< 1 Timothy 6 >
1 Let as many as are bondservants under the yoke count their own masters worthy of all honour, that the name of God and the doctrine not be blasphemed.
၁ဘုရားသခင် ၏ နာမ တော်နှင့်တရားတော်သည် ကဲ့ရဲ့ ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အစေခံ ကျွန် မည်သည်ကား၊ မိမိ သခင် ကို အလွန်ရိုသေ ထိုက် သော သူဟူ၍မှတ် စေ။
2 Those who have believing masters, let them not despise them because they are brothers, but rather let them serve them, because those who partake of the benefit are believing and beloved. Teach and exhort these things.
၂သခင် သည်ယုံကြည် သောသူ ဖြစ်လျှင် ၊ ညီအစ်ကို ဖြစ် သည်ဟု စိတ်ထင်နှင့်၊ မခန့်မညား မ ပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရ သောသူသည် ယုံကြည် သောသူ၊ ချစ် အပ်သောသူ ဖြစ်သောကြောင့် သာ၍ အစေခံ စေ။ ဤသို့ ဆုံးမ ဩဝါဒပေး၍ တိုက်တွန်း သွေးဆောင်လော့။
3 If anyone teaches a different doctrine and doesn’t consent to sound words, the words of our Lord Yeshua the Messiah, and to the doctrine which is according to godliness,
၃ခြားနားသောဩဝါဒကိုသင်ပေး ၍ ၊ ငါ တို့သခင် ယေရှု ခရစ် ၏ စကား တည်းဟူသောစင်ကြယ် သော စကားကို၎င်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒ ကို၎င်း ဝန် မ ခံသောသူ မည်သည်ကား
4 he is conceited, knowing nothing, but obsessed with arguments, disputes, and word battles, from which come envy, strife, insulting, evil suspicions,
၄မာန နှင့်ယစ်မူး၍ အလျှင်းနား မ လည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး ၍ စကားကြောင့်သာ ငြင်းခုံ သော အားဖြင့်စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ ခြင်း၊ သူ့ အသရေကိုရှုတ်ချခြင်း၊ မနာလို သော ကြံစည်ခြင်း
5 constant friction of people of corrupt minds and destitute of the truth, who suppose that godliness is a means of gain. Withdraw yourself from such.
၅စိတ် နှလုံးယိုယွင်း ၍ ၊ သမ္မာတရား နှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ် သည်ဟု သူတို့သည် စိတ်ထင် ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။
6 But godliness with contentment is great gain.
၆ရောင့်ရဲ သောစိတ်ပါလျှင်၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာ သော အကျိုး စီးပွားမှန်၏။
7 For we brought nothing into the world, and we certainly can’t carry anything out.
၇အကြောင်းမူကား ၊ ငါတို့သည် ဤလောက ထဲသို့ အဘယ် အရာမျှမပါ ဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ် အရာကိုမျှ ယူ ၍ မ သွားနိုင် ဟု ထင်ရှားလျက်ရှိ၏။
8 But having food and clothing, we will be content with that.
၈သို့ဖြစ်၍ ၊ စား ရန်၊ ဝတ် ရန်ရှိသမျှနှင့် ရောင့်ရဲ လျက်နေကြကုန်အံ့။
9 But those who are determined to be rich fall into a temptation, a snare, and many foolish and harmful lusts, such as drown men in ruin and destruction.
၉ငွေရတတ် ခြင်းငှာအလိုရှိ သောသူ တို့သည် အပြစ် သွေးဆောင်ခြင်း၊ ဘမ်းမိ ခြင်း၊ မိုက်မဲ ဖျက်ဆီး တတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက် တတ်ကြ၏။ ထိုသို့သောအားဖြင့်လူ တို့သည် အကျိုးနည်းခြင်း၊ ပျက်စီး ခြင်း၌ နစ်မွန်း တတ်ကြ၏။
10 For the love of money is a root of all kinds of evil. Some have been led astray from the faith in their greed, and have pierced themselves through with many sorrows.
၁၀အကြောင်းမူကား ၊ ငွေ ကိုတပ်မက်ခြင်းသည် မကောင်း သော အမှုအပေါင်း တို့တွင် မူလအမြစ် ဖြစ် သတည်း။ လူအချို့ တို့သည်ငွေကို တပ်မက် သောကြောင့်ယုံကြည် ခြင်းတရားလမ်း မှ လွှဲသွား၍၊ ပူပန် ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုး ကြပြီ။
11 But you, man of God, flee these things, and follow after righteousness, godliness, faith, love, perseverance, and gentleness.
