< Jeremiah 2 >
1 Yahweh’s word came to me, saying,
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည်ငါ့ ဆီသို့ ရောက် ၍၊ သင်သည်ယေရုရှလင် မြို့သို့ သွား ပြီးလျှင် ၊
2 “Go and proclaim in the ears of Jerusalem, saying, ‘Yahweh says, “I remember for you the kindness of your youth, your love as a bride, how you went after me in the wilderness, in a land that was not sown.
၂အော်ဟစ် ရမည်အရာဟူမူကား၊ ထာဝရဘုရား က၊ လယ် မ လုပ် သော တော အရပ်၌ သင် သည် ငါ့ နောက် သို့လိုက် သောအခါ၊ အသက် အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြား ပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်း မေတ္တာကို၎င်း ငါအောက်မေ့ ၏။
3 Israel was holiness to Yahweh, the first fruits of his increase. All who devour him will be held guilty. Evil will come on them,”’ says Yahweh.”
၃ထိုအခါ ဣသရေလ အမျိုးသည် ထာဝရဘုရား အဘို့ သန့်ရှင်း ၏။ စီးပွားတော်အဘို့ အဦး သီးသော အသီး ဖြစ်၏။ သူ တို့ကို လုယူ သောသူအပေါင်း တို့သည် အပြစ် ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည် ဟု ထာဝရဘုရား မိန့် တော်မူ၏။
4 Hear Yahweh’s word, O house of Jacob, and all the families of the house of Israel!
၄အိုယာကုပ် အမျိုး နှင့် ဣသရေလ အမျိုး အနွယ် အပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
5 Yahweh says, “What unrighteousness have your fathers found in me, that they have gone far from me, and have walked after worthless vanity, and have become worthless?
၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ထံမှ ဝေး စွာထွက်သွား၍ ၊ အနတ္တ လမ်း သို့လိုက် လျက်၊ အနတ္တ သက်သက် ဖြစ် ရမည် အကြောင်း၊ ငါ ၌ အဘယ် မည်သောအပြစ် ကို တွေ့ ကြသနည်း။
6 They didn’t say, ‘Where is Yahweh who brought us up out of the land of Egypt, who led us through the wilderness, through a land of deserts and of pits, through a land of drought and of the shadow of death, through a land that no one passed through, and where no man lived?’
၆သူတို့က၊ ငါ တို့ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ် ၍၊ တော တရှောက် လုံး၊ လွင်ပြင် ၊ မြေတွင်း နှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည် ၊ ခရီး သွားသောသူ၊ နေရာ ကျသောသူ မ ရှိသော ပြည်တရှောက် လုံးသို့ပို့ဆောင်သော ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။
7 I brought you into a plentiful land to eat its fruit and its goodness; but when you entered, you defiled my land, and made my heritage an abomination.
၇ဝပြော သော ပြည် ၏အသီးအနှံ ဆီဥ ဆီကြည်ကို စား စေခြင်းငှါ သင် တို့ကို ငါဆောင် သွင်း၍၊ သင်တို့သည် ဝင်စား သောအခါ ၊ ငါ့ ပြည် ကို ညစ်ညူး စေ၍ ၊ ငါ ၏အမွေ ကို ရွံရှာ ဘွယ်ဖြစ် စေကြသည်တကား။
8 The priests didn’t say, ‘Where is Yahweh?’ and those who handle the law didn’t know me. The rulers also transgressed against me, and the prophets prophesied by Baal and followed things that do not profit.
၈ယဇ် ပုရောဟိတ်တို့က၊ ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။ ကျမ်း တတ်တို့ သည် ငါ့ ကိုမ သိ ကြ။ သင်းအုပ် တို့သည် ငါ့ ကို ပြစ်မှား ကြ၏။ ပရောဖက် တို့သည် ဗာလ ကို အမှီပြု ၍ ဟောပြော လျက် ၊ ကျေးဇူး မဲ့ သောလမ်းသို့ လိုက် ကြ၏။
9 “Therefore I will yet contend with you,” says Yahweh, “and I will contend with your children’s children.
၉ထိုကြောင့် ၊ သင် တို့နှင့် သင် တို့သား သမီးများကို ငါစစ်ကြော မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
10 For pass over to the islands of Kittim, and see. Send to Kedar, and consider diligently, and see if there has been such a thing.
၁၀ခိတ္တိမ် ကျွန်း တို့သို့ကူး ၍ ကြည့်ရှု ကြလော့။ ကေဒါ ပြည်သို့ လူကို စေလွှတ် ၍ ၊ ထို သို့ ဖြစ် ဘူးပြီလောဟု စေ့စေ့ ကြည့်ရှု ဆင်ခြင်ကြလော့။
11 Has a nation changed its gods, which really are no gods? But my people have changed their glory for that which doesn’t profit.
