< Malachi 1 >
1 A revelation, Yahweh’s word to Israel by Malachi.
၁ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော၊
2 “I have loved you,” says Yahweh. Yet you say, “How have you loved us?” “Wasn’t Esau Jacob’s brother?” says Yahweh, “Yet I loved Jacob;
၂ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကို ငါချစ်၏။
3 but Esau I hated, and made his mountains a desolation, and gave his heritage to the jackals of the wilderness.”
၃ဧသောကို ငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
4 Whereas Edom says, “We are beaten down, but we will return and build the waste places,” Yahweh of Armies says, “They shall build, but I will throw down; and men will call them ‘The Wicked Land,’ even the people against whom Yahweh shows wrath forever.”
၄ဧဒုံအမျိုးသားတို့က၊ ငါတို့သည် ပျက်စီးသော် လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည်။
5 Your eyes will see, and you will say, “Yahweh is great—even beyond the border of Israel!”
၅ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရ ဘုရားသည် ဣသရေလပြည်၏ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည်။
6 “A son honors his father, and a servant his master. If I am a father, then where is my honor? And if I am a master, where is the respect due me?” says Yahweh of Armies to you priests who despise my name. “You say, ‘How have we despised your name?’
၆သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊
7 You offer polluted bread on my altar. You say, ‘How have we polluted you?’ In that you say, ‘Yahweh’s table is contemptible.’
၇ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရ ဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။
8 When you offer the blind for sacrifice, isn’t that evil? And when you offer the lame and sick, isn’t that evil? Present it now to your governor! Will he be pleased with you? Or will he accept your person?” says Yahweh of Armies.
၈မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
9 “Now, please entreat the favor of God, that he may be gracious to us. With this, will he accept any of you?” says Yahweh of Armies.
၉ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
10 “Oh that there were one among you who would shut the doors, that you might not kindle fire on my altar in vain! I have no pleasure in you,” says Yahweh of Armies, “neither will I accept an offering at your hand.
၁၀သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို အလိုမရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ၏။
11 For from the rising of the sun even to its going down, my name is great among the nations, and in every place incense will be offered to my name, and a pure offering; for my name is great among the nations,” says Yahweh of Armies.
၁၁နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
12 “But you profane it when you say, ‘Yahweh’s table is polluted, and its fruit, even its food, is contemptible.’
၁၂သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။
13 You say also, ‘Behold, what a weariness it is!’ And you have sniffed at it”, says Yahweh of Armies; “and you have brought that which was taken by violence, the lame, and the sick; thus you bring the offering. Should I accept this at your hand?” says Yahweh.
၁၃တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။
14 “But the deceiver is cursed who has in his flock a male, and vows and sacrifices to the Lord a defective thing; for I am a great King,” says Yahweh of Armies, “and my name is awesome among the nations.”
၁၄သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက် ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။