< 1 Samuel 13 >
1 Saul was thirty years old when he became king, and he reigned over Israel forty-two years.
၁ရှောလု သည် တနှစ်ကျော် နှစ် နှစ် ခန့်လောက် ဣသရေလ အမျိုး၌ မင်း ပြုပြီးမှ ၊ ဣသရေလ အမျိုးသားသုံး ထောင် တို့ကို ရွေးကောက် ပြီးလျှင် ၊
2 Saul chose for himself three thousand men of Israel, of which two thousand were with Saul in Michmash and in the Mount of Bethel, and one thousand were with Jonathan in Gibeah of Benjamin. He sent the rest of the people to their own tents.
၂ကိုယ်တိုင်နေသောမိတ်မတ် မြို့နှင့် ဗေသလ တောင် ပေါ် မှာ လူနှစ်ထောင် ၊ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့၊ ယောနသန် ထံ မှာတထောင် ကိုထား၍၊ အခြား သောသူတို့ ကို မိမိ တို့ အသီးအသီး နေရာအရပ် သို့ လွှတ် လိုက်လေ၏။
3 Jonathan struck the garrison of the Philistines that was in Geba, and the Philistines heard of it. Saul blew the shofar throughout all the land, saying, “Let the Hebrews hear!”
၃ယောနသန် သည် ဂိဗာ မြို့၌ ရှိသော ဖိလိတ္တိ တပ် ကို လုပ်ကြံ သဖြင့် ဖိလိတ္တိ လူတို့သည် သိတင်းကြား ကြ ၏။ ရှောလု ကလည်း မြစ်တဘက်၌ နေသောသူတို့သည် ကြား သိစေဟု တပြည်လုံး တံပိုး မှုတ် စေ၏။
4 All Israel heard that Saul had struck the garrison of the Philistines, and also that Israel was considered an abomination to the Philistines. The people were gathered together after Saul to Gilgal.
၄ရှောလု သည်ဖိလိတ္တိ တပ် ကို လုပ်ကြံ ကြောင်းနှင့် ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို ရွံ့ရှာ ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြားသိ ၍၊ လူ များတို့သည် ရှောလု နောက် ဂိလဂါလ မြို့၌ စည်းဝေး ကြ၏။
5 The Philistines assembled themselves together to fight with Israel: thirty thousand chariots, six thousand horsemen, and people as the sand which is on the seashore in multitude. They came up and encamped in Michmash, eastward of Beth Aven.
၅ဖိလိတ္တိ လူတို့သည်လည်း ၊ ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ခြင်းငှါ ၊ ရထား သုံးထောင် နှင့် မြင်း ခြောက် ထောင် ကို၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ရှိသောလူ များကို၎င်းစုဝေးစေပြီးလျှင် ၊ စစ်ချီ ဗေသဝင် မြို့အရှေ့ ၊ မိတ်မတ် မြို့၌ တပ်ချ ကြ၏။
6 When the men of Israel saw that they were in trouble (for the people were distressed), then the people hid themselves in caves, in thickets, in rocks, in tombs, and in pits.
၆ဣသရေလ အမျိုးသား တို့သည် အလွန် ဆင်းရဲ ခံရသဖြင့် ၊ မိမိတို့ ကျဉ်းမြောင်းလျက်ရှိသည်ကို သိမြင် သောအခါ ၊ ဥမင် ၊ တောအုံ ၊ ကျောက် ကြား ၊ တောင်ထိပ် ၊ မြေတွင်း တို့၌ ပုန်းရှောင် ၍ နေကြ၏။
7 Now some of the Hebrews had gone over the Jordan to the land of Gad and Gilead; but as for Saul, he was yet in Gilgal, and all the people followed him trembling.