၁၁အခြားတပါးသော လူမျိုး ကိုးကွယ်သော ဘုရား သည် ဘုရား မဟုတ် သော်လည်း ၊ ပြောင်းလဲ ဘူးပြီလော။ ငါ ၏လူမျိုး သည် ကျေးဇူး မ ပြုနိုင်သောအရာဘို့ မိမိ တို့ ဘုန်း ကို ပြောင်းလဲ ကြပြီတကား။
12 “Be astonished, you heavens, at this and be horribly afraid. Be very desolate,” says Yahweh.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို မိုဃ်း ကောင်းကင် တို့၊ ထို အမှုကို မိန်းမော တွေဝေ ၍၊ ကြက်သီး မွေးညှင်း ထ သည် တိုင်အောင ်ထိတ်လန့် လျက် နေကြလော့ ။
13 “For my people have committed two evils: they have forsaken me, the spring of living waters, and cut out cisterns for themselves: broken cisterns that can’t hold water.
၁၃ငါ ၏ လူ တို့သည် အသက် စမ်း ရေတွင်း တည်း ဟူသော၊ ငါ့ ကိုစွန့်ပယ် ၍၊ ရေ မ လုံ ၊ ပဲ့ ပျက်သောရေကျင်း တို့ကို တူး သောအားဖြင့် ဒုစရိုက် နှစ် ပါးကို ပြု ကြပြီ။
14 Is Israel a slave? Is he born into slavery? Why has he become a captive?
၁၄ဣသရေလ သည် ကျွန် ဖြစ်သလော ။ ကျွန် သားပေါက် ဖြစ်သလော။ အဘယ်ကြောင့် လုယူ ခြင်းကိုခံရ သနည်း။
15 The young lions have roared at him and raised their voices. They have made his land waste. His cities are burned up, without inhabitant.
၁၅ခြင်္သေ့ တို့သည် သူ့ ကို ဟောက် ၍ အသံ မြည် ကြပြီ ။ သူ ၏ပြည် ကို ဖျက်ဆီး ကြပြီ။ သူ ၏မြို့ တို့သည် မီးလောင် သောကြောင့်၊ အဘယ်သူမျှမ နေ ရ။
16 The children also of Memphis and Tahpanhes have broken the crown of your head.
၁၆နောဖ မြို့သား နှင့် တာပနက် မြို့သားတို့သည် သင် ၏ဦးထိပ် ကို စား ကြပြီ။
17 “Haven’t you brought this on yourself, in that you have forsaken Yahweh your God, when he led you by the way?
၁၇သင့် ကိုပို့ဆောင် တော်မူသောသင် ၏ဘုရား သခင် ထာဝရဘုရား ကို သင် သည်စွန့် သောကြောင့်၊ ထို သို့သော အပြစ်ရောက် သည် မ ဟုတ်လော။
18 Now what do you gain by going to Egypt, to drink the waters of the Shihor? Or why do you go on the way to Assyria, to drink the waters of the River?
၁၈ယခု မှာ သင် သည် ရှိဟောရ မြစ်ရေ ကို သောက် အံ့သောငှါ ၊ အဲဂုတ္တု လမ်း သို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ် ရေ ကို သောက် အံ့သောငှါ ၊ အာရှုရိ လမ်း သို့ အဘယ်ကြောင့် လိုက်သနည်း။
19 “Your own wickedness will correct you, and your backsliding will rebuke you. Know therefore and see that it is an evil and bitter thing, that you have forsaken Yahweh your God, and that my fear is not in you,” says the Lord, Yahweh of Armies.
၁၉သင် ၏ ဒုစရိုက် သည် သင့် ကိုဆုံးမ မည်။ သင် ၏ ဖောက်ပြန် ခြင်းသည် သင့် ကို အပြစ် ပေးမည်။ သို့ ဖြစ်၍သင် ၏ဘုရား သခင်ထာဝရဘုရား ကို စွန့်ပစ် သောအမှု၊ ငါ့ ကိုမ ကြောက် ဘဲ နေသောအမှုသည်၊ မကောင်း သော အမှု၊ ခါး သောအမှုဖြစ်သည်ကို သိမြင် ရမည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
20 “For long ago I broke off your yoke, and burst your bonds. You said, ‘I will not serve;’ for on every high hill and under every green tree you bowed yourself, playing the prostitute.
