< Jeremiah 41 >

1 Now in the seventh month, Ishmael the son of Nethaniah, the son of Elishama, of the royal offspring and one of the chief officers of the king, and ten men with him, came to Gedaliah the son of Ahikam to Mizpah; and there they ate bread together in Mizpah.
သတ္တမ လ တွင် ဆွေ တော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သား နာသနိ ၏သား ဣရှမေလ သည်၊ လူ တကျိပ် နှင့် တကွ၊ အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့ သို့ လာ၍၊ ထို မြို့ ၌ တစု တည်းစားသောက် ကြ၏။
2 Then Ishmael the son of Nethaniah arose, and the ten men who were with him, and struck Gedaliah the son of Ahikam the son of Shaphan with the sword and killed him, whom the king of Babylon had made governor over the land.
ထိုအခါ နာသနိ သား ဣရှမေလ နှင့် ထိုလူ တကျိပ် တို့သည် ထ ၍ ၊ ဗာဗုလုန် ရှင်ဘုရင် အခွင့်နှင့် ပြည် အုပ် လုပ်သော ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကိုထား နှင့် ခုတ် ၍ သတ် ကြ၏။
3 Ishmael also killed all the Jews who were with Gedaliah at Mizpah, and the Chaldean men of war who were found there.
ဣရှမေလ သည်လည်း ၊ မိဇပါ မြို့တွင် ဂေဒလိ ထံ ၌ ရှိ သော ယုဒ လူအပေါင်း တို့ကို၎င်း၊ တွေ့ သမျှသော ခါလဒဲ စစ်သူရဲ တို့ကို၎င်းသတ် လေ၏။
4 The second day after he had killed Gedaliah, and no man knew it,
ဂေဒလိ ကိုသတ် ၍ ၊ နှစ် ရက် လွန် သော်လည်း၊ ထိုအမှုကို အဘယ်သူ မျှမ သိ သေးသဖြင့် ၊
5 men came from Shechem, from Shiloh, and from Samaria, even eighty men, having their beards shaved and their clothes torn, and having cut themselves, with meal offerings and frankincense in their hand, to bring them to Yahweh’s house.
ရှေခင် မြို့၊ ရှိလော မြို့၊ ရှမာရိ မြို့မှ ထွက် လာသောလူ ရှစ်ကျိပ် တို့သည် မိမိတို့မုတ်ဆိတ် ကိုရိတ် ပြီးလျှင် ၊ အဝတ် စုတ်ကိုဝတ်၍ ရှန သော ကိုယ်ရှိလျက် ၊ ပူဇော် သက္ကာနှင့် နံ့သာ ပေါင်းကို ဗိမာန် တော်သို့ ဆောင် ခဲ့လျက် ရောက်လာကြ၏။
6 Ishmael the son of Nethaniah went out from Mizpah to meet them, weeping all along as he went, and as he met them, he said to them, “Come to Gedaliah the son of Ahikam.”
ထိုသူ တို့ကို ကြိုဆို အံ့သောငှါ ၊ နာသနိ သား ဣရှမေလ သည် ငိုကြွေး လျက်၊ မိဇပါ မြို့မှ ထွက် ၍ တွေ့ သောအခါ ၊ အဟိကံ သား ဂေဒလိ ထံ သို့လာ ကြလော့ ဟု ခေါ် လေ၏။
7 It was so, when they came into the middle of the city, that Ishmael the son of Nethaniah killed them, and cast them into the middle of the pit, he, and the men who were with him.
မြို့ ထဲ သို့ ရောက် ပြီးလျှင် ၊ နာသနိ သား ဣရှမေလ နှင့် သူ ၏လူ များတို့သည် ထိုသူ တို့ကိုသတ် ၍၊ မြေတွင်း ထဲ သို့ ပစ်ချကြ၏။
8 But ten men were found among those who said to Ishmael, “Don’t kill us; for we have stores hidden in the field, of wheat, and of barley, and of oil, and of honey.” So he stopped, and didn’t kill them among their brothers.
ထိုသူ တို့တွင် ပါသောလူ တကျိပ် တို့က၊ အကျွန်ုပ် တို့ကို မ သတ် ပါနှင့်။ အကျွန်ုပ် တို့သိုထားသော ဥစ္စာ တည်း ဟူသောဂျုံ ၊ မုယော ၊ ဆီ ၊ ပျားရည် သည်တော ၌ ရှိ ပါ၏ဟု၊ ဣရှမေလ အား ပြော ဆိုသောကြောင့် ၊ ထိုသူ တို့ကိုသူ တို့ ညီအစ်ကို များနှင့်အတူမ သတ် ဘဲနေ၏။
9 Now the pit in which Ishmael cast all the dead bodies of the men whom he had killed, by the side of Gedaliah (this was that which Asa the king had made for fear of Baasha king of Israel), Ishmael the son of Nethaniah filled it with those who were killed.
