< Matthew 16 >

1 The Pharisees and Sadducees came, and testing him, asked him to show them a sign from heaven.
ထိုအခါ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာချဉ်းကပ် ၍၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို ပြ တော်မူမည်အကြောင်း တောင်းပန် ကြ၏။
2 But he answered them, “When it is evening, you say, ‘It will be fair weather, for the sky is red.’
ကိုယ်တော် ကလည်း ၊ သင်တို့သည် ညဦးယံ ၌ပြောဆို တတ်သည်ကား၊ ယခုမိုးတိမ် နီ သည်ဖြစ်၍ မိုး ကြည်လင်လိမ့်မည်ဟု ဆိုတတ်ကြ၏။
3 In the morning, ‘It will be foul weather today, for the sky is red and threatening.’ Hypocrites! You know how to discern the appearance of the sky, but you can’t discern the signs of the times!
နံနက်ယံ ၌ကား၊ ယခုမိုး အုံ့ လျက်ရှိ၏။ နီမောင်း သောအဆင်းလည်းရှိ၏။ ယနေ့ မိုးသက် မုန်တိုင်းလာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင် ၏ မျက်နှာ ကိုပိုင်းခြား ၍သိ နိုင်ကြ၏။ကပ် ကာလ၏ နိမိတ် လက္ခဏာတို့ကို ပိုင်းခြား၍မ သိနိုင် ကြ။
4 An evil and adulterous generation seeks after a sign, and there will be no sign given to it, except the sign of the prophet Jonah.” He left them and departed.
ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကိုတောင်း သည်မှာ၊ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာ ကိုမျှ သူတို့အားမ ပြ ရာ ဟု မိန့် တော်မူပြီးလျှင်၊ ထိုသူ တို့ရှိရာမှထွက် ၍ ကြွ တော်မူ၏။
5 The disciples came to the other side and had forgotten to take bread.
တပည့် တော်တို့သည် ကမ်းတစ်ဘက် သို့ သွား ကြသောအခါ မုန့် ကိုယူ ခြင်းငှာမေ့လျော့ ကြ၏။
6 Jesus said to them, “Take heed and beware of the yeast of the Pharisees and Sadducees.”
ယေရှု ကလည်း ၊ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုသတိ နှင့် ကြဉ်ရှောင် ကြ ဟု မိန့် တော်မူ၏။
7 They reasoned among themselves, saying, “We brought no bread.”
တပည့် တော်တို့ကလည်း ၊ ငါတို့၌ မုန့် မ ပါ သောကြောင့် ဤစကားကိုမိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
8 Jesus, perceiving it, said, “Why do you reason among yourselves, you of little faith, because you have brought no bread?
ယေရှု သည် သိ တော်မူလျှင် ၊ ယုံကြည် အားနည်းသောသူတို့၊ သင်တို့၌မုန့် မ ပါ သည်ကိုထောက်၍အဘယ်ကြောင့် အချင်းချင်း ဆွေးနွေး ပြောဆိုကြသနည်း။
9 Don’t you yet perceive or remember the five loaves for the five thousand, and how many baskets you took up,
မုန့် ငါး လုံးကို လူငါးထောင် စား၍ စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊မုန့် ခုနှစ် လုံးကိုလူလေးထောင် စား၍စားကြွင်းဘယ်နှစ် တောင်း ကောက်သိမ်း သည်ကို၎င်း၊
10 or the seven loaves for the four thousand, and how many baskets you took up?
၁၀သင်တို့သည် နှလုံး မ သွင်း မ အောက်မေ့ ဘဲနေကြသေးသလော။
11 How is it that you don’t perceive that I didn’t speak to you concerning bread? But beware of the yeast of the Pharisees and Sadducees.”
၁၁ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုကြဉ်ရှောင် ကြ ဟူသောစကားကို ငါပြောသည်တွင်၊ မုန့် ကိုအမှတ်ပြု၍ ငါမ ပြောသည် ကို သင်တို့သည် နား မ လည်ဘဲ အဘယ်သို့ နေကြသနည်း ဟု မိန့် တော်မူ၏။
12 Then they understood that he didn’t tell them to beware of the yeast of bread, but of the teaching of the Pharisees and Sadducees.
၁၂ထိုအခါ တပည့်တော်တို့သည် မုန့် ၏ တဆေး ကို ကြဉ်ရှောင် ကြဟု မိန့် တော်မ မူ။ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ ဩဝါဒ ကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။
13 Now when Jesus came into the parts of Caesarea Philippi, he asked his disciples, saying, “Who do men say that I, the Son of Man, am?”