၂၀ရှေး ကာလ၌ သင် ထမ်းရသောထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ ခြင်းကို ငါချိုးချွတ် ၍ သင်က၊ အကျွန်ုပ်သည် မ မှားယွင်း ဘဲ နေ ပါမည်ဟု ဂတိ ထား သော်လည်း ၊ မြင့် သောတောင် ရှိသမျှ အပေါ် ၌၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် ၌၎င်း ၊ ကိုယ် ကိုချ၍ ပြည်တန်ဆာ လုပ် လေ၏။
21 Yet I had planted you a noble vine, a pure and faithful seed. How then have you turned into the degenerate branches of a foreign vine to me?
၂၁အကောင်းဆုံးသော စပျစ် နွယ်ပင်အမျိုး စစ် ဖြစ်သော သင့် ကို ငါ စိုက်ပျိုး သော်လည်း ၊ သင်သည် ငါ့ ရှေ့ မှာ အဘယ် မျှလောက်ဖောက်ပြန် ၍၊ အမျိုး မစစ်သော စပျစ် နွယ်ပင်ဖြစ်ပါသည်တကား။
22 For though you wash yourself with lye, and use much soap, yet your iniquity is marked before me,” says the Lord Yahweh.
၂၂သင်သည် ပေါက်ဆပ်ပြာ နှင့် ရေချိုး ၍၊ ချက် သော ဆပ်ပြာ အများကို သုံး သော်လည်း ၊ သင် ၏အပြစ် သည် ငါ့ ရှေ့ မှာထင်ရှား သည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
23 “How can you say, ‘I am not defiled. I have not gone after the Baals’? See your way in the valley. Know what you have done. You are a swift dromedary traversing her ways,
၂၃သင်ကလည်း၊ ငါသည် ညစ်ညူး ခြင်းမ ရှိ၊ ဗာလ ဘုရားတို့ နောက် သို့မ လိုက် ဟု အဘယ်သို့ ဆို နိုင်သနည်း။ ချိုင့် ၌ သင် လိုက်သော လမ်း ကိုကြည့်ရှု လော့။ သင်ပြု သော အမှုတို့ကို ဝန်ခံ လော့။ လျင်မြန် စွာ ပြေး၍ လှည့်လည် တတ်သော ကုလားအုပ် မပါတကား။
24 a wild donkey used to the wilderness, that sniffs the wind in her craving. When she is in heat, who can turn her away? All those who seek her will not weary themselves. In her month, they will find her.
၂၄တော ၌ လှည့်လည်၍ ကိလေသာ ရာဂစိတ်နှင့် လေ ကိုရှူ တတ်သော မြည်း ရိုင်းမပါတကား။ အချိန် ရောက် သောအခါ အဘယ်သူ ဆီးတား နိုင်သနည်း။ သူ့ ကိုရှာ အံ့ သောငှါ အဘယ်သူ မျှပင်ပန်း ခြင်းကို မ ခံရ။ အချိန် စေ့ သောအခါ သူ့ ကိုတွေ့ လိမ့်မည်။
25 “Keep your feet from being bare, and your throat from thirst. But you said, ‘It is in vain. No, for I have loved strangers, and I will go after them.’
၂၅သင် ၏ခြေ နင်းကို မ ပျက်စေနှင့်။ ရေငတ် ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း ၊ သင်ကမြော်လင့် စရာမရှိ၊ အလျှင်းမရှိ။ သူတပါး တို့ကို ငါချစ် ၍ ၊ သူ တို့ နောက် သို့ လိုက် မည်ဟု ပြန်ပြော ၏။
26 As the thief is ashamed when he is found, so the house of Israel is ashamed— they, their kings, their princes, their priests, and their prophets,
၂၆ဘမ်းမိ သောသူခိုး သည် ရှက် သကဲ့သို့ ၊ ဣသရေလ အမျိုး ၏ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် နှင့်တကွ အမျိုးသား များ တို့သည် ရှက် ကြ၏။
27 who tell wood, ‘You are my father,’ and a stone, ‘You have given birth to me,’ for they have turned their back to me, and not their face, but in the time of their trouble they will say, ‘Arise, and save us!’
၂၇သစ် တုံးအား ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဖြစ်တော်မူ၏ဟူ၍၎င်း ၊ ကျောက် အား လည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင် တော်မူပြီဟူ၍၎င်း ဆို လျက် ၊ စင်စစ်ငါ့ကို မျက်နှာ မ ပြု၊ ကျောခိုင်း ကြသော်လည်း၊ အမှု ရောက်လျှင်မူကား ၊ ထ တော်မူပါ၊ အကျွန်ုပ် တို့ကို ကယ်မ တော်မူပါဟု လျှောက် တတ်ကြ၏။
28 “But where are your gods that you have made for yourselves? Let them arise, if they can save you in the time of your trouble, for you have as many gods as you have towns, O Judah.
