< Genesis 47 >
1 Then Joseph went in and told Pharaoh, and said, “My father and my brothers, with their flocks, their herds, and all that they own, have come out of the land of Canaan; and behold, they are in the land of Goshen.”
၁ထိုစကားအတိုင်း ယောသပ် သည် ဖါရော မင်းထံ သို့သွား ၍ ၊ ကျွန်တော် အဘ နှင့် အစ်ကို တို့သည် သိုး နွား၊ ဥစ္စာရှိသမျှ ကို ဆောင်လျက် ခါနာန် ပြည် ကရောက် လာ၍ ၊ ဂေါရှင် ပြည် ၌ ရှိကြပါသည်ဟု လျှောက် သဖြင့်၊
2 From amongst his brothers he took five men, and presented them to Pharaoh.
၂အစ်ကို စု ထဲက ရွေး ၍ ငါး ယောက်တို့ကို အထံ တော်သို့သွင်း လေ၏။
3 Pharaoh said to his brothers, “What is your occupation?” They said to Pharaoh, “Your servants are shepherds, both we, and our fathers.”
၃ဖာရော မင်းကလည်း ၊ သင် တို့သည် အဘယ်သို့ လုပ်ဆောင် လေ့ရှိကြသနည်းဟုမေး လျှင်၊ သူတို့က၊ ကိုယ်တော် ကျွန် တို့သည် ဘိုးဘေး နှင့်တကွ သိုး ထိန်း ဖြစ်ကြပါ၏ဟူ၍၎င်း၊
4 They also said to Pharaoh, “We have come to live as foreigners in the land, for there is no pasture for your servants’ flocks. For the famine is severe in the land of Canaan. Now therefore, please let your servants dwell in the land of Goshen.”
၄ခါနာန် ပြည် ၌ အလွန် အစာခေါင်းပါး ၍ သိုး နွား ကျက်စား ရာမ ရှိသောကြောင့် ၊ ကိုယ်တော် ကျွန် တို့သည် ပြည် တော်၌ တည်းခို ခြင်းငှါ လာ ကြပါ၏။ သို့ဖြစ်၍ ကိုယ်တော် ကျွန် တို့သည် ဂေါရှင် ပြည် ၌ နေ ရမည် အကြောင်းအခွင့်ပေးတော်မူပါဟူ၍၎င်း လျှောက် ကြ၏။
5 Pharaoh spoke to Joseph, saying, “Your father and your brothers have come to you.
၅ဖါရော မင်းကလည်း ၊ သင် ၏အဘ နှင့် အစ်ကို တို့ သည် သင့် ထံ သို့ရောက် လာကြသည်ဖြစ်၍၊
6 The land of Egypt is before you. Make your father and your brothers dwell in the best of the land. Let them dwell in the land of Goshen. If you know any able men amongst them, then put them in charge of my livestock.”
၆အဲဂုတ္တု ပြည် သည် သင့် ရှေ့ မှာ ရှိ၏။ သင် ၏ အဘ နှင့် သင် ၏အစ်ကို တို့ကို အကောင်း ဆုံးသော အရပ် ဂေါရှင် ပြည် ၌ နေရာ ချလော့။ သူ တို့တွင် အစွမ်း သတ္တိ ရှိသောသူ အချို့တို့ကို တွေ့ လျှင် ငါ ၏သိုး နွားအုပ်အရာ ၌ ခန့်ထား လော့ဟု ယောသပ်အား မိန့်တော်မူ၏။
7 Joseph brought in Jacob, his father, and set him before Pharaoh; and Jacob blessed Pharaoh.
၇ယောသပ် သည် အဘ ယာကုပ် ကို သွင်း ၍ ဖါရော မင်းရှေ့ မှာထား သဖြင့် ၊ ယာကုပ် သည် ဖါရော မင်း ကို ကောင်းကြီး ပေး၏။
8 Pharaoh said to Jacob, “How old are you?”
၈ဖါရော မင်းက၊ သင် သည် အသက် အဘယ် မျှလောက် ရှိပြီနည်းဟု ယာကုပ် အား မေး လျှင်၊
9 Jacob said to Pharaoh, “The years of my pilgrimage are one hundred and thirty years. The days of the years of my life have been few and evil. They have not attained to the days of the years of the life of my fathers in the days of their pilgrimage.”