ဣရှမေလ သည် ဂေဒလိ နှင့်အတူ သတ် သော သူ အသေကောင် များကို ပစ်ချ သော တွင်း သည်အခြားတွင်း မဟုတ်၊ အာသ မင်းကြီး သည် ဣသရေလ ရှင်ဘုရင် ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိ သား ဣရှမေလ သည် အသေ ကောင်များနှင့် ပြည့် စေ၏။
10 Then Ishmael carried away captive all of the people who were left in Mizpah, even the king’s daughters, and all the people who remained in Mizpah, whom Nebuzaradan the captain of the guard had committed to Gedaliah the son of Ahikam. Ishmael the son of Nethaniah carried them away captive, and departed to go over to the children of Ammon.
၁၀ထိုအခါ အဟိကံ သား ဂေဒလိ ၌ ကိုယ်ရံတော် မှူး နေဗုဇာရဒန် အပ် သော မင်း သမီး များအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်း သမျှ သော သူ တို့ ကို နာသနိ သား ဣရှမေလ သည် သိမ်းယူ ၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ ထွက်သွား လေ၏။
11 But when Johanan the son of Kareah, and all the captains of the forces who were with him, heard of all the evil that Ishmael the son of Nethaniah had done,
၁၁ထိုသို့နာသနိ သား ဣရှမေလ ပြု သော အမှုဆိုး အလုံးစုံ တို့ကို၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ ၌ရှိသမျှ သော တပ်မှူး တို့သည်ကြား လျှင် ၊
12 then they took all the men, and went to fight with Ishmael the son of Nethaniah, and found him by the great waters that are in Gibeon.
၁၂လူ အပေါင်း တို့ကို ခေါ် ၍ ၊ နာသနိ သား ဣရှမေလ ကို တိုက် ခြင်းငှါ ထွက်သွား သဖြင့် ၊ ဂိဗောင် ကန် နား မှာတွေ့ လေ၏။
13 Now when all the people who were with Ishmael saw Johanan the son of Kareah, and all the captains of the forces who were with him, then they were glad.
၁၃ဣရှမေလ ၌ ပါသော သူ အပေါင်း တို့သည် ကာရာ သား ယောဟနန် နှင့် သူ ၌ ပါသော တပ်မှူး အပေါင်း တို့ကို မြင် သောအခါ ၊ ဝမ်းမြောက် ခြင်းသို့ ရောက် ကြ၏။
14 So all the people who Ishmael had carried away captive from Mizpah turned about and came back, and went to Johanan the son of Kareah.
၁၄ထိုအခါ မိဇပါ မြို့မှ ဣရှမေလ သိမ်း သွားသော လူ အပေါင်း တို့သည် သူ့ထံမှထွက် ၍ ၊ ကာရာ သား ယောဟနန် ထံသို့ ကူး သွားကြ၏။
15 But Ishmael the son of Nethaniah escaped from Johanan with eight men, and went to the children of Ammon.
၁၅နာသနိ သား ဣရှမေလ သည် လူ ရှစ် ယောက်နှင့်တကွ ၊ ယောဟနန် လက်မှ လွတ် ပြေး၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ သွား လေ၏။
16 Then Johanan the son of Kareah and all the captains of the forces who were with him took all the remnant of the people whom he had recovered from Ishmael the son of Nethaniah, from Mizpah, after he had killed Gedaliah the son of Ahikam—the men of war, with the women, the children, and the eunuchs, whom he had brought back from Gibeon.
၁၆ထိုသို့ အဟိကံ သား ဂေဒလိ ကို သတ် ပြီးသည် နောက် ၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ၌ ရှိသော တပ်မှူး အပေါင်း တို့သည် နာသနိ သား ဣရှမေလ လက်မှ ၎င်း ၊ မိဇပါ မြို့မှ ၎င်း နှုတ် ၍ ကျန် ကြွင်းသော သူ တည်း ဟူသော ၊ အားကြီး သော စစ်သူရဲ များ၊ မိန်းမ များ၊ သူငယ် များ၊ မိန်းမစိုး များ အပေါင်း တို့ကို ဂိဗောင် မြို့မှ ဆောင် ခဲ့ ပြန်၍၊
17 They departed and lived in Geruth Chimham, which is by Bethlehem, to go to enter into Egypt
၁၇ခါလဒဲလူတို့ကြောင့် အဲဂုတ္တု ပြည်သို့ ပြောင်းမည် အကြံရှိလျက်၊ ဗက်လင် မြို့နှင့်နီး သော ခိမဟံ ရွာသို့ သွား ၍ နေ ကြ၏။
18 because of the Chaldeans; for they were afraid of them, because Ishmael the son of Nethaniah had killed Gedaliah the son of Ahikam, whom the king of Babylon made governor over the land.
၁၈အကြောင်း မူကား၊ ပြည် အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့် ထားသော အဟိကံ သား ဂေဒလိ ကို နာသနိ သား ဣရှမေလ သတ် သောကြောင့် ၊ ခါလဒဲ လူတို့ကို ကြောက် ကြ၏။

< Jeremiah 41 >