၁၃ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ ကြွ တော်မူသောအခါ ၊ လူ များတို့သည် လူ သား ဖြစ် သော ငါ့ကို အဘယ်သူ ဖြစ်သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊
14 They said, “Some say John the Baptizer, some, Elijah, and others, Jeremiah or one of the prophets.”
၁၄လူအချို့ က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ယေရမိ မှစ၍ ပရောဖက် တပါးပါး ဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက် ကြသော် ၊
15 He said to them, “But who do you say that I am?”
၁၅သင် တို့လည်း ငါ့ ကို အဘယ်သူ ဖြစ် သည် ဆို ကြသနည်း ဟု မေးမြန်း တော်မူလျှင်၊
16 Simon Peter answered, “You are the Christ, the Son of the living God.”
၁၆ရှိမုန် ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် တည်းဟူသောအသက် ရှင်တော်မူသော ဘုရားသခင် ၏ သား တော်ဖြစ် တော်မူသည်ဟု လျှောက် လေ၏။
17 Jesus answered him, “Blessed are you, Simon Bar Jonah, for flesh and blood has not revealed this to you, but my Father who is in heaven.
၁၇ယေရှု ကလည်း ၊ ရှိမုန် ဗာယောန ၊ သင်သည်မင်္ဂလာ ရှိ ၏။ အကြောင်းမူကား ၊ အသွေး အသား သည် အကြောင်းအရာကို သင့် အားဖော်ပြ သည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသောငါ့ ခမည်းတော် သည် ဖော်ပြတော်မူသတည်း။
18 I also tell you that you are Peter, and on this rock I will build my assembly, and the gates of Hades will not prevail against it. (Hadēs g86)
၁၈ငါ ဆို သည်ကား၊ သင် သည် ပေတရု ဖြစ် ၏။ ဤ ကျောက် ပေါ်မှာ ငါ့ အသင်း ကို ငါတည်ဆောက် မည်။ ထိုအသင်း ကို မရဏာ နိုင်ငံ၏တံခါး တို့သည် မ နိုင် ရာ။ (Hadēs g86)
19 I will give to you the keys of the Kingdom of Heaven, and whatever you bind on earth will have been bound in heaven; and whatever you release on earth will have been released in heaven.”
၁၉ကောင်းကင် နိုင်ငံ တော်၏ သော့ တို့ကိုလည်း သင့် အားငါပေး မည်။ သင်သည်မြေကြီး ပေါ်မှာ ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက်ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည် ဟု မိန့် တော်မူပြီးလျှင် ၊
20 Then he commanded the disciples that they should tell no one that he was Jesus the Christ.
၂၀ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်း ကို အဘယ်သူ အားမျှမပြော စိမ့်သောငှာတပည့် တော်တို့ကို ပညတ် တော်မူ၏။
21 From that time, Jesus began to show his disciples that he must go to Jerusalem and suffer many things from the elders, chief priests, and scribes, and be killed, and the third day be raised up.
၂၁ထိုမှတပါးကိုယ်တော် သည် ယေရုရှလင် မြို့သို့ သွား ရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်၌ များစွာ ခံရ မည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်း များကို ထိုအခါ မှ စ ၍တပည့် တော်တို့အား ပြ တော်မူ၏။
22 Peter took him aside and began to rebuke him, saying, “Far be it from you, Lord! This will never be done to you.”
၂၂ထိုအခါ ပေတရု သည် ကိုယ်တော်ကို မိမိ နှင့်အတူခေါ် ၍ ၊ သခင် ၊ ကိုယ်တော် ၌ ဤသို့မဖြစ်ပါစေနှင့်။ ဤ အမှုသည် ကိုယ်တော် ၌ မ ရောက် ရာဟု အပြစ်တင် သောစကားကို လျှောက် သော်၊
23 But he turned and said to Peter, “Get behind me, Satan! You are a stumbling block to me, for you are not setting your mind on the things of God, but on the things of men.”
၂၃ကိုယ်တော် သည် မျက်နှာတော်ကိုလှည့် ၍ အချင်းရန်သူ ၊ ငါ့ နောက် သို့ဆုတ် လော့။ သင်သည် ငါ တိုက်မိ ၍ လဲစရာအကြောင်းဖြစ် ၏။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်း သည် ဟု မိန့် တော်မူ၏။
24 Then Jesus said to his disciples, “If anyone desires to come after me, let him deny himself, take up his cross, and follow me.
၂၄ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
25 For whoever desires to save his life will lose it, and whoever will lose his life for my sake will find it.
၂၅အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာအလိုရှိ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် ငါ့ ကြောင့် အသက် ရှုံး ၏၊ ထိုသူသည်အသက် ကို တွေ့ လိမ့်မည်။
26 For what will it profit a man if he gains the whole world and forfeits his life? Or what will a man give in exchange for his life?
၂၆လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။
27 For the Son of Man will come in the glory of his Father with his angels, and then he will render to everyone according to his deeds.
၂၇လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
28 Most certainly I tell you, there are some standing here who will in no way taste of death until they see the Son of Man coming in his Kingdom.”
၂၈ငါအမှန် ဆို သည်ကား၊ လူ သား သည် နိုင်ငံ တော်တည်လျက်ကြွလာ တော်မူသည်ကို၊ ဤ အရပ်၌ရှိ သော သူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့မ ရောက် ရကြဟု တပည့် တော်တို့အား မိန့် တော်မူ၏။

< Matthew 16 >