< 2 Samuel 15 >
1 After this, Absalom prepared a chariot and horses for himself, and fifty men to run before him.
၁ထိုနောက် မှအဗရှလုံ သည် ရထား များနှင့် မြင်း များကို၎င်း ၊ မိမိ ရှေ့ မှာ ပြေး ရသောလူ ငါး ဆယ်ကို၎င်းပြင်ဆင် လေ၏။
2 Absalom rose up early, and stood beside the way of the gate. When any man had a suit which should come to the king for judgement, then Absalom called to him, and said, “What city are you from?” He said, “Your servant is of one of the tribes of Israel.”
၂အဗရှလုံ သည် စောစောထ ၍ တံခါးဝ မှာ ရပ် နေတတ်၏။ အမှု ရှိ သော သူသည် စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့ လာသောအခါ အဗရှလုံ က၊ သင် သည်အဘယ် မြို့ သားဖြစ်သနည်းဟုမေး လျှင် ၊ ထိုသူက ကိုယ်တော် ကျွန် သည် ဤမည်သော ဣသရေလ အမျိုးအနွယ် သားဖြစ်ပါ၏ဟု ပြန်လျှောက် သော်၊
3 Absalom said to him, “Behold, your matters are good and right; but there is no man deputized by the king to hear you.”
၃အဗရှလုံ က၊ သင့် အမှု သည် ဟုတ်မှန် လျောက်ပတ် ပေ၏။ သို့သော်လည်း သင့် အမှုကို ရှင်ဘုရင် မှစ၍ အဘယ်သူ မျှနား မထောင်ဟု ပြောဆိုတတ်၏။
4 Absalom said moreover, “Oh that I were made judge in the land, that every man who has any suit or cause might come to me, and I would do him justice!”
၄တဖန်တုံ ၊ ငါသည်ဤပြည် ၌ တရား စီရင်သော မင်းဖြစ် ပါစေသော။ သို့ဖြစ်လျှင် တရားမှု ရှိ သော အမှုသည် အပေါင်း တို့သည် ငါ့ ထံသို့ လာ ၍ ငါသည် တရား သဖြင့် စီရင်မည်ဟုဆို တတ်၏”
5 It was so, that when any man came near to bow down to him, he stretched out his hand, took hold of him, and kissed him.
၅လူတစုံတယောက် သည် ရိုသေ စွာပြု၍ ချဉ်းကပ် သောအခါ ၊ အဗရှလုံသည် လက် ကိုဆန့် ၍ ထိုသူ ကို ကိုင် လျက် နမ်း လေ့ရှိ၏။
6 Absalom did this sort of thing to all Israel who came to the king for judgement. So Absalom stole the hearts of the men of Israel.
၆ထိုသို့စီရင် တော်မူခြင်းကိုခံ အံ့သောငှါ ၊ ရှင်ဘုရင် ထံ တော်သို့လာ သော ဣသရေလ အမျိုးသားအပေါင်း တို့အား အဗရှလုံ ပြု ၍ သူတို့စိတ် နှလုံးကို ခိုး လေ၏။
7 At the end of forty years, Absalom said to the king, “Please let me go and pay my vow, which I have vowed to the LORD, in Hebron.
၇လေး နှစ် လွန် သောအခါ အဗရှလုံ သည် ရှင်ဘုရင် ထံ တော်သို့ဝင်၍၊ ထာဝရဘုရား သည် အကျွန်ုပ် ကို တဖန်ယေရုရှလင် မြို့သို့ဆောင် တော်မူလျှင် ၊ ထာဝရဘုရား ဝတ် ကိုအကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော် ကျွန် သည် ရှုရိ ပြည် ဂေရှုရ မြို့၌ နေ သောအခါ သစ္စာဂတိ ပြု ပါပြီ။
8 For your servant vowed a vow while I stayed at Geshur in Syria, saying, ‘If the LORD shall indeed bring me again to Jerusalem, then I will serve the LORD.’”
