< 2 Chronicles 23 >
1 In the seventh year, Jehoiada strengthened himself, and took the captains of hundreds—Azariah the son of Jeroham, Ishmael the son of Jehohanan, Azariah the son of Obed, Maaseiah the son of Adaiah, and Elishaphat the son of Zichri—into a covenant with him.
၁ခုနစ် နှစ် မြောက် သောအခါ ၊ ယောယဒ သည် ကိုယ်ကိုခိုင်ခံ့ စေ၍ တပ်မှူး များ၊ ယေရောဟံ သား အာဇရိ ၊ ယောဟနန် သား ဣရှမေလ ၊ ဩဗက် သား အာဇရိ ၊ အဒါယ သား မာသေယ ၊ ဇိခရိ သား ဧလိရှဖတ် တို့နှင့် သင်းဖွဲ့ လေ၏။
2 They went around in Judah and gathered the Levites out of all the cities of Judah, and the heads of fathers’ households of Israel, and they came to Jerusalem.
၂ထိုသူတို့သည် ယုဒ ပြည်၌ လှည့်လည် သဖြင့် ၊ ယုဒ မြို့ အရပ်ရပ် ထဲက လေဝိ သားများနှင့် ဣသရေလ အဆွေအမျိုး သူကြီး များကို စုဝေး စေ၍ ၊ ယေရုရှလင် မြို့ သို့ ပြန် လာကြ၏။
3 All the assembly made a covenant with the king in God’s house. Jehoiada said to them, “Behold, the king’s son must reign, as the LORD has spoken concerning the sons of David.
၃စည်းဝေး သောသူ အပေါင်း တို့သည် ဗိမာန် တော်၌ ရှင်ဘုရင် နှင့် ပဋိညာဉ် ဖွဲ့ ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင် သားတော် ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် ဒါဝိဒ် အမျိုး ကို မိန့် တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံ ရမည်။
4 This is the thing that you must do: a third part of you, who come in on the Sabbath, of the priests and of the Levites, shall be gatekeepers of the thresholds.
၄သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ ဝင် သောယဇ်ပုရောဟိတ် လေဝိ သားသုံးစု တစုသည် တံခါး စောင့် လုပ်ရမည်။
5 A third part shall be at the king’s house; and a third part at the gate of the foundation. All the people will be in the courts of the LORD’s house.
၅တစု သည် နန်းတော် ကို စောင့်ရမည်။ တစု သည် သုရတံခါး ကို စောင့်ရမည်။ လူ အပေါင်း တို့သည် ဗိမာန် တော်တန်တိုင်း တို့အတွင်း ၌ နေရကြမည်။
6 But let no one come into the LORD’s house except the priests and those who minister of the Levites. They shall come in, for they are holy, but all the people shall follow the LORD’s instructions.
၆ယဇ် ပုရောဟိတ်များနှင့် အမှု တော်စောင့် လေဝိ သားများမှတပါး ၊ အဘယ်သူမျှဗိမာန် တော်ထဲသို့ မ ဝင် စေနှင့်။ သူ တို့သည်သန့်ရှင်း သောကြောင့် ဝင် ရကြမည်။ အခြားသောသူ အပေါင်း တို့သည် ထာဝရဘုရား ဘက်၌စောင့် နေရကြမည်။
7 The Levites shall surround the king, every man with his weapons in his hand. Whoever comes into the house, let him be slain. Be with the king when he comes in and when he goes out.”
၇လေဝိ သားတိုင်း မိမိ လက်နက် ကို ကိုင် လျက် ၊ ကိုယ်တော် မြတ်ကို ဝိုင်း၍ အိမ် တော်ထဲသို့ ဝင် သမျှသောသူတို့ ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
8 So the Levites and all Judah did according to all that Jehoiada the priest commanded. They each took his men, those who were to come in on the Sabbath, with those who were to go out on the Sabbath, for Jehoiada the priest didn’t dismiss the shift.
၈ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာထား သမျှ အတိုင်း ၊ လေဝိ သားများနှင့် ယုဒ အမျိုးသားအပေါင်း တို့ သည်ပြု ၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မ ဖျက် သောကြောင့် ၊ ဥပုသ် နေ့၌ ထွက် ရ သောသူ နှင့် ဝင် ရသောသူ အသီးအသီး တို့ကို ခေါ် ထား ကြ၏။
9 Jehoiada the priest delivered to the captains of hundreds the spears, bucklers, and shields that had been king David’s, which were in God’s house.
