< Genesis 34 >

1 Dinah, the daughter of Leah, whom she bore to Jacob, went out to see the daughters of the land.
ယာကုပ် ၏မယား၊ လေအာ ဘွားမြင် သောသမီး ဒိန သည်၊ ထိုပြည် ၏ အမျိုးသမီး တို့ကို အကြည့်အရှု သွားရာ တွင်၊
2 Shechem the son of Hamor the Hivite, the prince of the land, saw her. He took her, lay with her, and humbled her.
ထိုပြည် ကို အစိုးရ သောဟိဝိ အမျိုး၊ ဟာမော် မင်း ၏သား ရှေခင် သည် ဒိန ကိုမြင် လျှင် ၊ ယူ သွား၍ အိပ် ဘော်ပြုလျက် ၊ သူ့ အသရေကို ရှုတ်ချ လေ၏။
3 His soul joined to Dinah, the daughter of Jacob, and he loved the young lady, and spoke kindly to the young lady.
နောက်မှသူ့ကိုချစ်သောစိတ် မကုန်၊ အမြဲ ချစ် ၍ ၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
4 Shechem spoke to his father, Hamor, saying, “Get me this young lady as a wife.”
ခမည်း တော်ဟာမော် ထံသို့ လည်း ဝင်၍၊ ဤ မိန်းမ ကို အကျွန်ုပ် ကြင်ဘက် ဖြစ်စေခြင်းငှါ ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို ၏။
5 Now Jacob heard that he had defiled Dinah, his daughter; and his sons were with his livestock in the field. Jacob held his peace until they came.
ယာကုပ် သည် မိမိ သမီး ဒိန ကို၊ ရှေခင်မင်းသားရှုတ်ချ ကြောင်း ကို ကြား သိသော် လည်း၊ မိမိ သား တို့သည် တော အရပ်မှာ တိရစ္ဆာန် တို့နှင့်အတူ ရှိ သည်ဖြစ်၍ ၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ် စွာနေလေ၏။
6 Hamor the father of Shechem went out to Jacob to talk with him.
ထိုနောက် ၊ ရှေခင် အဘ ဟာမော် မင်းသည် ယာကုပ် နှင့် နှုတ်ဆက် ခြင်းငှါ လာ ၍၊
7 The sons of Jacob came in from the field when they heard it. The men were grieved, and they were very angry, because he had done folly in Israel in lying with Jacob’s daughter, a thing that ought not to be done.
ယာကုပ် ၏သား တို့လည်း သိတင်း ကြားသောအခါ၊ တော အရပ်မှ ပြန်ရောက် ကြ၏။ ထိုမင်းသားသည် ယာကုပ် ၏သမီး နှင့် အိပ် မိ၍၊ ဣသရေလ အမျိုး၌ မိုက် သောအမှု၊ မ ပြု အပ်သော အရာကို ပြု မိသောကြောင့် ၊ သူတို့သည် စိတ်နာ ၍ အလွန် အမျက်ထွက် ကြ၏။
8 Hamor talked with them, saying, “The soul of my son, Shechem, longs for your daughter. Please give her to him as a wife.
ဟာမော် မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့ သား ရှေခင် သည်၊ သင် တို့သမီး ကို အလွန် ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစား ကြပါလော့။
9 Make marriages with us. Give your daughters to us, and take our daughters for yourselves.
သင် တို့သည် ငါ တို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင် တို့သမီး ကို ပေးစား ကြလော့။ ငါ တို့သမီး နှင့် လည်း စုံဘက် ကြလော့။
10 You shall dwell with us, and the land will be before you. Live and trade in it, and get possessions in it.”
၁၀သင်တို့သည် ငါ တို့နှင့်အတူ နေ ၍ ၊ ဤပြည် ၌ အဆီးအတားမရှိ၊ နေရာ ချလျက် ၊ ဖေါက် ကားရောင်းဝယ် ခြင်းကို ပြု၍ ၊ အပိုင်ယူ ကြလော့ဟု ဆိုလေ၏။
11 Shechem said to her father and to her brothers, “Let me find favour in your eyes, and whatever you will tell me I will give.