၈သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရား အား သစ္စာဂတိပြု သည်အတိုင်း ၊ ဟေဗြုန် မြို့သို့ သွား ၍ သစ္စာဝတ် ကို ဖြေ ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက် လျှင်၊
9 The king said to him, “Go in peace.” So he arose and went to Hebron.
၉ရှင် ဘုရင်က၊ ငြိမ်ဝပ် စွာသွား လော့ဟု မိန့် တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ ၍ ဟေဗြုန် မြို့သို့ သွား ၏။
10 But Absalom sent spies throughout all the tribes of Israel, saying, “As soon as you hear the sound of the shofar, then you shall say, ‘Absalom is king in Hebron!’”
၁၀သို့ရာတွင် လျှို့ဝှက် သောသူတို့ကို ဣသရေလ အမျိုးအနွယ် ရှိသမျှ သို့ အနှံ့အပြားစေလွှတ် သဖြင့်၊ သင် တို့သည် တံပိုး မှုတ်သံ ကို ကြား သောအခါ အဗရှလုံ သည် ဟေဗြုန် မြို့၌ နန်း ထိုင်တော်မူပြီဟု ပြောဆို ကြလော့ဟု မှာ ထားလေ၏”
11 Two hundred men went with Absalom out of Jerusalem, who were invited, and went in their simplicity; and they didn’t know anything.
၁၁အဗရှလုံ ခေါ် သော လူ နှစ် ရာတို့သည် ယေရုရှလင် မြို့ထဲက ထွက်သွား ကြ၏။ သူတို့သည် အဘယ် အမှု ကိုမျှ မ သိ ဘဲကောင်း သောစိတ် နှင့် လိုက် ကြ၏။
12 Absalom sent for Ahithophel the Gilonite, David’s counsellor, from his city, even from Giloh, while he was offering the sacrifices. The conspiracy was strong, for the people increased continually with Absalom.
၁၂ဒါဝိဒ် ၏တိုင်ပင်မတ် ၊ ဂိလော မြို့သားအဟိသောဖေလ သည် မိမိ နေရာဂိလော မြို့ ၌ ယဇ် ပူဇော် လျက်ရှိ၍ အဗရှလုံ ခေါ်လေ၏။ အဗရှလုံ နောက်သို့ လိုက်သောသူတို့ သည် တိုးပွား များပြား သဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။
13 A messenger came to David, saying, “The hearts of the men of Israel are after Absalom.”
၁၃သိတင်းပြော သောသူတယောက်သည် ဒါဝိဒ် ထံသို့ လာ ၍၊ ဣသရေလ အမျိုးသား တို့၏ စိတ် နှလုံးသည် အဗရှလုံ ဘက် သို့ ပါသွားပါပြီဟု ကြား လျှောက်လေ၏။
14 David said to all his servants who were with him at Jerusalem, “Arise! Let’s flee, or else none of us will escape from Absalom. Hurry to depart, lest he overtake us quickly and bring down evil on us, and strike the city with the edge of the sword.”
၁၄ဒါဝိဒ် ကလည်း ၊ ငါတို့သည် ထ ၍ပြေး ကြကုန်အံ့၊ မပြေးလျှင် အဗရှလုံ လက်နှင့်မ လွတ် ၊ အလျင်အမြန် ထွက် ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်း တိုက်လာသဖြင့် ၊ ငါ တို့ကို ဘေး ပြု၍ မြို့ ကိုလည်း ထား နှင့် လုပ်ကြံ လိမ့်မည်ဟု ယေရုရှလင် မြို့တွင် အထံ တော်၌ရှိသော ကျွန် အပေါင်း တို့အား မိန့် တော်မူ၏။