၂၈ကိုယ် အဘို့ သင် လုပ် သော ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ အမှု ရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင် ထ ၍ ကယ် ကြပါလေစေ။ အိုယုဒ ပြည်၊ သင် သည် မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။
29 “Why will you contend with me? You all have transgressed against me,” says Yahweh.
၂၉ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် အဘယ် အကျိုးအလိုငှါ ငါ နှင့် တရားတွေ့ ကြမည် နည်း။ သင် တို့ရှိသမျှ သည် ငါ့ ကို ပြစ်မှား ကြပြီ။
30 “I have struck your children in vain. They received no correction. Your own sword has devoured your prophets, like a destroying lion.
၃၀ငါသည်သင် တို့သား များကို အချည်းနှီး ဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမ ခြင်းကို မ ခံ ကြ။ သင် တို့၏ ထား သည် လုယူဖျက်ဆီး တတ်သော ခြင်္သေ့ ကဲ့သို့ ၊ သင် တို့၏ ပရောဖက် များကို ဖျက်ဆီး လေပြီ။
31 Generation, consider Yahweh’s word. Have I been a wilderness to Israel? Or a land of thick darkness? Why do my people say, ‘We have broken loose. We will come to you no more’?
၃၁ယခု ဖြစ် သော အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင်ခြင် ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တော ကဲ့သို့၎င်း ၊ မှောင်မိုက် နိုင်ငံ ကဲ့သို့၎င်း ဖြစ် ဘူး သလော။ ငါ ၏လူ တို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော် ထံသို့ နောက် တဖန်မ ချဉ်းကပ် ဟု အဘယ်ကြောင့် ဆို ကြသနည်း။
32 “Can a virgin forget her ornaments, or a bride her attire? Yet my people have forgotten me for days without number.
၃၂အပျို မသည် မိမိ ၌ဆင်သောတန်ဆာ ကို၎င်း ၊ မင်္ဂလာဆောင် သတို့သမီး သည် မိမိ ခါးပန်း ကို၎င်းမေ့လျော့ နိုင်သလော။ သို့ သော်လည်း၊ ငါ ၏လူ တို့သည် မ ရေတွက် နိုင်အောင် များစွာသောကာလ ပတ်လုံးငါ့ ကို မေ့လျော့ ကြပြီ။
33 How well you prepare your way to seek love! Therefore you have even taught the wicked women your ways.
၃၃သင်သည် ရည်းစား ကို ရှာ ခြင်းငှါ သင် တို့ဘာသာ ဓလေ့တို့ကို အဘယ်ကြောင့် ပြုပြင် သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။
34 Also the blood of the souls of the innocent poor is found in your skirts. You didn’t find them breaking in, but it is because of all these things.
၃၄ထိုမှတပါး၊ အနိုင် အထက်ပြု သည်ကို သင် မတွေ့ ။ အပြစ်မရှိ သော ဆင်းရဲသား တို့ကို အသေ သတ်၍၊ သွန်းသော အသွေး သည် သင် ၏အဝတ် စွန်း၌ ထင်ရှား ၏။
35 “Yet you said, ‘I am innocent. Surely his anger has turned away from me.’ “Behold, I will judge you, because you say, ‘I have not sinned.’
၃၅ထို သို့သော အပြစ်များ ရှိ သော်လည်း သင်က၊ ငါ၌အပြစ် မရှိသောကြောင့် ၊ ဘုရား သခင်၏ အမျက် တော်သည် ငါ မှ လွှဲသွား လိမ့်မည် ဟု ဆို ပါသည်တကား။ ငါ၌အပြစ် မ ရှိဟုဆို သောကြောင့် ၊ သင့် ကို ငါ စစ်ကြော စီရင်မည်။
36 Why do you go about so much to change your ways? You will be ashamed of Egypt also, as you were ashamed of Assyria.
၃၆သင် သည် အရပ်ရပ်သို့ ပြောင်းလဲ ခြင်းငှါ ၊ အဘယ်ကြောင့် ဤမျှ လောက်လှည့်လည် သနည်း။ အာရှုရိ ပြည်ကို ရှက်ကြောက် သည်နည်းတူ ၊ အဲဂုတ္တု ပြည် ကို ရှက်ကြောက် လိမ့်မည်။
37 You will also leave that place with your hands on your head; for Yahweh has rejected those in whom you trust, and you won’t prosper with them.
၃၇သင်သည် မိမိ လက် ကို မိမိ ခေါင်း ပေါ် မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွား ရလိမ့်မည်။ အကြောင်းမူကား၊ သင် ခိုလှုံ သောအရာတို့ကို ထာဝရဘုရား သည် ပယ် တော်မူသောကြောင့် ၊ ခိုလှုံ၍ အကျိုး ကို မ ရနိုင်ရာ။