< Ezekiel 5 >
1 “You, son of man, take a sharp sword. You shall take it as a barber’s razor to yourself, and shall cause it to pass over your head and over your beard. Then take balances to weigh and divide the hair.
၁တဖန်တုံ ၊ အချင်းလူသား ၊ ထက် သောထား တည်းဟူသော၊ ဆတ္တာသည် ၏သင်တုန်း ကိုယူ ၍ ၊ ကိုယ် ဆံပင် နှင့် မုတ်ဆိတ် ကို ရိတ် ပြီးမှ ၊ ချိန်ခွင် နှင့် ချိန်၍ အစုစုခွဲ ထားလော့။
2 A third part you shall burn in the fire in the middle of the city, when the days of the siege are fulfilled. You shall take a third part, and strike with the sword around it. A third part you shall scatter to the wind, and I will draw out a sword after them.
၂မြို့ ကို ဝိုင်း ထားရာ ကာလ စေ့ သောအခါ ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့ လော့။ တစု ကိုထား နှင့် ခုတ် ဖြတ်လော့။ တစု ကို လေ တိုက်ရာ၌ လွှင့် လော့။ ငါသည်လည်း ထို အစုနောက် သို့ ထား ကိုလွှတ် လိုက်မည်။
3 You shall take a small number of these and bind them in the folds of your robe.
၃အနည်းငယ် ကိုလည်း ယူ ၍ ကိုယ် အဝတ် နှင့် ထုပ် လော့။
4 Of these again you shall take, and cast them into the middle of the fire, and burn them in the fire. From it a fire will come out into all the house of Israel.
၄ထိုအနည်းငယ်အချို့ကိုလည်း ယူ ပြန် ၍ မီးရှို့ လော့။ ထိုမီး သည် ဣသရေလ အမျိုး ကို နှံ့ပြား လိမ့်မည်ဟု မိန့်တော်မူ၏။
5 “The Lord GOD says: ‘This is Jerusalem. I have set her in the middle of the nations, and countries are around her.
၅တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤပုံသည် ယေရုရှလင် မြို့ဖြစ်၏။ ပတ်လည် ၌ ရှိသောတိုင်း ပြည်များတို့အလယ် မှာ ထိုမြို့ ကို ငါထား ၍ ၊
6 She has rebelled against my ordinances in doing wickedness more than the nations, and against my statutes more than the countries that are around her; for they have rejected my ordinances, and as for my statutes, they have not walked in them.’
၆ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့သည် ငါ ၏စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည်သာ၍မတရားသဖြင့် လွန်ကျူးကြပြီ။ ထို ပညတ်တရားတော်လမ်းသို့ မ လိုက် ဘဲ ငြင်းပယ် ကြပြီ။
7 “Therefore the Lord GOD says: ‘Because you are more turbulent than the nations that are around you, and have not walked in my statutes, neither have kept my ordinances, neither have followed the ordinances of the nations that are around you;
၇သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့်ကျင် သောကြောင့်၎င်း ၊ ငါ ၏စီရင် ချက်လမ်းသို့ မ လိုက် ၊ ငါ ၏ပညတ် တရား ကိုမ စောင့်ရှောက် ၊ ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့၏ထုံးစံ ဓလေ့သို့လိုက်သောကြောင့်၎င်း ၊
8 therefore the Lord GOD says: ‘Behold, I, even I, am against you; and I will execute judgements amongst you in the sight of the nations.
၈ငါ သည်ကိုယ်တိုင် သင့် တဘက် ၌ နေ ၍ ၊ တပါး အမျိုးသား တို့ရှေ့ မှာ သင် ၌ အပြစ် ဒဏ်ကိုစီရင်မည်။
9 I will do in you that which I have not done, and which I will not do anything like it any more, because of all your abominations.
၉သင် ပြုဘူးသမျှ သောရွံ့ရှာဘွယ် အမှုတို့ကြောင့် ၊ ငါမ စီရင် စဖူး၊ မ စီရင် လတံ့သော အပြစ် ဒဏ်ကို သင် ၌ စီရင် မည်။
10 Therefore the fathers will eat the sons within you, and the sons will eat their fathers. I will execute judgements on you; and I will scatter the whole remnant of you to all the winds.