15 The king’s servants said to the king, “Behold, your servants are ready to do whatever my lord the king chooses.”
၁၅ရှင်ဘုရင် ၏ ကျွန် တို့ကလည်း ၊ အရှင် မင်းကြီး စီရင် တော်မူသမျှ တို့ကို ကိုယ်တော် ကျွန် တို့သည် ပြုပါမည် ဟုလျှောက် ကြလျှင်၊
16 The king went out, and all his household after him. The king left ten women, who were concubines, to keep the house.
၁၆ရှင် ဘုရင်သည် နန်းတော်သား အပေါင်း တို့နှင့်တကွ ထွက်သွား ၏။ သို့ရာတွင် နန်း တော်ကို စောင့် စေခြင်းငှါ ၊ ကိုယ်လုပ်တော် မိန်းမ တကျိပ် တို့ကို ထားခဲ့ လေ၏။
17 The king went out, and all the people after him; and they stayed in Beth Merhak.
၁၇ထိုသို့ ရှင်ဘုရင် နှင့် ကိုယ်တော်၌ပါသောသူ အပေါင်း တို့သည် ထွက်သွား ၍ ဗေသာမေရက်ရွာမှာ စားခန်းချ ကြ၏။
18 All his servants passed on beside him; and all the Cherethites, and all the Pelethites, and all the Gittites, six hundred men who came after him from Gath, passed on before the king.
၁၈ကျွန် တော်မျိုးအပေါင်း တို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသ မြို့မှ လိုက်လာ သော သူ ခြောက် ရာ တည်းဟူသောဂိတ္တိ လူအပေါင်း နှင့် ခေရသိ လူ၊ ပေလသိ လူအပေါင်း သည် ရှေ့ တော်၌ ချီသွား ကြ၏။
19 Then the king said to Ittai the Gittite, “Why do you also go with us? Return, and stay with the king; for you are a foreigner and also an exile. Return to your own place.
၁၉ထိုအခါ ရှင် ဘုရင်သည် ဂိတ္တိ လူအိတ္တဲ အား လည်း၊ ငါ တို့နှင့် အဘယ်ကြောင့် လိုက် သနည်း။ ရှင်ဘုရင် ထံသို့ပြန် ၍ နေ လော့။ သင် သည် တပါး အမျိုးသား၊ နေရာ မကျ သော ဧည့်သည်ဖြစ်၏။
20 Whereas you came but yesterday, should I today make you go up and down with us, since I go where I may? Return, and take back your brothers. Mercy and truth be with you.”
၂၀မနေ့က သာရောက် လာသည်ဖြစ်၍ ၊ ယနေ့ ငါ တို့ နှင့်အတူ အရပ်ရပ်လှည့်လည် ရမည်လော။ ငါ သည် သွား ရသောအခွင့်ရှိသည်အတိုင်း သွား ရသောကြောင့် ၊ သင်သည် အမျိုးသား ချင်းတို့ကို ခေါ်၍ ပြန် လော့။ ကရုဏာ နှင့် သစ္စာ ရှိပါစေသောဟု မိန့် တော်မူ၏။
21 Ittai answered the king and said, “As the LORD lives, and as my lord the king lives, surely in what place my lord the king is, whether for death or for life, your servant will be there also.”
၂၁အိတ္တဲ ကလည်း ၊ ထာဝရဘုရား အသက် ၊ အရှင် မင်းကြီး အသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင် မင်းကြီး အသက် တော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာ သည်ဖြစ်စေ ၊ ရှိ တော်မူရာ အရပ် ၌ ကိုယ်တော် ကျွန် ရှိ ပါ လိမ့်မည်ဟု ရှင်ဘုရင် အား ပြန် လျှောက်သော်၊
22 David said to Ittai, “Go and pass over.” Ittai the Gittite passed over, and all his men, and all the little ones who were with him.
