< Psalms 48 >
1 A Song. A Psalm by the sons of Korah. Great is Yahweh, and greatly to be praised, in the city of our God, in his holy mountain.
၁ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍သန့်ရှင်း မြင့်မြတ်သည့်တောင်တော် တည်းဟူသော ငါတို့ဘုရား၏မြို့တော်တွင်အလွန် ထောမနာပြုခြင်းကိုခံထိုက်ပေ၏။
2 Beautiful in elevation, the joy of the whole earth, is Mount Zion, on the north sides, the city of the great King.
၂ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။
3 God has shown himself in her citadels as a refuge.
၃ထိုမြို့တော်၏ခံတပ်များအတွင်းအထံ တော်တွင် ဘေးမဲ့လုံခြုံမှုရှိကြောင်းကိုဘုရားသခင် ပြသတော်မူပြီ။
4 For, behold, the kings assembled themselves, they passed by together.
၄ရှင်ဘုရင်တို့သည်စုရုံးလျက်ဇိအုန်တောင်ကို တိုက်ခိုက်ရန်ချီတက်လာကြ၏။
5 They saw it, then they were amazed. They were dismayed. They hurried away.
၅ထိုတောင်ကိုမြင်သောအခါသူတို့သည် အံ့သြထိတ်လန့်၍ထွက်ပြေးကြ၏။
6 Trembling took hold of them there, pain, as of a woman in travail.
၆သူတို့သည်သားဖွားချိန်နီးသည့် အမျိုးသမီးကဲ့သို့လည်းကောင်း၊ ပြင်းထန်သောလေမုန်တိုင်းမိသဖြင့်လူးနေရသော သင်္ဘောကြီးများကဲ့သို့လည်းကောင်း ထိတ်လန့်တုန်လှုပ်ကြကုန်၏။
7 With the east wind, you break the ships of Tarshish.
၇
8 As we have heard, so we have seen, in the city of Yahweh of Armies, in the city of our God. God will establish it forever. (Selah)
၈ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင် ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
9 We have thought about your loving kindness, God, in the middle of your temple.
၉အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဗိမာန်တော်အတွင်း၌ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုဆင်ခြင်ကြပါ၏။
10 As is your name, God, so is your praise to the ends of the earth. Your right hand is full of righteousness.
၁၀နေရာတကာတွင်လူအပေါင်းတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။ ကိုယ်တော်ရှင်၏ဂုဏ်သတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ပျံ့နှံ့နေပါ၏။ ကိုယ်တော်ရှင်သည်တရားမျှတစွာ အုပ်စိုးတော်မူပါ၏။
11 Let Mount Zion be glad! Let the daughters of Judah rejoice because of your judgments.
၁၁ဇိအုန်မြို့သူမြို့သားတို့သည်ဝမ်းမြောက် ကြပါစေ။ ကိုယ်တော်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူပါ၏။ ယုဒပြည်မြို့ကြီးများတွင်ရွှင်လန်းမှုရှိ ပါစေ။
12 Walk about Zion, and go around her. Number its towers.
၁၂ဘုရားသခင်၏လူစုတော်ဝင်တို့၊ဇိအုန်တောင် ကို လှည့်ပတ်၍ပြအိုးတို့ကိုရေတွက်လော့။
13 Notice her bulwarks. Consider her palaces, that you may tell it to the next generation.
၁၃ထိုမြို့၏တံတိုင်းများကိုမှတ်သား၍ခံတပ် များကို စစ်ဆေးကြည့်ရှုကြလော့။ ထိုအခါသင်တို့သည်``ဤဘုရားကား ကမ္ဘာအဆက်ဆက်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ငါတို့အား လမ်းပြပို့ဆောင်တော်မူလိမ့်မည်'' ဟု နောင်လာနောက်သားတို့အား ပြောကြားနိုင်ကြလိမ့်မည်။
14 For this God is our God forever and ever. He will be our guide even to death.
၁၄