< Ezekiel 4 >
1 “You also, son of man, take a tile, and lay it before yourself, and portray on it a city, even Jerusalem.
၁တဖန်တုံ ၊ အချင်းလူသား ၊ အုတ် ပြားကိုယူ ၍ သင့် ရှေ့ မှာထား ပြီးလျှင် ၊ ယေရုရှလင် မြို့ ပုံကို ရေး လော့။
2 Lay siege against it, build forts against it, and cast up a mound against it. Also set camps against it and plant battering rams against it all around.
၂မြို့ ကို ဝိုင်း ၍ မြို့ ပြင် ၌ တပ် တည် လော့။ မြေရိုး ကိုလည်း ဖို့ လော့။ တပ် သားတို့ကိုလည်း ခင်းကျင်း လော့။ မြို့ ပတ်လည် တွင် ဝက်ခွ တိုင်တို့၌ တုံးတို့ကိုလည်း ဆွဲ ထားလော့။
3 Take for yourself an iron pan and set it for a wall of iron between you and the city. Then set your face toward it. It will be besieged, and you shall lay siege against it. This shall be a sign to the house of Israel.
၃ထိုမှတပါး ၊ သံ ပြား ကိုယူ ၍ ၊ သင် နှင့် မြို့ စပ်ကြား မှာ သံ ရိုး ဖြစ်စေခြင်းငှါ ထောင် ပြီးလျှင် ၊ မြို့ တဘက် ၌ သင် ၏မျက်နှာ ကိုထား လော့။ ထိုသို့ ဝိုင်း ထားသဖြင့် ၊ ထိုမြို့ သည်ဝိုင်း ထားခြင်းကိုခံရမည်။ ဤ သည်ကား ဣသရေလ အမျိုး အား နိမိတ် လက္ခဏာဖြစ် လိမ့်မည်။
4 “Moreover lie on your left side, and lay the iniquity of the house of Israel on it. According to the number of the days that you shall lie on it, you shall bear their iniquity.
၄ထိုမှတပါး ၊ သင် သည် လက်ဝဲ နံစောင်း ဖြင့် အိပ် ၍ ၊ ဣသရေလ အမျိုး ၏အပြစ် ကို ထိုနံစောင်း၌ တင် ထား လော့။ ထိုသို့ အိပ် ရသော နေ့ရက် အရေအတွက် အတိုင်း သူ တို့အပြစ် ကိုခံရ မည်။
5 For I have appointed the years of their iniquity to be to you a number of days, even three hundred ninety days. So you shall bear the iniquity of the house of Israel.
၅အကြောင်း မူကား၊ အရက် သုံး ရာ ကိုး ဆယ် အရေအတွက် အတိုင်း ၊ သူ တို့အပြစ် နှင့်ယှဉ်သော နှစ် ပေါင်းကိုသင် ၏အပေါ် ၌ ငါ တင် ထားပြီ။ ထိုသို့ ဣသရေလ အမျိုး ၏ အပြစ် ကို သင်သည် ခံရ မည်။
6 “Again, when you have accomplished these, you shall lie on your right side, and shall bear the iniquity of the house of Judah. I have appointed forty days, each day for a year, to you.
၆ထို နေ့ရက်စေ့ ပြီးမှ ၊ တဖန် လက်ျာ နံစောင်း ဖြင့် အိပ် ၍၊ အရက် လေးဆယ် ပတ်လုံးယုဒ အမျိုး ၏ အပြစ် ကိုခံ ဦးလော့။ နှစ် အစား ၌ ရက် ကို ငါထား ပြီ။
7 You shall set your face toward the siege of Jerusalem, with your arm uncovered; and you shall prophesy against it.
၇သင်သည် ယေရုရှလင် မြို့ကို ဝိုင်း ထားသည် အမှုမှာ၊ မျက်နှာ ထား ၍ လက်ရုံး ကိုဆန့် လျက် ၊ မြို့ တဘက် ၌ ပရောဖက် ပြုရမည်။
8 Behold, I put ropes on you, and you shall not turn yourself from one side to the other, until you have accomplished the days of your siege.