၇ယော်ဒန် မြစ်တဘက်၌ နေသောသူအချို့တို့သည် ကူးပြန်၍ ၊ ဂဒ် ပြည် ၊ ဂိလဒ် ပြည်သို့ သွား ကြ၏။ ရှောလု သည် ဂိလဂါလ မြို့၌ နေသေး ၍ ၊ လူ အပေါင်း တို့သည် သူ့ နောက် ၌ တုန်လှုပ် လျက်ရှိကြ၏။
8 He stayed seven days, according to the time set by Samuel; but Samuel didn’t come to Gilgal, and the people were scattering from him.
၈ရှမွေလ ချိန်းချက် သည်အတွင်း ရှောလုသည် ခုနစ် ရက် ငံ့လင့် ၍ ၊ ရှမွေလ သည် ဂိလဂါလ မြို့သို့ မ ရောက် ၊ လူ များတို့လည်း ထွက်ပြေး ကြ၏။
9 Saul said, “Bring the burnt offering to me here, and the peace offerings.” He offered the burnt offering.
၉ရှောလု ကလည်း ၊ မီး ရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ ထံသို့ ယူ ခဲ့ကြဟုဆို သဖြင့် ၊ မီး ရှို့ရာယဇ်ကို ပူဇော် လေ၏။
10 It came to pass that as soon as he had finished offering the burnt offering, behold, Samuel came; and Saul went out to meet him, that he might greet him.
၁၀မီး ရှို့ရာယဇ်ပူဇော် ခြင်းအမှု ပြီး သည်အဆုံး၌ ရှမွေလ သည် လာ ၏။ ရှောလု သည် ကောင်းကြီး ပေး၍ ခရီးဦးကြို ပြုခြင်းငှါ ထွက်သွား လျှင်၊
11 Samuel said, “What have you done?” Saul said, “Because I saw that the people were scattered from me, and that you didn’t come within the days appointed, and that the Philistines assembled themselves together at Michmash,
၁၁ရှမွေလ က၊ သင်သည် အဘယ်သို့ ပြု သနည်းဟုမေး သော်၊ ရှောလု က၊ လူ များတို့သည် အကျွန်ုပ် ထံမှ ထွက်ပြေး ကြောင်း ၊ ကိုယ်တော် သည် ချိန်းချက် သော အချိန်၌ မ ရောက် ကြောင်း၊ ဖိလိတ္တိ လူတို့ သည် မိတ်မတ် မြို့၌ စုဝေး ကြောင်းများကို သိမြင် သောအခါ၊
12 therefore I said, ‘Now the Philistines will come down on me to Gilgal, and I haven’t entreated the favour of the LORD.’ I forced myself therefore, and offered the burnt offering.”
၁၂ဖိလိတ္တိ လူတို့သည် ငါ ရှိရာ ဂိလဂါလ မြို့သို့ စစ်ချီ ကြလိမ့်မည်။ ထာဝရဘုရား ကို ငါမ တောင်းပန် သေး ဟု အကျွန်ုပ်အောက်မေ့ သဖြင့် ၊ ကိုယ်ကို အနိုင် ပြု၍ မီး ရှို့ရာယဇ်ကို ပူဇော် မိပြီဟု ပြန်ပြော ၏။
13 Samuel said to Saul, “You have done foolishly. You have not kept the commandment of the LORD your God, which he commanded you; for now the LORD would have established your kingdom on Israel forever.
၁၃ရှမွေလ ကလည်း သင်သည် မှား ပြီ။ သင် ၏ ဘုရား သခင်ထာဝရဘုရား ထား တော်မူသော ပညတ် တရားကို မ စောင့် ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ သင် ၏ အာဏာ ကို ယခု မှစ၍အစဉ် အမြဲတည် စေတော်မူပြီ။
14 But now your kingdom will not continue. The LORD has sought for himself a man after his own heart, and the LORD has appointed him to be prince over his people, because you have not kept that which the LORD commanded you.”