၂၂ဒါဝိဒ် က၊ ချီ သွား လော့ဟု အိတ္တဲ အား မိန့် တော်မူသဖြင့် ၊ ဂိတ္တိ လူအိတ္တဲ သည် မိမိ ၌ ပါသော လူကြီး လူငယ် အပေါင်း တို့နှင့်တကွ ချီသွား လေ၏။
23 All the country wept with a loud voice, and all the people passed over. The king also himself passed over the brook Kidron, and all the people passed over towards the way of the wilderness.
၂၃ပြည်သူ ပြည်သားအပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။ နောက်တော်၌ လိုက်သောသူ အပေါင်း တို့ သည် ချီသွား ၍ ၊ ရှင် ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန် ချောင်း ကို ကူး လျှင် ၊ လူ အပေါင်း တို့သည် ကူး ၍တော လမ်း သို့ လိုက်သွားကြ၏။
24 Behold, Zadok also came, and all the Levites with him, bearing the ark of the covenant of God; and they set down God’s ark; and Abiathar went up until all the people finished passing out of the city.
၂၄ဇာဒုတ် နှင့် လေဝိ လူအပေါင်း တို့သည်လည်း ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက် ရောက်လာ၍ သေတ္တာ တော်ကို ချထား ကြ၏။ လူ အပေါင်း တို့သည် မြို့ ထဲက ထွက် ၍ မ ကုန် မှီတိုင်အောင်အဗျာသာ သည် ယဇ်ပူဇော် လျက် နေ၏။
25 The king said to Zadok, “Carry God’s ark back into the city. If I find favour in the LORD’s eyes, he will bring me again, and show me both it and his habitation;
၂၅ရှင် ဘုရင်သည် ဇာဒုတ် ကို ခေါ်၍၊ ဘုရား သခင်၏ သေတ္တာ တော်ကို မြို့ ထဲသို့ ပြန်ပို့ လော့။ ထာဝရဘုရား သည် ငါ့ကို စိတ် တော်နှင့်တွေ့လျှင် ငါ့ ကိုပို့ပြန် ၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ် တော်မူရာအရပ်ကို၎င်းပြ တော်မူမည်။
26 but if he says, ‘I have no delight in you,’ behold, here I am. Let him do to me as seems good to him.”
၂၆သို့မဟုတ် သင့် ကိုငါအလို မ ရှိဟု ငါ့အားမိန့် တော်မူလျှင် ငါ ရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြု တော်မူစေသတည်းဟူ၍၎င်း၊
27 The king said also to Zadok the priest, “Aren’t you a seer? Return into the city in peace, and your two sons with you, Ahimaaz your son and Jonathan the son of Abiathar.
၂၇ယဇ်ပုရောဟိတ် ဇာဒုတ် အား လည်း သင် သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် ၊ ထိုသား နှစ် ယောက်ကို ခေါ်၍ မြို့ သို့ငြိမ်ဝပ် စွာ ပြန် သွားလော့။
28 Behold, I will stay at the fords of the wilderness until word comes from you to inform me.”
၂၈သင် တို့ကြား လျှောက်စေသော စကား မ ရောက် မှီ ငါ သည်တော လွင်ပြင် ၌ ဆိုင်းလင့် ၍နေမည်ဟု မိန့်တော်မူ သည်အတိုင်း၊
29 Zadok therefore and Abiathar carried God’s ark to Jerusalem again; and they stayed there.
၂၉ဇာဒုတ် နှင့် အဗျာသာ တို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယေရုရှလင် မြို့သို့ ပြန်ပို့ ၍ ထို မြို့၌ နေ ကြ၏။
30 David went up by the ascent of the Mount of Olives, and wept as he went up; and he had his head covered and went barefoot. All the people who were with him each covered his head, and they went up, weeping as they went up.