၉ကျွန်တော် သည် ဧည့်သည် အာဂန္တုဖြစ်၍ လွန် သော အသက် သည် အနှစ်တရာ သုံး ဆယ်ရှိ ပါပြီ။ ကျွန်တော် အသက် ရှင် သော နှစ် ပေါင်းနည်း ၍ ဆိုး ပါ၏။ ဧည့်သည် အာဂန္တုဖြစ်သော ဘိုးဘေး တို့၏ အသက် တန်း ကို မ မှီ ပါဟု လျှောက် ဆိုပြီးလျှင်၊
10 Jacob blessed Pharaoh, and went out from the presence of Pharaoh.
၁၀ဖါရော မင်းကို ကောင်းကြီး ပေး၍ အထံ တော်က ထွက်သွား လေ၏။
11 Joseph placed his father and his brothers, and gave them a possession in the land of Egypt, in the best of the land, in the land of Rameses, as Pharaoh had commanded.
၁၁ဖါရော မင်းအမိန့် တော်ရှိသည့်အတိုင်း ၊ ယောသပ် သည် အဘ နှင့် အစ်ကို တို့ကို နေရာ ချ၍ အဲဂုတ္တု ပြည် ၌ အကောင်း ဆုံးသောအရပ် ရာမသက် မြေ ကို အပိုင် ပေး ၏။
12 Joseph provided his father, his brothers, and all of his father’s household with bread, according to the sizes of their families.
၁၂အဘ နှင့် အစ်ကို များ၊ အဘ ၏အိမ်သား ရှိသမျှ တို့ ကို အနည်း အများအလိုက် ကျွေးမွေး ၏။
13 There was no bread in all the land; for the famine was very severe, so that the land of Egypt and the land of Canaan fainted by reason of the famine.
၁၃အလွန် အစာခေါင်းပါး ၍ တပြည် လုံး စားစရာ မ ရှိသောကြောင့် ၊ အဲဂုတ္တု ပြည် နှင့် ခါနာန် ပြည် သည် အားလျော့ လေ၏။
14 Joseph gathered up all the money that was found in the land of Egypt, and in the land of Canaan, for the grain which they bought: and Joseph brought the money into Pharaoh’s house.
၁၄ပြည်သားဝယ် သော စပါး အဘိုး ၊ အဲဂုတ္တု ပြည် ၊ ခါနာန် ပြည် ၌ တွေ့ သမျှ သောငွေ ကိုယောသပ် စုသိမ်း ၍ နန်းတော် သို့ သွင်း ထားလေ၏။
15 When the money was all spent in the land of Egypt, and in the land of Canaan, all the Egyptians came to Joseph, and said, “Give us bread, for why should we die in your presence? For our money fails.”
၁၅အဲဂုတ္တု ပြည် ၊ ခါနာန် ပြည် ၌ ငွေ ကုန် သောအခါ ၊ အဲဂုတ္တု လူအပေါင်း တို့သည် ယောသပ် ထံ သို့လာ ၍ စားစရာ ဘို့ ပေး သနားတော်မူပါ။ ကျွန်တော်တို့သည် ငွေ ကုန် သော်လည်း ရှေ့ တော်၌ အဘယ်ကြောင့် သေ ရပါအံ့နည်းဟု လျှောက်ကြသော်၊
16 Joseph said, “Give me your livestock; and I will give you food for your livestock, if your money is gone.”
၁၆ယောသပ် က၊ ငွေ ကုန် လျှင် တိရစ္ဆာန် များကိုပေး ကြ။ တိရစ္ဆာန် အတွက် စပါးကိုပေး မည်ဟုဆို သည် အတိုင်း၊
17 They brought their livestock to Joseph, and Joseph gave them bread in exchange for the horses, and for the flocks, and for the herds, and for the donkeys: and he fed them with bread in exchange for all their livestock for that year.