၁၄ယခု မူကား သင် ၏ အာဏာ မ တည် ရ။ ထာဝရဘုရား သည် စိတ် နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာ တော်မူ၏။ ထိုသူသည် လူမျိုး တော်အပေါ် မှာ မင်း ဖြစ်စေခြင်းငှါထာဝရဘုရား မိန့် တော်မူပြီ။ အကြောင်း မူကား၊ သင် သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း မ ကျင့် ဟု ရှောလု အား ဆို ပြီးလျှင်၊
15 Samuel arose, and went from Gilgal to Gibeah of Benjamin. Saul counted the people who were present with him, about six hundred men.
၁၅ထ ၍ ဂိလဂါလ မြို့မှ ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့သို့ သွား ၏။ ရှောလု သည် မိမိ ၌ ရှိသောလူ တို့ကို ရေတွက် ၍ ခြောက် ရာ ခန့် မျှ ရှိ ၏။
16 Saul, and Jonathan his son, and the people who were present with them, stayed in Geba of Benjamin; but the Philistines encamped in Michmash.
၁၆သူနှင့် သား တော်ယောနသန် ၊ သူ တို့၌ ရှိ သောလူ အပေါင်းတို့သည် ဗင်္ယာမိန် ခရိုင်၊ ဂိဗာ မြို့တွင် နေ ကြ၏။ ဖိလိတ္တိ လူတို့သည် မိတ်မတ် မြို့တွင် တပ်ချ ကြ၏။
17 The raiders came out of the camp of the Philistines in three companies: one company turned to the way that leads to Ophrah, to the land of Shual;
၁၇လုယူသော တပ်သုံး တပ်တို့သည်၊ ဖိလိတ္တိ တပ်မ ထဲက ထွက် ၍ တတပ်သည် ရွာလ ပြည် ဩဖရ မြို့ လမ်း သို့ လိုက် ၏။
18 another company turned the way to Beth Horon; and another company turned the way of the border that looks down on the valley of Zeboim towards the wilderness.
၁၈တ တပ် သည် ဗေသောရုန် မြို့လမ်း သို့ လိုက် ၏။ တ တပ် သည် တော ဘက် မှာ ဇေဘိုင်ချိုင့် ကို မျက်နှာပြု သော ပြည် စွန်းလမ်း သို့ လိုက် ၏။
19 Now there was no blacksmith found throughout all Eretz-Israel, for the Philistines said, “Lest the Hebrews make themselves swords or spears”;
၁၉ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့သည် ထား လှံ တို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည် တရှောက်လုံး တွင် ပန်းပဲ တယောက်မျှမ ရှိ။
20 but all the Israelites went down to the Philistines, each man to sharpen his own ploughshare, mattock, axe, and sickle.
၂၀ဣသရေလ လူအပေါင်း တို့သည် ထွန်သွား ၊ ပေါက်တူး ၊ ပုဆိန် ၊ တူးရွင်း ကို ထက် စေခြင်းငှါ ၊ ဖိလိတ္တိ လူတို့ရှိရာသို့ သွား ရကြ၏။
21 The price was one payim each to sharpen mattocks, ploughshares, pitchforks, axes, and goads.
၂၁နောက် တဖန် ထွန်သွား ၊ ပေါက်တူး ၊ သုံးခွ ခက်ရင်း ၊ ပုဆိန် ၊ ထိုးတံချွန် တုံးလျက်ရှိကြ၏။
22 So it came to pass in the day of battle that neither sword nor spear was found in the hand of any of the people who were with Saul and Jonathan; but Saul and Jonathan his son had them.
၂၂သို့ဖြစ်၍ စစ်တိုက် ရာကာလ ရှောလု နှင့် သားတော် ယောနသန် မှတပါး အဘယ်သူ၌ မျှ ထား လှံ မ ရှိ။
23 The garrison of the Philistines went out to the pass of Michmash.
၂၃တဖန် ဖိလိတ္တိ တပ်သား တို့သည် မိတ်မတ် မြို့ လမ်းဝ သို့ ထွက် ၍ နေကြစဉ်တွင်၊