၉ဗိမာန် တော်၌ရှိသောဒါဝိဒ် မင်းကြီး ၏ လှံ များနှင့် ဒိုင်း လွှားများကို၊ ယဇ်ပုရောဟိတ် ယောယဒ သည် ထုတ် ၍ ၊ လူတရာ အုပ် တို့အား အပ်လေ၏။
10 He set all the people, every man with his weapon in his hand, from the right side of the house to the left side of the house, near the altar and the house, around the king.
၁၀အသီးအသီး လက်နက် ကိုင် သော သူ အပေါင်း တို့ကို ရှင်ဘုရင် ပတ်လည် ၊ ယဇ် ပလ္လင်အနား နှင့် ဗိမာန် တော် အနား၌ ၊ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် နေရာ ချထားလေ၏။
11 Then they brought out the king’s son, put the crown on him, gave him the covenant, and made him king. Jehoiada and his sons anointed him, and they said, “Long live the king!”
၁၁ထိုအခါ ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိကျမ်း ကိုတင် လျက် ၊ ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒ နှင့် သူ ၏သား တို့ သည် ဘိသိက် ပေး၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြ၏။
12 When Athaliah heard the noise of the people running and praising the king, she came to the people into the LORD’s house.
၁၂အာသလိ သည် လူ များပြေး ၍ ၊ ရှင်ဘုရင် ထံ၌ ချီးမွမ်း သံ ကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊
13 Then she looked, and behold, the king stood by his pillar at the entrance, with the captains and the trumpeters by the king. All the people of the land rejoiced and blew shofars. The singers also played musical instruments, and led the singing of praise. Then Athaliah tore her clothes, and said, “Treason! treason!”
၁၃ရှင် ဘုရင်သည် ဗိမာန် တော်ဝင် ဝ၊ တိုင် နား မှာ ရပ် လျက် ၊ မှူး တော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင် အနား တော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုး မှုတ် လျက် သီချင်း သည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကိုဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါ တကားဟု အော်ဟစ် လေ၏။
14 Jehoiada the priest brought out the captains of hundreds who were set over the army, and said to them, “Bring her out between the ranks; and whoever follows her, let him be slain with the sword.” For the priest said, “Don’t kill her in the LORD’s house.”
၁၄ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန် တော် ထဲမှာ မ သေ စေနှင့်။ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူ တရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊
15 So they made way for her. She went to the entrance of the horse gate to the king’s house; and they killed her there.
၁၅အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွားသော မြင်း လမ်းဝ သို့ ရောက် သောအခါ သတ် ကြ၏။
16 Jehoiada made a covenant between himself, all the people, and the king, that they should be the LORD’s people.
၁၆ရှင်ဘုရင် နှင့် လူ အပေါင်း တို့သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ၊ ယောယဒ သည် မိမိ ထံ၌ ပဋိညာဉ် ဖွဲ့ စေ၏။
17 All the people went to the house of Baal, broke it down, broke his altars and his images in pieces, and killed Mattan the priest of Baal before the altars.
၁၇လူ အပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုချိုးဖဲ့ ၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏။
18 Jehoiada appointed the officers of the LORD’s house under the hand of the Levitical priests, whom David had distributed in the LORD’s house, to offer the burnt offerings of the LORD, as it is written in the Torah of Moses, with rejoicing and with singing, as David had ordered.
၁၈မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ၊ ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ၊ ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
19 He set the gatekeepers at the gates of the LORD’s house, that no one who was unclean in anything should enter in.
၁၉မ သန့်ရှင်းသော လက္ခဏာတစုံ တခုရှိသောသူကို မ ဝင် စေခြင်းငှါ။ဗိမာန် တော်တံခါး စောင့် တို့ကိုလည်း ခန့်ထား လေ၏။
20 He took the captains of hundreds, the nobles, the governors of the people, and all the people of the land, and brought the king down from the LORD’s house. They came through the upper gate to the king’s house, and set the king on the throne of the kingdom.
၂၀လူ တရာအုပ်၊ မှူးမတ် ၊ အကြီးအကဲ ၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ခေါ်လျက်၊ မြင့် သော တံခါး လမ်း ဖြင့် ၊ ရှင် ဘုရင်ကို ဗိမာန် တော်မှ နန်းတော် သို့ပို့ဆောင် ၍ ၊ ရာဇ ပလ္လင်တော်ပေါ် မှာ တင် ကြ၏။
21 So all the people of the land rejoiced, and the city was quiet. They had slain Athaliah with the sword.
၂၁နန်းတော်နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ ၊ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏။