို့ကိုလည်း၊ ထာဝရဘုရား ထံ တော်က မီး ထွက် ၍ လောင် လေ၏။
36 The LORD spoke to Moses, saying,
၃၆ထာဝရဘုရား ကလည်း ၊
37 “Speak to Eleazar the son of Aaron the priest, that he take up the censers out of the burning, and scatter the fire away from the camp; for they are holy,
၃၇ထိုသန့်ရှင်း သော လင်ပန်း တို့ကို မီးလောင် ရာထဲက ကောက်ယူ ၍မီး ကို ပစ်ချ ပြီးမှ၊
38 even the censers of those who sinned against their own lives. Let them be beaten into plates for a covering of the altar, for they offered them before the LORD. Therefore they are holy. They shall be a sign to the children of Israel.”
၃၈ကိုယ် အသက် ကို သေစေခြင်းငှါပြစ်မှား သောသူတို့ ၏ လင်ပန်း တို့ဖြင့် ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါ ပြားတို့ကို လုပ် ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ကို ဆင့်ဆို လော့။ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သောကြောင့် ၊ ထိုလင်ပန်းတို့သည် သန့်ရှင်း သည်ဖြစ်၍ ၊ ဣသရေလ အမျိုးသား တို့အား နိမိတ် ဖြစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
39 Eleazar the priest took the bronze censers which those who were burnt had offered; and they beat them out for a covering of the altar,
၃၉ယဇ်ပုရောဟိတ် ဧလာဇာ သည်၊ မီးလောင် ခြင်း ကို ခံရသောသူတို့ ပူဇော် သော လင်ပန်း များကို ယူ ၍ ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
40 to be a memorial to the children of Israel, to the end that no stranger who isn’t of the offspring of Aaron, would come near to burn incense before the LORD, that he not be as Korah and as his company; as the LORD spoke to him by Moses.
၄၀ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
41 But on the next day all the congregation of the children of Israel complained against Moses and against Aaron, saying, “You have killed the LORD’s people!”
၄၁နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊ သင်တို့သည် ထာဝရဘုရား ၏လူ တို့ကိုသတ် ကြပြီဟုဆို လျက်၊ မောရှေ နှင့် အာရုန် တို့ကို အပြစ်တင် ၍ မြည်တမ်းကြ၏။
42 When the congregation was assembled against Moses and against Aaron, they looked towards the Tent of Meeting. Behold, the cloud covered it, and the LORD’s glory appeared.
၄၂ပရိသတ် အပေါင်းတို့သည် မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြသောအခါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် သည် တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထင်ရှား လေ၏။
43 Moses and Aaron came to the front of the Tent of Meeting.
၄၃မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ချဉ်းကပ် ကြ၏။
44 The LORD spoke to Moses, saying,
၄၄ထာဝရဘုရား ကလည်း၊
45 “Get away from amongst this congregation, that I may consume them in a moment!” They fell on their faces.
၄၅ဤ ပရိသတ် တို့ကိုရှောင် ၍ နေကြလော့။ ငါသည် သူ တို့ကို ချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ အား မိန့် တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ် လျက် နေကြ၏။
46 Moses said to Aaron, “Take your censer, put fire from the altar in it, lay incense on it, carry it quickly to the congregation, and make atonement for them; for wrath has gone out from the LORD! The plague has begun.”
၄၆မောရှေ ကလည်း ၊ သင်သည် လင်ပန်း ကို ကိုင် ၍ ယဇ်ပလ္လင် ပေါ် က မီး ကို ယူထည့် ပြီးလျှင် ၊ လောဗန် ကိုလည်း တင် လျက် ၊ ပရိသတ် ရှိရာသို့ အလျင်အမြန် သွား ၍ အပြစ် ဖြေခြင်းကို ပြုလော့။ ထာဝရဘုရား ထံ တော်က အမျက် တော်ထွက် ၍ ဘေးဥပဒ် ရောက် လျက် ရှိပြီဟု၊
47 Aaron did as Moses said, and ran into the middle of the assembly. The plague had already begun amongst the people. He put on the incense, and made atonement for the people.
၄၇အာရုန် အား မှာထား သည်အတိုင်း ၊ အာရုန် သည် ယူ ၍ ပရိသတ် ထဲသို့ ပြေး လေ၏။ ထိုအခါ လူ တို့ ၌ ဘေးဥပဒ် ရောက်စ ရှိသည်ဖြစ်၍၊ လောဗန် ကို တင် သဖြင့် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြု၏။
48 He stood between the dead and the living; and the plague was stayed.
၄၈အသက် ရှင်သောသူ၊ သေ သောသူ စပ်ကြား မှာ ရပ် နေ၍၊ ဘေးဥပဒ် ငြိမ်း လေ၏။
49 Now those who died by the plague were fourteen thousand and seven hundred, in addition to those who died about the matter of Korah.
၄၉ကောရ အမှု ကြောင့် သေ သောသူတို့ကို ထား၍ ထိုဘေးဥပဒ် ဖြင့် သေ သော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာရှိ သတည်း။
50 Aaron returned to Moses to the door of the Tent of Meeting, and the plague was stopped.
၅၀ထိုဘေးဥပဒ် ငြိမ်း ပြီးမှ ၊ အာရုန် သည် ပရိသတ် စည်းဝေး ရာ တဲ တော်တံခါးဝ ၊ မောရှေ ထံသို့ ပြန်လာ ၏။