၁၇သူတို့သည် တိရစ္ဆာန် တို့ကိုယူ ခဲ့၍ ၊ ယောသပ် သည် မြင်း ၊ သိုး ၊ နွား ၊ မြည်း တို့အတွက် စပါးကိုပေး သဖြင့် ထို နှစ် တွင် တိရစ္ဆာန် ရှိသမျှ တို့အတွက် ပြည်သား များကို ကျွေးမွေး ၏။
18 When that year was ended, they came to him the second year, and said to him, “We will not hide from my lord how our money is all spent, and the herds of livestock are my lord’s. There is nothing left in the sight of my lord, but our bodies, and our lands.
၁၈ထို နှစ် ကုန် ပြီးမှ ဒုတိယ နှစ် တွင် လာ ကြလျှင် ၊ ကျွန်တော်တို့ ငွေ ကုန် ကြောင်း ကို သခင် ရှေ့ မှာ မ ထိမ်ဝှက် ပါ။ ကျွန်တော်တို့ တိရစ္ဆာန် များကိုလည်း သခင် ရပါပြီ။ သခင် ရှေ့မှာ ကျွန်တော် တို့ကိုယ် နှင့် မြေ မှတပါး အဘယ် အရာမျှ မ ကျန် ပါ။
19 Why should we die before your eyes, both we and our land? Buy us and our land for bread, and we and our land will be servants to Pharaoh. Give us seed, that we may live, and not die, and that the land won’t be desolate.”
၁၉ရှေ့ တော်၌ အဘယ်ကြောင့် သေ၍ ပြည် တော် ပျက် ရပါအံ့နည်း။ အစာ ကို ပေး၍ကျွန်တော် တို့နှင့် ကျွန်တော် တို့မြေ ကို ဝယ် ပါ။ ကျွန်တော် တို့သည် မြေ နှင့်တကွ ဖါရော ဘုရင်၏ ကျွန် ခံ ပါမည်။ ကျွန်တော်တို့သည် မ သေ ၊ အသက် ရှင်စေခြင်းငှါ၎င်း၊ ပြည် တော်သည် လူမ ဆိတ်ညံ စေခြင်းငှါ၎င်း၊ မျိုးစေ့ ကိုပေး ပါဟု လျှောက်ကြသော်၊
20 So Joseph bought all the land of Egypt for Pharaoh, for every man of the Egyptians sold his field, because the famine was severe on them, and the land became Pharaoh’s.
၂၀ယောသပ် သည် အဲဂုတ္တု မြေ ရှိသမျှ ကို ဖါရော မင်းဘို့ ဝယ် လေ၏။ အစာခေါင်းပါး ၍ အဲဂုတ္တု လူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီး ပိုင်သော မြေ အကွက်တို့ကို ရောင်း ကြသဖြင့် မြေ သည် ဘဏ္ဍာ တော် ဖြစ် လေ၏။
21 As for the people, he moved them to the cities from one end of the border of Egypt even to the other end of it.
၂၁လူ တို့ကိုကား ၊ အဲဂုတ္တု ပြည် တစွန်း မှ သည် တစွန်း တိုင်အောင်မြို့ တို့သို့ ပြောင်း စေ၏။
22 Only he didn’t buy the land of the priests, for the priests had a portion from Pharaoh, and ate their portion which Pharaoh gave them. That is why they didn’t sell their land.
၂၂ယဇ်ပုရောဟိတ် တို့ ပိုင်သောမြေ ကိုကားမ ဝယ်။ သူတို့သည် ဖါရော မင်းကျွေးမွေး သည်အတိုင်း ကျွေးမွေး သော အစာ ကိုစား ရကြ၏။ ထိုကြောင့် မိမိ တို့မြေ ကို မ ရောင်း ရကြ။
23 Then Joseph said to the people, “Behold, I have bought you and your land today for Pharaoh. Behold, here is seed for you, and you shall sow the land.
၂၃ယောသပ် ကလည်း ၊ သင် တို့နှင့် သင် တို့မြေ ကို ဖါရော မင်းဘို့ ယနေ့ ငါဝယ် ပြီ။ မျိုးစေ့ ကို ယူ၍ လယ် လုပ် ကြလော့။
24 It will happen at the harvests, that you shall give a fifth to Pharaoh, and four parts will be your own, for seed of the field, for your food, for them of your households, and for food for your little ones.”