၁၁ရှေခင် ကလည်း ၊ သင် တို့စိတ် နှင့်တွေ့ ကြပါစေ။ တောင်း သမျှ ကို ပေး ပါမည်။
12 Ask me a great amount for a dowry, and I will give whatever you ask of me, but give me the young lady as a wife.”
၁၂ကန်တော့ ဥစ္စာဖြစ်စေ ၊ လက်ဆောင် ပဏ္ဏာဖြစ်စေ ၊ နည်းများမဆို၊ တောင်း သည့်အတိုင်း ပေး ပါမည်။ ဤမိန်းမ ကိုသာ ငါ့ အား ထိမ်းမြားပေးစား ကြပါဟု၊ မိန်းမ ၏အဘ နှင့် မောင် တို့အား ဆို လေ၏။
13 The sons of Jacob answered Shechem and Hamor his father with deceit when they spoke, because he had defiled Dinah their sister,
၁၃ယာကုပ် ၏ သား တို့သည်၊ နှမ ဒိန ကို ရှေခင် မင်းသားရှုတ်ချ သောအကြောင်း ကို ဆင်ခြင် ၍ ၊ မင်းသား နှင့်အဘ ဟာမော် ကို ပရိယာယ် ဖြင့် ပြန် ပြောသည်မှာ၊
14 and said to them, “We can’t do this thing, to give our sister to one who is uncircumcised; for that is a reproach to us.
၁၄ကျွန်ုပ်တို့ နှမ ကို အရေဖျား လှီးမင်္ဂလာကို မခံ သော သူ အား မ ပေးစား နိုင် ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ ဘွယ် သောအကြောင်းဖြစ်ပါ၏။
15 Only on this condition will we consent to you. If you will be as we are, that every male of you be circumcised,
၁၅သင် တို့သည် ကျွန်ုပ် တို့ ဘာသာအတိုင်း ပြု ၍ ၊ ယောက်ျား တိုင်း အရေဖျား လှီးမင်္ဂလာကို ခံလျှင် ၊ ကျွန်ုပ်တို့သည် ဝန်ခံ ကြပါမည်။
16 then will we give our daughters to you; and we will take your daughters to us, and we will dwell with you, and we will become one people.
၁၆သို့ပြုလျှင် ၊ ကျွန်ုပ် တို့သမီး ကို သင် တို့အား ပေးစား ၍ ၊ သင် တို့၏သမီး နှင့် လည်း စုံဘက် ကြသဖြင့် ၊ သင် တို့နှင့်အတူ နေထိုင် ၍ ၊ တမျိုး တည်းဖြစ် ကြလိမ့်မည်။
17 But if you will not listen to us and be circumcised, then we will take our sister, and we will be gone.”
၁၇သို့မဟုတ် ကျွန်ုပ် တို့စကားကို နား မ ထောင်၊ အရေဖျား လှီးမင်္ဂလာကိုမခံလျှင် ၊ ကျွန်ုပ် တို့ သမီး ကိုယူ ၍ သွား မည်ဟုဆို ကြ၏။
18 Their words pleased Hamor and Shechem, Hamor’s son.
၁၈ထို စကား ကို ဟာမော် မင်းနှင့် သား တော်ရှေခင် သည် နှစ်သက် ၍၊၊
19 The young man didn’t wait to do this thing, because he had delight in Jacob’s daughter, and he was honoured above all the house of his father.
၁၉ထိုမင်းသား သည်၊ ယာကုပ် ၏သမီး ကို ချစ် အားကြီး သောကြောင့် ၎င်း၊ အဘ ၏ အမျိုးသား ချင်းအပေါင်း တို့ထက် အသရေ ရှိသောကြောင့် ၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
20 Hamor and Shechem, his son, came to the gate of their city, and talked with the men of their city, saying,
၂၀ထိုအခါ ၊ ဟာမော် မင်းနှင့် သား တော် ရှေခင် သည်၊ မိမိ မြို့ တံခါး သို့ သွား ၍ ၊ မြို့ သား တို့နှင့် နှုတ်ဆက်လျက်၊
21 “These men are peaceful with us. Therefore let them live in the land and trade in it. For behold, the land is large enough for them. Let’s take their daughters to us for wives, and let’s give them our daughters.
၂၁အချင်းတို့၊ ဤ သူ တို့သည် ငါ တို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည် ၌ နေ ၍ ဖေါက်ကား ရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည် သည် သူ တို့နေသာအောင် ကျယ် ပေ၏။ သူ တို့သမီး များနှင့် အိမ်ထောင် ဘက် ပြု ကြ စို့။ ငါ တို့သမီး များကိုလည်း သူ တို့အား ထိမ်းမြား ပေးစားကြစို့။
22 Only on this condition will the men consent to us to live with us, to become one people, if every male amongst us is circumcised, as they are circumcised.