၃၀ဒါဝိဒ် သည်လည်း ငို လျက် ၊ ဦးခေါင်း ကို ခြုံ လျက် ၊ ခြေနင်း ကိုချွတ်လျက် သံလွင် တောင် ပေါ် သို့ တက် လေ ၏။ နောက်တော်၌ လိုက်သော သူ အပေါင်း တို့သည်လည်း ဦးခေါင်း ကိုခြုံ လျက် ငိုကြွေး လျက် တက် ကြ၏။
31 Someone told David, saying, “Ahithophel is amongst the conspirators with Absalom.” David said, “LORD, please turn the counsel of Ahithophel into foolishness.”
၃၁အဗရှလုံ နှင့် ဝိုင်း ၍ ပုန်ကန်သော လူစုထဲမှာ ၊ အဟိသောဖေလ လည်း ပါကြောင်းကို ဒါဝိဒ် သည် ကြား လျှင် ၊ အိုထာဝရဘုရား ၊ အဟိသောဖေလ ပေးသောအကြံ ကို မိုက် သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်း လေ၏။
32 When David had come to the top, where God was worshipped, behold, Hushai the Archite came to meet him with his tunic torn and earth on his head.
၃၂တောင်ပေါ် သို့ ရောက် သောအခါ ဒါဝိဒ် သည် ဘုရား သခင်ကို ကိုးကွယ် ၏။ အာခိ မြို့သားဟုရှဲ သည် လည်း အင်္ကျီ ကိုဆုတ် လျက် ခေါင်း ပေါ် မှာ မြေမှုန့် ကို တင်လျက် ခရီးဦးကြို ပြုအံ့သောငှါ လာ၏။
33 David said to him, “If you pass on with me, then you will be a burden to me;
၃၃ဒါဝိဒ် ကလည်း ၊ သင်သည်ငါ နှင့်အတူ လိုက် လျှင် ငါ့ ကို နှောက်ရှက် လိမ့်မည်။
34 but if you return to the city, and tell Absalom, ‘I will be your servant, O king. As I have been your father’s servant in time past, so I will now be your servant; then will you defeat for me the counsel of Ahithophel.’
၃၄မြို့ သို့ပြန် ၍ အဗရှလုံ အား ၊ အရှင်မင်းကြီး ၊ ကျွန်တော် သည် ခမည်းတော် ထံ၌ကျွန် ခံ ဘူးသည်နည်းတူကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု လျှောက် လျှင် ၊ အဟိသောဖေလ ပေး သော အကြံ ကို ငါ့ ဘက် မှာနေ၍ ဖျက် နိုင်လိမ့်မည်။
35 Don’t you have Zadok and Abiathar the priests there with you? Therefore whatever you hear out of the king’s house, tell it to Zadok and Abiathar the priests.
၃၅မြို့တွင်သင် နှင့်အတူ ယဇ် ပုရောဟိတ်ဇာဒုတ် နှင့် အဗျာသာ တို့သည် ရှိကြသည်မ ဟုတ်လော။ သို့ဖြစ်၍ နန်း တော်၌ ကြား သမျှ ကို ယဇ်ပုရောဟိတ် တို့အား ပြန် ပြောရမည်။
36 Behold, they have there with them their two sons, Ahimaaz, Zadok’s son, and Jonathan, Abiathar’s son. Send to me everything that you shall hear by them.”
၃၆သူ တို့၌ ဇာဒုတ် ၏သား အဟိမတ် နှင့် အဗျာသာ ၏သား ယောနသန် သား နှစ် ယောက်ရှိ ကြ၏။ ကြား နိုင်သမျှ ကို ထိုသားတို့တွင် ငါ့ ထံသို့ ပေးလိုက် ရမည်ဟု မိန့် တော်မူသည် အတိုင်း၊
37 So Hushai, David’s friend, came into the city; and Absalom came into Jerusalem.
၃၇ဒါဝိဒ် ၏အဆွေ ခင်ပွန်းဟုရှဲ သည် မြို့ သို့ပြန်သွား ၏။ အဗရှလုံ သည်လည်း ယေရုရှလင် မြို့သို့ ဝင် လေ၏။