၁၁သို့ဖြစ်၍ ၊ အို ဘုရားသခင် ၏လူ ၊ သင် သည် ထို အပြစ်များကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် စွာ ကျင့် ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည် ခြင်း၊ ချစ် ခြင်း၊ သည်းခံ ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက် လော့။
12 Fight the good fight of faith. Take hold of the eternal life to which you were called, and you confessed the good confession in the sight of many witnesses. (aiōnios )
၁၂ယုံကြည် ခြင်းနှင့်ဆိုင်၍ကောင်း စွာသော တိုက်လှန် ခြင်းကို ပြုလော့။ ထာဝရ အသက် ကိုကိုင်ယူ လော့။ ထို အသက်ကိုရမည်အကြောင်း ၊ သင်သည်ခေါ် တော်မူခြင်းကိုခံရ၍ ၊ သက်သေ အများ တို့ ရှေ့ ၌ကောင်းမွန် စွာ ဝန်ခံ ပြီ။ (aiōnios )
13 I command you before God who gives life to all things, and before Messiah Yeshua who before Pontius Pilate testified the good confession,
၁၃ငါ တို့သခင် ယေရှု ခရစ် ထင်ရှား ပေါ်ထွန်းတော်မူသည်တိုင်အောင် ၊ သင်သည်အညစ်အကြေးနှင့် ကင်းစင် ၍ အပြစ်တင် ခွင့် မရှိဘဲလျက်၊ ပညတ် တော်ကို စောင့်ရှောက် မည်အကြောင်း
14 that you keep the commandment without spot, blameless until the appearing of our Lord Yeshua the Messiah,
၁၄အလုံးစုံ တို့ကို အသက် ရှင်စေတော်မူသော ဘုရားသခင် ရှေ့ မှာ၎င်း ၊ ပုန္တိ ပိလတ် မင်းထံ ကောင်း သော ဝန်ခံ ခြင်းဘက်၌ သက်သေခံ တော်မူသော ယေရှု ခရစ် ရှေ့ မှာ၎င်း၊ ငါသည်သင့် ကိုပညတ် ထား၏။
15 which at the right time he will show, who is the blessed and only Ruler, the King of kings and Lord of lords.
၁၅မရဏာ နှင့်ကင်းလွတ်သော သူတစ်ပါး တည်းဖြစ် တော်မူသော၊ အဘယ်သူမျှမ ချဉ်းကပ်နိုင်သော အလင်း ထဲ၌နေ တော်မူသောအဘယ်သူ မျှမမြင် ဘူးရာ၊ မ မြင် နိုင် ရာ ဖြစ်တော်မူသော၊ မင်္ဂလာ ရှိသော တစ်ပါးတည်း သော အရှင် ဖြစ်တော်မူသော၊ ဘုရင် တကာ တို့၏ ဘုရင် ၊ သခင် တကာ တို့၏သခင် သည်၊ ကာလ အချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြ တော်မူလိမ့်မည်။
16 He alone has immortality, dwelling in unapproachable light, whom no man has seen nor can see, to whom be honour and eternal power. Amen. (aiōnios )
၁၆ထိုဘုရားသခင် သည် ထာဝရ ဂုဏ် အသရေ အစွမ်း သတ္တိရှိတော်မူစေသတည်း။ အာမင် ။ (aiōnios )
17 Charge those who are rich in this present age that they not be arrogant, nor have their hope set on the uncertainty of riches, but on the living God, who richly provides us with everything to enjoy; (aiōn )
၁၇ဤ ဘဝ ၌ ငွေရတတ် သောသူ တို့သည် မာန် မာန စိတ်နှင့် ကင်းလွတ် ၍၊ မ မြဲသောစည်းစိမ် ကို မ ကိုးစား ဘဲ၊ ငါ တို့ခံစားဘို့ရာအလုံးစုံ တို့ကိုကြွယ်ဝ စွာ ပေး သနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင် ကို ကိုးစားရမည်အကြောင်း နှင့် (aiōn )
18 that they do good, that they be rich in good works, that they be ready to distribute, willing to share;
၁၈သူတစ်ပါးအားကျေးဇူး ပြုခြင်း၊ ကောင်း သောအကျင့် ၌ ကြွယ်ဝ ပြည့်စုံခြင်း၊ စွန့်ကြဲ ချင်သော စေတနာ စိတ်ရှိ ခြင်း၊ အချင်းချင်း ဆက်ဆံခြင်း
19 laying up in store for themselves a good foundation against the time to come, that they may lay hold of eternal life.
၁၉မှန် သောအသက် ကို ဝင်စား လိုသောငှာ ၊ နောင် ဘဝ၌ ကောင်း သောဘဏ္ဍာ ကို မိမိ တို့အဘို့ ဆည်းဖူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။
20 Timothy, guard that which is committed to you, turning away from the empty chatter and oppositions of what is falsely called knowledge,
၂၀အို တိမောသေ ၊ သင်၌အပ် ထားသော အရာကို စောင့်ရှောက် လော့။ တရားမဲ့ ဖြစ်သော အချည်းနှီး စကားပြောခြင်းကို၎င်း ၊ သိပ္ပံ အတတ်ဟူ၍အလွဲ ခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ရှက်ခြင်းကို၎င်း ရှောင် လော့။
21 which some profess, and thus have wandered from the faith. Grace be with you. Amen.
၂၁ထိုသိပ္ပံအတတ်ကို လူအချို့ တို့သည် ဝန်ခံ ပြုစုသောအားဖြင့်၊ ယုံကြည် ခြင်းတရားလမ်းမှ လွဲ ကြပြီ။ သင် ၌ ကျေးဇူး တော်ရှိစေသတည်း။ အာမင်။