< Genesis 49 >
1 Jacob called to his sons, and said: “Gather yourselves together, that I may tell you that which will happen to you in the days to come.
၁ထို ရောအခါ၊ ယာကုပ် သည် မိမိ သား တို့ကို ခေါ် ၍ ၊ သင် တို့သည် စည်းဝေး ကြလော့။ နောင် ကာလ အခါ၊ သင် တို့၌ ဖြစ် လတံ့သော အမှု အရာများကို ငါဟောပြော မည်။
2 Assemble yourselves, and hear, you sons of Jacob. Listen to Israel, your father.
၂ယာကုပ် ၏သား တို့၊ စည်းဝေး ၍ ကြား ကြလော့။ အဘ ဣသရေလ ၏စကားကို နားထောင် ကြလော့။
3 “Reuben, you are my firstborn, my might, and the beginning of my strength, excelling in dignity, and excelling in power.
၃အိုရုဗင် ၊ သင် သည် ငါ့ သားဦး ၊ ငါ့ အစွမ်း သတ္တိ၊ ငါ ခွန်အား အစ အဦး၊ ဘုန်း အထွဋ် ၊ တန်ခိုး အထွဋ် ဖြစ်၏။
4 Boiling over like water, you shall not excel, because you went up to your father’s bed, then defiled it. He went up to my couch.
၄သို့သော်လည်းရေ ကဲ့သို့ ပွက်ထ သော သဘောရှိသည်ဖြစ်၍၊ ထူးမြတ် ခြင်းသို့ မ ရောက်ရ။ အကြောင်း မူကား၊ သင် သည် အဘ ၏အိပ်ရာ ကို တက် ၍ ညစ်ညူး စေ၏။ ငါ့ ခုတင် ထက်သို့တက် လေပြီတကား။
5 “Simeon and Levi are brothers. Their swords are weapons of violence.
၅ရှိမောင် နှင့် လေဝိ သည် ညီအစ်ကို ဖြစ်၏။ အဓမ္မ အမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
6 My soul, don’t come into their council. My glory, don’t be united to their assembly; for in their anger they killed men. In their self-will they hamstrung cattle.
၆ငါ့ ဝိညာဉ် သည် သူ တို့လျှို့ဝှက် ခြင်း အမှုထဲ သို့မ ဝင် ရ။ ငါ့ ဘုန်း သည် သူ တို့စည်းဝေး ရာနှင့် အသင်း မ ဖွဲ့ရ။ သူတို့သည် အမျက် ထွက်၍ လူ အသက်ကိုသတ် ကြပြီ။ ကိုယ် အလို သို့လိုက်၍ မြို့ ကိုဖြို ဖျက်ကြပြီ။
7 Cursed be their anger, for it was fierce; and their wrath, for it was cruel. I will divide them in Jacob, and scatter them in Israel.
၇သူ တို့ပြင်းစွာ ထွက်သောအမျက် ၊ ကြမ်းတမ်း စွာသော ဒေါသ သည် ကျိန်ခြင်း ကိုခံ ပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလ အနွယ်သားတို့တွင် သူ တို့ကို ငါကွဲပြား ပြန့်လွင့်စေမည်။
8 “Judah, your brothers will praise you. Your hand will be on the neck of your enemies. Your father’s sons will bow down before you.
၈အိုယုဒ ၊ သင် သည်ညီအစ်ကို တို့ ချီးမွမ်း ရသောသူဖြစ် ၏။ သင် ၏လက် သည် သင် ၏ရန်သူ လည်ပင်း ပေါ် မှာ ရှိလိမ့်မည်။ အဘ ၏သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ချကြလိမ့်မည်။
9 Judah is a lion’s cub. From the prey, my son, you have gone up. He stooped down, he crouched as a lion, as a lioness. Who will rouse him up?
၉ယုဒ သည် ခြင်္သေ့ ပျို ဖြစ်၏။ ငါ့ သား ၊ သင်သည် ဘမ်း ယူကိုက်စားရာမှ တက် လာတတ်၏။ ဝပ် လျက် နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ် တွားတတ် ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။
10 The sceptre will not depart from Judah, nor the ruler’s staff from between his feet, until he comes to whom it belongs. The obedience of the peoples will be to him.
၁၀ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
11 Binding his foal to the vine, his donkey’s colt to the choice vine, he has washed his garments in wine, his robes in the blood of grapes.