၂၂သို့ရာတွင်သူ တို့သည် အရေဖျား လှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါ တို့တွင် ယောက်ျား တိုင်း အရေဖျား လှီး မင်္ဂလာကို ခံမှ သာ၊ ထိုလူ တို့သည် ငါ တို့တွင် နေ ၍ တမျိုး တည်း ဖြစ်စေ ခြင်းငှါ ဝန်ခံ ကြလိမ့်မည်။
23 Won’t their livestock and their possessions and all their animals be ours? Only let’s give our consent to them, and they will dwell with us.”
၂၃သူ တို့၏သိုး နွားမှစ၍ တိရစ္ဆာန် များ၊ ဥစ္စာ များတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူ တို့သည် ငါ တို့တွင် နေ ကြလိမ့်မည်ဟု၊
24 All who went out of the gate of his city listened to Hamor, and to Shechem his son; and every male was circumcised, all who went out of the gate of his city.
၂၄ဟာမော် မင်းနှင့် သား တော်ရှေခင် ပြောသော စကားကို၊ မြို့ တံခါး မှ ထွက် သောသူအပေါင်း တို့သည် နားထောင် ၍ ယောက်ျား ရှိသမျှ တို့သည် အရေဖျား လှီး မင်္ဂလာကိုခံကြ၏။
25 On the third day, when they were sore, two of Jacob’s sons, Simeon and Levi, Dinah’s brothers, each took his sword, came upon the unsuspecting city, and killed all the males.
၂၅ထိုသို့ခံ ၍ သုံး ရက်မြောက်သောနေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ် သား ၊ ဒိန ၏မောင် ရှိမောင် နှင့် လေဝိ ညီနောင်နှစ် ယောက်တို့သည်၊ ထား လက်နက်တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိ မရှိသော ထိုမြို့ ကို တိုက် ၍ ၊ ယောက်ျား အပေါင်း တို့ကိုသတ် လေ၏။
26 They killed Hamor and Shechem, his son, with the edge of the sword, and took Dinah out of Shechem’s house, and went away.
၂၆ဟာမော် မင်းနှင့် သား တော်ရှေခင် ကိုလည်း ထား လက်နက် ဖြင့် သတ် ပြီးလျှင်၊ ဒိန ကို ရှေခင် အိမ် မှ နှုတ် ယူ၍ ပြန် သွားကြ၏။
27 Jacob’s sons came on the dead, and plundered the city, because they had defiled their sister.
၂၇မိမိ တို့နှမ ရှုတ်ချ ခြင်းကို ခံရသောကြောင့် ၊ တဖန်ယာကုပ် သား တို့သည် အသေ သတ်ပြီးသောသူတို့ ဆီသို့ သွား ပြန်၍၊ မြို့ ကိုလုယက် ဖျက်ဆီးသဖြင့်၊
28 They took their flocks, their herds, their donkeys, that which was in the city, that which was in the field,
၂၈သူ တို့ သိုး ၊ ဆိတ်၊ နွား ၊ မြည်း မှစ၍ ၊ မြို့ ၌ ရှိသမျှ ၊ လယ် ၌ ရှိသမျှ သော ဥစ္စာကို၎င်း၊
29 and all their wealth. They took captive all their little ones and their wives, and took as plunder everything that was in the house.
၂၉သူ တို့သားမယား သူငယ် အပေါင်း ကို၎င်းသိမ်းယူ ၍ ၊ အိမ် တို့၌ ရှိသမျှ ကိုလည်း လုယက် ဖျက်ဆီးကြ၏။
30 Jacob said to Simeon and Levi, “You have troubled me, to make me odious to the inhabitants of the land, amongst the Canaanites and the Perizzites. I am few in number. They will gather themselves together against me and strike me, and I will be destroyed, I and my house.”
၃၀ထိုအခါ ယာကုပ် က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ ခါနနိ လူ၊ ဖေရဇိ လူတည်းဟူသော၊ ဤပြည် သား တို့သည် ငါ့ ကို ရွံရှာ အောင် ပြုကြပြီတကား။ ငါ တို့၌ လူ အရေ အတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး ၍ ငါ့ ကိုတိုက် သတ်သဖြင့် ၊ ငါ နှင့် ငါ့ အိမ်သူ အိမ်သားတို့ကို ဖျက်ဆီး ကြလိမ့်မည်ဟု ၊ ရှိမောင် နှင့် လေဝိ တို့အား ဆို လေသော်၊
31 They said, “Should he deal with our sister as with a prostitute?”
၃၁သူတို့က၊ ငါ တို့နှမ ကို ပြည်တန်ဆာ ကဲ့သို့ မှတ်၍ ပြု ရမည်လောဟု ပြန် ဆိုလေ၏။

< Genesis 34 >