< Revelation 7 >
1 After this, I saw four angels standing at the four corners of the earth, holding the four winds of the earth, so that no wind would blow on the earth, or on the sea, or on any tree.
၁ထိုနောက်ကောင်းကင်တမန်လေးပါးတို့သည် ကမ္ဘာမြေကြီးစွန်းအရပ်လေးမျက်နှာတွင် ရပ်လျက်နေသည်ကိုငါမြင်ရ၏။ သူတို့သည် ကုန်းမြေပေါ်နှင့်ပင်လယ်ပြင်၌သော်လည်းကောင်း၊ သစ်ပင်များကိုသော်လည်းကောင်းလေမတိုက် ခတ်နိုင်စေရန် အရပ်လေးမျက်နှာမှလေတို့ ကိုဆွဲကိုင်ထားကြ၏။-
2 I saw another angel ascend from the sunrise, having the seal of the living God. He cried with a loud voice to the four angels to whom it was given to harm the earth and the sea,
၂ထိုနောက်အသက်ရှင်တော်မူသောဘုရားသခင် ၏တံဆိပ်တော်ကို ကိုင်ဆောင်လာသောကောင်းကင် တမန်တစ်ပါးသည် အရှေ့အရပ်မှတက်လာ သည်ကိုငါမြင်ရ၏။ သူသည်ကုန်းမြေနှင့် ပင်လယ်တို့ကိုဘေးဥပဒ်သင့်စေနိုင်ခွင့်ကို ရရှိထားသည့်ကောင်းကင်တမန်လေးပါး တို့အား၊-
3 saying, “Don’t harm the earth, the sea, or the trees, until we have sealed the bondservants of our God on their foreheads!”
၃``ငါတို့ဘုရားသခင်၏အစေခံတို့နဖူး တွင်တံဆိပ်တော်ကိုငါတို့မခတ်နှိပ်ရသေး မီသင်တို့သည်ကုန်းမြေ၊ ပင်လယ်၊ သစ်ပင်တို့ အားမည်သို့မျှဘေးဥပဒ်မသက်ရောက်စေ ကြနှင့်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။-
4 I heard the number of those who were sealed, one hundred and forty-four thousand, sealed out of every tribe of the children of Israel:
၄ထိုနောက်တံဆိပ်ခတ်နှိပ်ထားသူတို့၏အရေ အတွက်ကိုငါကြားသိရ၏။ ယင်းအရေ အတွက်မှာတစ်သိန်းလေးသောင်းလေးထောင် ရှိ၍ ဣသရေလတစ်ဆယ့်နှစ်နွယ်ဖြစ်ကြသော၊-
5 of the tribe of Judah twelve thousand were sealed, of the tribe of Reuben twelve thousand, of the tribe of Gad twelve thousand,
၅ယုဒအနွယ်၊ ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ အာရှာ အနွယ်၊ နဿလိအနွယ်၊ မနာရှေအနွယ်၊ ရှိမောင် အနွယ်၊ လေဝိအနွယ်၊ ဣသခါအနွယ်၊ ဇာဗုလုန် အနွယ်၊ ယောသပ်အနွယ်၊ ဗင်ယာမိန်အနွယ်တို့ မှတစ်နွယ်လျှင် တစ်သောင်းနှစ်ထောင်တံဆိပ် ခတ်နှိပ်ခြင်းကိုခံရကြသတည်း။
6 of the tribe of Asher twelve thousand, of the tribe of Naphtali twelve thousand, of the tribe of Manasseh twelve thousand,
၆
7 of the tribe of Simeon twelve thousand, of the tribe of Levi twelve thousand, of the tribe of Issachar twelve thousand,
၇
8 of the tribe of Zebulun twelve thousand, of the tribe of Joseph twelve thousand, and of the tribe of Benjamin twelve thousand were sealed.
၈
9 After these things I looked, and behold, a great multitude which no man could count, out of every nation and of all tribes, peoples, and languages, standing before the throne and before the Lamb, dressed in white robes, with palm branches in their hands.
၉ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-
10 They cried with a loud voice, saying, “Salvation be to our God, who sits on the throne, and to the Lamb!”
၁၀သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-
11 All the angels were standing around the throne, the elders, and the four living creatures; and they fell on their faces before his throne, and worshipped God,
၁၁ကောင်းကင်တမန်အပေါင်းတို့သည်ပလ္လင် တော်ကိုလည်းကောင်း၊ အကြီးအကဲများ နှင့်သက်ရှိသတ္တဝါလေးပါးတို့ကိုလည်း ကောင်းဝိုင်းရံလျက်ရပ်ကြ၏။ ထိုနောက်သူ တို့သည်ပလ္လင်တော်ရှေ့၌ပျပ်ဝပ်ကာဘုရား သခင်အားရှိခိုးကြ၏။-
12 saying, “Amen! Blessing, glory, wisdom, thanksgiving, honour, power, and might, be to our God forever and ever! Amen.” (aiōn )
၁၂သူတို့က``အာမင်။ ငါတို့ဘုရားသခင်ကို ကမ္ဘာအဆက်ဆက်ချီးမွမ်းထောမနာပြု ကြစေသတည်း။ ကိုယ်တော်သည်ဘုန်းတန်ခိုး၊ ဉာဏ်ပညာ၊ ဂုဏ်အသရေတို့နှင့်ပြည့်စုံ တော်မူပါစေသတည်း။ ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါစေ သတည်း။ ``အာမင်'' ဟုမြွက်ဆိုကြ၏။ (aiōn )
13 One of the elders answered, saying to me, “These who are arrayed in the white robes, who are they, and where did they come from?”
၁၃အကြီးအကဲတစ်ပါးကငါ့အား``ဝတ်ဖြူစင် ကြယ်ဝတ်ဆင်ထားသူတို့သည်မည်သူတို့နည်း။ အဘယ်အရပ်ကလာကြသနည်း'' ဟုမေး၏။
14 I told him, “My lord, you know.” He said to me, “These are those who came out of the great suffering. They washed their robes and made them white in the Lamb’s blood.
၁၄ငါက``အရှင်၊ အရှင်သိပါ၏'' ဟုပြန်၍ဖြေ၏။ ထိုသူက``သူတို့သည်ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသူများဖြစ်၏။ သူတို့သည် မိမိတို့ဝတ်လုံများကိုသိုးသူငယ်တော် ၏သွေးဖြင့်ဖြူစင်အောင်ဖွပ်လျှော်ခဲ့ကြ လေပြီ။-
15 Therefore they are before the throne of God, and they serve him day and night in his temple. He who sits on the throne will spread his tabernacle over them.
၁၅ထိုကြောင့်သူတို့သည်ဘုရားသခင်၏ပလ္လင် တော်ရှေ့သို့ရောက်ရှိ၍ ကိုယ်တော်၏ဗိမာန် တော်တွင်နေ့ညဥ့်မပြတ်ဝတ်ပြုနေခြင်း ဖြစ်၏။ ပလ္လင်တော်ပေါ်စံနေတော်မူသော အရှင်သည်လည်းသူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။-
16 They will never be hungry or thirsty any more. The sun won’t beat on them, nor any heat;
၁၆သူတို့သည်နောက်တစ်ဖန်အစာရေစာ မငတ်မွတ်ရကြ။ နေရောင်ခြည်သည်လည်း ကောင်း၊ ပြင်းထန်သောအပူရှိန်သည်လည်း ကောင်းသူတို့အပေါ်သို့မကျရောက်ရ။-
17 for the Lamb who is in the middle of the throne shepherds them and leads them to springs of life-giving waters. And God will wipe away every tear from their eyes.”
၁၇အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။