၁၁မိမိ မြည်း ကို စပျစ် နွယ်ပင်၌ ၎င်း ၊ မြည်း ကလေး ကို အမြတ် ဆုံးသော စပျစ်နွှယ်ပင်၌ ၎င်း ချည်နှောင် ၍၊ မိမိ အဝတ် ပုဆိုးများကို စပျစ်သီး အသွေး တည်းဟူသော စပျစ်ရည် ဖြင့် လျှော် လိမ့်မည်။
12 His eyes will be red with wine, his teeth white with milk.
၁၂သူ၏မျက်စိ သည် စပျစ်ရည် နှင့် နီ လိမ့်မည်။ သွား သည်လည်း နို့ နှင့် ဖြူ လိမ့်မည်။
13 “Zebulun will dwell at the haven of the sea. He will be for a haven of ships. His border will be on Sidon.
၁၃ဇာဗုလုန် သည် ကမ်း နား မှာ နေ ၍ ၊ သင်္ဘော ဆိပ် ဖြစ် လိမ့်မည်။ သူ ၏နယ် သည် ဇိဒုန် မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
14 “Issachar is a strong donkey, lying down between the saddlebags.
၁၄ဣသခါ သည် တောင် ကြား မှာ ဝပ် လျက် အား ကြီးသောမြည်း ဖြစ်၏။
15 He saw a resting place, that it was good, the land, that it was pleasant. He bows his shoulder to the burden, and becomes a servant doing forced labour.
၁၅ငြိမ်ဝပ် ရာအရပ်ကောင်း ၍ မြေ သာယာ သည်ကို မြင် သဖြင့် ၊ မိမိ ပခုံး ပေါ် မှာ ထမ်းပိုးကို တင်ထမ်း ၍၊ အခွန်ပေးသော ကျွန် ဖြစ် လေ၏။
16 “Dan will judge his people, as one of the tribes of Israel.
၁၆ဒန် သည် ဣသရေလ အနွှယ် တစုံ တပါးကဲ့သို့ ၊ မိမိ လူ တို့ကို စီရင် လိမ့်မည်။
17 Dan will be a serpent on the trail, an adder in the path, that bites the horse’s heels, so that his rider falls backward.
၁၇ဒန် သည် လမ်း ၌ နေသောမြွေ ဖြစ် လိမ့်မည်။ မြင်းစီး သောသူ ကို နောက် သို့ လဲ စေခြင်းငှါ လမ်းကြား မှာ နေ ၍၊ မြင်း ခြေ ကို ကိုက် တတ်သော မြွေဆိုး ဖြစ်လိမ့်မည်။
18 I have waited for your salvation, LORD.
၁၈အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် လျက်နေပါပြီ။
19 “A troop will press on Gad, but he will press on their heel.
၁၉ဂဒ် မူကား၊ စစ်သူရဲ တို့သည် သူ တို့တိုက် ကြ၍ ၊ သူ သည် ပြန်တိုက် လိမ့်မည်။
20 “Asher’s food will be rich. He will produce royal dainties.
၂၀အာရှာ ၌ဖြစ်သော အစာ သည် အရသာနှင့် ပြည့်စုံ ၍ ၊ မင်း ၏ ခဲဘွယ် စားဘွယ်တို့ကို ထုတ်ပေး လိမ့်မည်။
21 “Naphtali is a doe set free, who bears beautiful fawns.
၂၁နဿလိ သည် လှ သောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်း သော သပိတ်ပင်ဖြစ်၏။
22 “Joseph is a fruitful vine, a fruitful vine by a spring. His branches run over the wall.
၂၂ယောသပ် သည် သန် သောပျိုး ပင်၊ ရေတွင်း နား မှာ သန် သော ပျိုး ပင်ဖြစ်၏။ အခက် အလက်တို့သည် အုတ် ရိုးပေါ် မှာ ကျော် သွားကြ၏။
23 The archers have severely grieved him, shot at him, and persecuted him:
၂၃လေး သမား တို့သည် သူ့ ကို အငြိုးထား ၍ ၊ အလွန်ညှဉ်းဆဲ ပစ်ခတ် ကြ၏။
24 But his bow remained strong. The arms of his hands were made strong, by the hands of the Mighty One of Jacob, (from there is the shepherd, the stone of Israel),
၂၄သို့သော်လည်း သူ ၏လေး သည် အား မလျော့။ သူ ကိုင် သော လက်နက်တို့သည်၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက် ဖြင့်၎င်း၊ သိုးထိန်း တည်းဟူသောဣသရေလ အမျိုး၏ကျောက် ဖြင့်၎င်း၊
25 even by the God of your father, who will help you, by the Almighty, who will bless you, with blessings of heaven above, blessings of the deep that lies below, blessings of the breasts, and of the womb.