၁၀သင် ၏အလယ် ၌ အဘ တို့သည် သား တို့ကို စား ကြလိမ့်မည်။ သား တို့သည်လည်း အဘ တို့ကိုစား ကြ လိမ့်မည်။ သင် ၌ အပြစ်ဒဏ် ကို စီရင် ၍ ၊ ကျန်ကြွင်း သမျှ ကို အရပ်ရပ် တို့က လာသောလေ ရှေ့မှာ ငါလွှင့် မည်။
11 Therefore as I live,’ says the Lord GOD, ‘surely, because you have defiled my sanctuary with all your detestable things, and with all your abominations, therefore I will also diminish you. My eye won’t spare, and I will have no pity.
၁၁ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။
12 A third part of you will die with the pestilence, and they will be consumed with famine within you. A third part will fall by the sword around you. A third part I will scatter to all the winds, and will draw out a sword after them.
၁၂သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။
13 “‘Thus my anger will be accomplished, and I will cause my wrath towards them to rest, and I will be comforted. They will know that I, the LORD, have spoken in my zeal, when I have accomplished my wrath on them.
၁၃ထိုသို့ ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ ဒေါသ အရှိန် ကို သူ တို့အပေါ် မှာ တည်စေပြီးမှ၊ ငါ့ စိတ် ပြေ လိမ့်မည်။ သူ တို့၌ ငါ့ဒေါသ စိတ်အလို ကိုပြည့်စုံစေသောအခါ ၊ ငါ ထာဝရဘုရား သည် စိတ် အားကြီး၍ မိန့် တော်မူကြောင်း ကို သူတို့သိရ ကြလိမ့်မည်။
14 “‘Moreover I will make you a desolation and a reproach amongst the nations that are around you, in the sight of all that pass by.
၁၄ထိုမှတပါး ၊ အနားမှာရှောက်သွား သမျှ သောသူတို့ ရှေ့ တွင် သင့် ကိုလူဆိတ်ညံ ရာ၊ ပတ်လည် ၌နေသော လူ အမျိုးမျိုးတို့၏ ကဲ့ရဲ့ ရာ ဖြစ် စေမည်။
15 So it will be a reproach and a taunt, an instruction and an astonishment, to the nations that are around you, when I execute judgements on you in anger and in wrath, and in wrathful rebukes—I, the LORD, have spoken it—
၁၅ဒေါသအမျက်အရှိန်အားဖြင့်သင် ၌ ပြင်းစွာ သော အပြစ် ဒဏ်ကို ငါ စီရင် သောအခါ ၊ ပတ်လည် ၌ နေသော လူ အမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ် လိမ့်မည်။ ထိုသို့ငါ ထာဝရ ဘုရား မိန့် တော်မူ၏။
16 when I send on them the evil arrows of famine that are for destruction, which I will send to destroy you. I will increase the famine on you and will break your staff of bread.
၁၆သင် တို့ကို ဖျက်ဆီး ခြင်းငှါ မွတ်သိပ် ခြင်း ဘေးတည်းဟူသောမြှား ဆိုးတို့ကို ငါလွှတ် လိုက်သောအခါ ၌၎င်း ၊ သင် တို့တွင် မွတ်သိပ် ခြင်းဘေးကို တိုးပွါး စေ၍ ၊ မုန့် အထောက် အပင့်ကို ငါချိုး သောအခါ ၌၎င်း ၊
17 I will send on you famine and evil animals, and they will bereave you. Pestilence and blood will pass through you. I will bring the sword on you. I, the LORD, have spoken it.’”
၁၇သင် တို့ကို လုယက် နှိပ်စက်ရသောမွတ်သိပ် ခြင်း ဘေး၊ သားရဲ ဘေးကို ငါလွှတ် လိုက်၍ ၊ ထား ဘေးကိုလည်း ရောက် စေသဖြင့် ၊ နာ ဘေး၊ အသေ သတ်ခြင်းဘေးတို့ သည် လွှမ်းမိုး သောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါ ထာဝရဘုရား သည် မိန့် တော်မူ၏။