၂၄အသီး အနှံကို ရ သောအခါ ၊ ငါး ဘို့တွင်တဘို့ကို ဖါရော မင်းအား ဆက် ရကြမည်။ လေး ဘို့ကိုကား သင် တို့ယူ ၍ နောက်တဖန်မျိုးစေ့ ကို ကြဲကြလော့။ သင် တို့စား ၍ အိမ် သားများ၊ သူငယ် များတို့ကို ကျွေး ကြလော့ဟု ပြည်သား တို့အား ဆို ၏။
25 They said, “You have saved our lives! Let us find favour in the sight of my lord, and we will be Pharaoh’s servants.”
၂၅သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော် တို့ အသက်ကို ကယ် ပါပြီ။ သနားသောစိတ် နှင့် ကြည့်ရှု တော်မူ ပါ။ ကျွန်တော်တို့သည် ဖာရော ဘုရင်၏ ကျွန် ခံ ရပါမည် ဟု လျှောက် ကြ၏။
26 Joseph made it a statute concerning the land of Egypt to this day, that Pharaoh should have the fifth. Only the land of the priests alone didn’t become Pharaoh’s.
၂၆ထိုကြောင့်ဖါရော မင်းမ ပိုင်သော ယဇ်ပုရောဟိတ် တို့ မြေ ကိုထား၍၊ ဖါရော မင်းသည် ငါး ဘို့တွင် တဘို့ကိုပိုင်တော်မူစေဟု ယနေ့ တိုင်အောင်အဲဂုတ္တု ပြည် ၌တည်သော ဓမ္မသတ် ကို ယောသပ် စီရင် ၍ ထား သတည်း။
27 Israel lived in the land of Egypt, in the land of Goshen; and they got themselves possessions therein, and were fruitful, and multiplied exceedingly.
၂၇ဣသရေလ သားတို့သည်၊ အဲဂုတ္တု ပြည် ဂေါရှင် အရပ် ၌ နေ သဖြင့် ၊ ဥစ္စာ ရတတ်၍ တိုး ပွါးများပြား ကြ၏။
28 Jacob lived in the land of Egypt seventeen years. So the days of Jacob, the years of his life, were one hundred and forty-seven years.
၂၈ယာကုပ် သည် အဲဂုတ္တု ပြည် ၌ ဆယ် ခုနစ် နှစ် အသက် ရှင်၍ အသက် နှစ် ပေါင်း တရာ လေးဆယ် ခုနစ် နှစ် ရှိ သတည်း။
29 The time came near that Israel must die, and he called his son Joseph, and said to him, “If now I have found favour in your sight, please put your hand under my thigh, and deal kindly and truly with me. Please don’t bury me in Egypt,
၂၉ဣသရေလ သည် သေ ရသောအချိန် နီး သော် ၊ သား ယောသပ် ကို ခေါ် ၍ ငါ့ကိုသနားလျှင် သင် ၏ လက် ကို ငါ့ ပေါင် အောက် ၌ ထားပါလော့။ ကရုဏာ သစ္စာ နှင့်အညီ ငါ ၌ ပြု ပါ။ အဲဂုတ္တု ပြည်၌ ငါ့ ကိုမ သင်္ဂြိုဟ် ပါနှင့်။
30 but when I sleep with my fathers, you shall carry me out of Egypt, and bury me in their burying place.” Joseph said, “I will do as you have said.”
၃၀ငါ သည်ဘိုးဘေး နှင့်အတူ အိပ် ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ ကို ဆောင်သွား ၍ သူ တို့သင်္ချိုင်း ၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘ ဆို သည် အတိုင်း အကျွန်ုပ်ပြု ပါမည်ဟု ဝန်ခံ လေ၏။
31 Israel said, “Swear to me,” and he swore to him. Then Israel bowed himself on the bed’s head.
၃၁ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟု ဆို ပြန်လျှင် ၊ ကျိန်ဆို ခြင်းကို ပြု၏။ ဣသရေလ သည်လည်း ခုတင် ခေါင်း ရင်းပေါ် မှာ ကိုးကွယ် လေ၏။