၂၅သင့် ကိုမစ တော်မူသောသင့် အဘ ၏ ဘုရား သခင် အားဖြင့် ၎င်း၊ သင့် ကိုကောင်းကြီး ပေးတော်မူသောအနန္တ တန်ခိုးရှင်အားဖြင့် ၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက် မိုဃ်းကောင်းကင် ၏ မင်္ဂလာ ၊ အောက် နက်နဲ သောအရပ်၏မင်္ဂလာ ၊ သားမြတ် နှင့်ဆိုင်သောမင်္ဂလာ ၊ ဝမ်း နှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီးပေးတော်မူမူပါစေသော။
26 The blessings of your father have prevailed above the blessings of my ancestors, above the boundaries of the ancient hills. They will be on the head of Joseph, on the crown of the head of him who is separated from his brothers.
၂၆သင် ၏အဘ ပေးသော ကောင်းကြီး မင်္ဂလာသည်၊ ထာဝရ တောင် တို့၌ဖြစ်သော ကောင်းကြီး မင်္ဂလာ၊ ထာဝရ ကုန်း တို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍မြတ်၏။ ထိုမင်္ဂလာသည် ယောသပ် ခေါင်း ပေါ် ၊ မိမိ အစ်ကို တို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက် ပါစေသော။
27 “Benjamin is a ravenous wolf. In the morning he will devour the prey. At evening he will divide the plunder.”
၂၇ဗင်္ယာမိန် သည် လုယူကိုက် စားတတ်သော တော ခွေးဖြစ်လိမ့်မည်။ ဘမ်း ရသောအရာကိုနံနက် အချိန်၌ ကိုက် စား၍ ၊ လုယူ သောအရာကိုလည်း ည အချိန်၌ ဝေဖန် လိမ့်မည်ဟုမြွက်ဆို၏။
28 All these are the twelve tribes of Israel, and this is what their father spoke to them, and blessed them. He blessed everyone according to his own blessing.
၂၈ဤ သူတို့ကား၊ ဣသရေလ အမျိုး ဆယ် နှစ် မျိုး ဖြစ်၏။ ဤ စကားသည်လည်း သူ တို့အဘ မြွက်ဆို ၍ ၊ သူ တို့ အသီးသီး ခံရသောမင်္ဂလာ ရှိသည်အတိုင်း၊ ကောင်းကြီးပေးသော စကားပေတည်း။
29 He instructed them, and said to them, “I am to be gathered to my people. Bury me with my fathers in the cave that is in the field of Ephron the Hittite,
၂၉တဖန် တုံ၊ ငါ့ လူမျိုး စည်းဝေး ရာသို့ ငါသွားရမည်။ ဟိတ္တိ အမျိုးသား၊ ဧဖရှန် ၏လယ်ပြင် တွင် ရှိသောမြေတွင်း ၌ ၊ ငါ့ အဘ တို့နှင့်အတူ ငါ့ ကို သင်္ဂြိုဟ် ကြပါ။
30 in the cave that is in the field of Machpelah, which is before Mamre, in the land of Canaan, which Abraham bought with the field from Ephron the Hittite as a burial place.
၃၀ခါနာန် ပြည် မံရေ မြို့ရှေ့ မှာ ၊ မပ္ပေလ လယ်ပြင် ၌ ရှိသောထို မြေတွင်း ကို ၊ အာဗြဟံ သည် ကိုယ်ပိုင် သော သင်္ချိုင်း ဘို့ လယ်ပြင် နှင့်တကွဟိတ္တိ အမျိုးသားဧဖရုန် ၌ ဝယ် လေပြီ။
31 There they buried Abraham and Sarah, his wife. There they buried Isaac and Rebekah, his wife, and there I buried Leah:
၃၁ထို မြေတွင်း၌ အာဗြဟံ နှင့် မယား စာရာ ကို သင်္ဂြိုဟ် ကြပြီ။ ဣဇာက် နှင့် မယား ရေဗက္က ကိုလည်း သင်္ဂြိုဟ် ကြပြီ။ လေအာ ကိုလည်း ငါသင်္ဂြိုဟ် ပြီ။
32 the field and the cave that is therein, which was purchased from the children of Heth.”
၃၂ထို မြေတွင်း ရှိသောထိုလယ်ပြင် ကို၊ ဟေသ အမျိုးသား ရှေ့ မှာ ဝယ် သတည်းဟု မှာထား၏။
33 When Jacob finished charging his sons, he gathered up his feet into the bed, breathed his last breath, and was gathered to his people.
၃၃ထိုသို့ ယာကုပ် သည် မိမိ သား တို့ကို အကုန်အစင်မှာ ထားပြီးလျှင် ၊ မိမိ ခြေ တို့ကို ခုတင် ပေါ် မှာ ရုပ်သိမ်း သဖြင့် ၊ အသက် ချုပ်၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။