၈ငါသည် သင့် ကို ချည်နှောင် ၍ ဝိုင်း ထားခြင်းအမှုကို ပြုရသော ကာလ မ စေ့ မှီ၊ သင် သည် တဘက် မှ တဘက် သို့ မ စောင်း ရ။
9 “Take for yourself also wheat, barley, beans, lentils, millet, and spelt, and put them in one vessel. Make bread of it. According to the number of the days that you will lie on your side, even three hundred ninety days, you shall eat of it.
၉ထို မှတပါး၊ ဂျုံ ဆန်၊ မုယော ဆန်၊ ပဲ ဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက် ဆန်တို့ကို ယူ၍ အိုး တလုံး ၌ ရောနှော လျက်ထားရမည်။ နံစောင်း တဘက်ဖြင့် အိပ် ရသော နေ့ရက် သုံးရာ ကိုးဆယ်ပတ်လုံး၊ ထို ရောနှောသောဆန်ကို မုန့် လုပ် ၍ စား ရမည်။
10 Your food which you shall eat shall be by weight, twenty shekels a day. From time to time you shall eat it.
၁၀ထို မုန့် ကို တနေ့ တနေ့လျှင် အကျပ် နှစ်ဆယ် စီ ချိန် ၍ စား ရမည်။
11 You shall drink water by measure, the sixth part of a hin. From time to time you shall drink.
၁၁ရေ ကိုလည်း တနေ့ တနေ့လျှင် တဗတ် စီခြင် ၍ သောက် ရမည်။
12 You shall eat it as barley cakes, and you shall bake it in their sight with dung that comes out of man.”
၁၂မုယော မုန့်ပြား ကို စားသကဲ့သို့စားအံ့သောငှါ၊ လူ များရှေ့ တွင် လူ ၏မစင် နှင့် ဖုတ် ရမည်။
13 Yahweh said, “Even thus will the children of Israel eat their bread unclean, among the nations where I will drive them.”
၁၃ထိုသို့ ငါနှင်ထုတ် ရာအရပ် ၊ တပါးအမျိုးသား တို့ နေရာ ၌ ၊ ဣသရေလ အမျိုး တို့သည် ညစ်ညူး သောမုန့် ကို စား ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
14 Then I said, “Ah Lord Yahweh! Behold, my soul has not been polluted; for from my youth up even until now I have not eaten of that which dies of itself, or is torn of animals. No abominable meat has come into my mouth!”
၁၄ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် ညစ်ညူး ခြင်းသို့ မ ရောက်ပါသေး။ အလိုလို သေ သောအကောင်၊ သားရဲ ကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ် သောအကောင်၏ အသား ကို ငယ် သော အသက်အရွယ်မှစ၍ ယခု တိုင်အောင် အကျွန်ုပ် သည် မ စား ပါဟု လျှောက် လျှင် ၊
15 Then he said to me, “Behold, I have given you cow’s dung for man’s dung, and you shall prepare your bread on it.”
၁၅လူ ၏မစင် အရာ ၌ နွား ချေး ကို ငါပေး ၏။ နွားချေးနှင့်သင့် မုန့် ကို ဖုတ် ရမည်ဟု မိန့် တော်မူ၏။
16 Moreover he said to me, “Son of man, behold, I will break the staff of bread in Jerusalem. They will eat bread by weight, and with fearfulness. They will drink water by measure, and in dismay;
၁၆တဖန်တုံ ၊ အချင်းလူသား ၊ ယေရုရှလင် မြို့၌ မုန့် အထောက် အပင့်ကို ငါ ချိုး မည်။ မြို့သားတို့သည် မုန့် ကိုချိန် လျက် ၊ စိုးရိမ် သောစိတ် နှင့် စား ရကြမည်။ ရေ ကိုလည်း ခြင် လျက် ၊ မိန်းမော တွေဝေခြင်းနှင့် သောက် ရကြမည်။
17 that they may lack bread and water, be dismayed one with another, and pine away in their iniquity.
၁၇မုန့် နှင့် ရေ ခေါင်းပါး သဖြင့် ၊ မြို့သားတို့သည် တညီတညွတ်တည်းမိန်းမော တွေဝေ၍ ၊ မိမိ တို့အပြစ် ကြောင့် ပိန်ကြုံ ခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။