< Romans 13 >
1 Let every soul be in subjection to the higher authorities, for there is no authority except from God, and those who exist are ordained by God.
၁အစိုးရသော မင်းအာဏာစက် ၏ အုပ်စိုး ခြင်းကို လူ တိုင်း ဝန်ခံ စေ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့် မ ရှိ လျှင် ၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှ သည် ဘုရားသခင် ခန့်ထား တော်မူရာ ဖြစ် သတည်း။
2 Therefore he who resists the authority withstands the ordinance of God; and those who withstand will receive to themselves judgment.
၂ထိုကြောင့် ၊ မင်းအာဏာ ကို ဆန် သောသူ သည် ဘုရားသခင် စီရင် တော်မူရာကိုဆန် သောသူ ဖြစ်၏။ ထိုသို့ ဆန် သောသူ သည် ရာဇဝတ် ကို ခံရ မည်။
3 For rulers are not a terror to the good work, but to the evil. Do you desire to have no fear of the authority? Do that which is good, and you will have praise from the authority,
၃မင်း မူကား ကောင်း သောအကျင့် ကို ကျင့်သောသူကြောက် ဘို့ ဖြစ် သည်မ ဟုတ်။ မကောင်း သော အကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာ ကို မ ကြောက် ဘဲနေချင် သလော။ ကောင်း သော အကျင့်ကိုကျင့် လော့။ ကျင့်လျှင်မင်း အာဏာကြောင့် ချီးမွမ်း ခြင်းကို ခံရ လိမ့်မည်။
4 for he is a servant of God to you for good. But if you do that which is evil, be afraid, for he doesn’t bear the sword in vain; for he is a servant of God, an avenger for wrath to him who does evil.
၄မင်းသည်ကား ၊ သင် ၏အကျိုး အလိုငှာ ဘုရားသခင် ၏ အစေခံ ဖြစ် ၏။ မကောင်း သောအကျင့်ကို ကျင့် လျှင် ၊ ကြောက် ခြင်းမရှိစေလော့။ အကြောင်းမူကား ၊ မင်းသည်အချည်းနှီး ဓား ကို ဆောင် သည်မ ဟုတ်။ မကောင်း သောအကျင့်ကို ကျင့် သောသူ တို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသောဘုရားသခင် ၏ အစေခံ ဖြစ် သတည်း။
5 Therefore you need to be in subjection, not only because of the wrath, but also for conscience’ sake.
၅ထိုကြောင့် ၊ ရာဇဝတ် ကိုကြောက်သောကြောင့် သာ မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံ ရမည် မ ဟုတ်။ ကိုယ်ကိုကိုယ် သိသော စိတ်ကို ထောက် ၍ဝန်ခံရမည်။
6 For this reason you also pay taxes, for they are servants of God’s service, continually doing this very thing.
၆ထို အကြောင်း ကြောင့် အခွန်အတုတ် ကို ပေး ကြလော့။ မင်းတို့သည် ဘုရားသခင် ၏ အမှု စောင့်ဖြစ် ၍၊ အမှုတော်ကို အမြဲ ထမ်းကြ၏။
7 Therefore give everyone what you owe: if you owe taxes, pay taxes; if customs, then customs; if respect, then respect; if honor, then honor.
၇ထိုကြောင့်၊ လူအသီးအသီး ခံထိုက် သည်အတိုင်း ပေး ကြလော့။ အခွန် ကိုခံထိုက်သောသူ အား အခွန် ကို ၎င်း၊ အကောက် ကို ခံထိုက်သော သူ အား အကောက် ကို၎င်း ပေးကြလော့။ ကြောက် ထိုက်သောသူ ကို ကြောက် ကြလော့။ ရိုသေ ထိုက်သောသူ ကို ရိုသေ ကြလော့။
8 Owe no one anything, except to love one another; for he who loves his neighbor has fulfilled the law.
၈အချင်းချင်း ချစ် ခြင်းမေတ္တာမှတစ်ပါး အဘယ် ကြွေး မျှ မ တင်စေနှင့်။ သူတစ်ပါး ကိုချစ် သောသူ သည် အကျင့် တရားနှင့်ပြည့်စုံ ပြီ။
9 For the commandments, “You shall not commit adultery,” “You shall not murder,” “You shall not steal,” “You shall not covet,” and whatever other commandments there are, are all summed up in this saying, namely, “You shall love your neighbor as yourself.”
၉အကြောင်းမူကား၊ သူ့မယားကိုမ ပြစ်မှား နှင့် ၊ လူအသက်ကို မ သတ် နှင့်၊ သူ့ဥစ္စာကိုမ ခိုး နှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မ ရှိ စေနှင့်ဟူသော ပညတ်မှစ၍အခြား သော ပညတ် ရှိသမျှတို့သည်၊ ကိုယ် နှင့်စပ်ဆိုင် သောသူကို ကိုယ် နှင့်အမျှ ၊ ချစ် လော့ဟူသော ပညတ် တစ်ခု ၌ အပါအဝင် ဖြစ်ကြ၏။
10 Love doesn’t harm a neighbor. Love therefore is the fulfillment of the law.
၁၀ချစ် ခြင်းမေတ္တာရှိ သောသူသည် ကိုယ်နှင့် မ စပ်ဆိုင် သော သူ၏အကျိုးကို မဖျက်ဆီး တတ်။ ထိုကြောင့် ၊ ချစ် ခြင်းမေတ္တာသည် အကျင့် တရားပြည့်စုံ ရာ ဖြစ်သတည်း။
11 Do this, knowing the time, that it is already time for you to awaken out of sleep, for salvation is now nearer to us than when we first believed.
၁၁ထိုမှတစ်ပါး၊ ငါ တို့ကို ကယ်တင် သော ကျေးဇူးတော်သည် ငါတို့ယုံကြည် သော နေ့ရက်၌နီးသည်ထက် ယခု သာ၍နီး သောကြောင့် ၎င်း၊
12 The night is far gone, and the day is near. Let’s therefore throw off the deeds of darkness, and let’s put on the armor of light.
၁၂ညဉ့် အချိန်ကုန် လု၍ နေ့ အချိန်ရောက် လုသောကြောင့် ၎င်း၊ ယခု အခါ အိပ်ပျော် ရာမှ နိုး ရသော အချိန် ရောက် ခဲ့ပြီဟု ငါတို့သည် သိ ၍ ကာလ အချိန်ကို ထောက်လျက်၊ မှောင်မိုက် ၏အကျင့် ကို ပယ်ရှား၍ ၊ အလင်း ၏ လက်နက်စုံ ကို ဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။
13 Let’s walk properly, as in the day; not in reveling and drunkenness, not in sexual promiscuity and lustful acts, and not in strife and jealousy.
၁၃ပွဲ လုပ်ခြင်း၊ ယစ်မျိုး သောက်ကြူးခြင်း၊ မတရား သော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာ ညစ်ညူးခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင် ခြင်းအမှုတို့ကို ကြဉ်ရှောင် ၍၊ နေ့ အချိန်၌ ကဲ့သို့ တင့်တယ် လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။
14 But put on the Lord Jesus Christ, and make no provision for the flesh, for its lusts.
၁၄သခင် ယေရှု ခရစ် ကို ယူတင်ဝတ်ဆောင် ကြလော့။ ကိုယ် ကာယ၏တပ်မက် ခြင်းအလိုငှာ မ ကြံစည် ကြနှင့်။