< Numbers 34 >

1 The LORD spoke to Moses, saying,
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊-
2 “Command the children of Israel, and tell them, ‘When you come into the land of Canaan (this is the land that shall fall to you for an inheritance, even the land of Canaan according to its borders),
``သင်​တို့​သည်​ငါ​ပေး​မည့်​ခါ​နာန်​ပြည်​သို့ ဝင်​ရောက်​ကြ​သော​အ​ခါ သင်​တို့​ပိုင်​နက် နယ်​နိ​မိတ်​ကို​ဤ​သို့​သတ်​မှတ်​ရ​မည်။-
3 then your south quarter shall be from the wilderness of Zin along by the side of Edom, and your south border shall be from the end of the Salt Sea eastward.
တောင်​ဘက်​နယ်​နိ​မိတ်​သည်​ဇိ​န​တော​ကန္တာ​ရ မှ ဧ​ဒုံ​ပြည်​နယ်​စပ်​တစ်​လျှောက်​ဖြစ်​၏။ ထို နယ်​နိ​မိတ်​သည် ပင်​လယ်​သေ​တောင်​ဘက်​စွန်း အ​ရှေ့​ဘက်​မှ​အ​စ​ပြု​ရ​မည်။-
4 Your border shall turn about southward of the ascent of Akrabbim, and pass along to Zin; and it shall pass southward of Kadesh Barnea; and it shall go from there to Hazar Addar, and pass along to Azmon.
ထို​မှ​တစ်​ဖန်​တောင်​ဘက်​သို့​လှည့်​၍​အာ​က ရဗ္ဗိန်​တောင်​ကြား​သို့​သွား​ပြီး​လျှင် ဇိ​န​တော ကန္တာ​ရ​ကို​ဖြတ်​လျက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ ဗာ​နာ​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ဟာ​ဇရဒ္ဒါ​သို့​လည်း​ကောင်း၊ တစ်​ဖန် အာ​ဇ​မုန်​သို့​လည်း​ကောင်း၊-
5 The border shall turn about from Azmon to the brook of Egypt, and it shall end at the sea.
ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။
6 “‘For the western border, you shall have the great sea and its border. This shall be your west border.
``အ​နောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​ဖြစ်​ရ​မည်။
7 “‘This shall be your north border: from the great sea you shall mark out for yourselves Mount Hor.
``မြောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ​ပင်​လယ် ကမ်း​ခြေ​မှ​ဟော​ရ​တောင်​သို့​လည်း​ကောင်း၊-
8 From Mount Hor you shall mark out to the entrance of Hamath; and the border shall pass by Zedad.
ထို​မှ​တစ်​ဆင့်​ဟာ​မတ်​တောင်​ကြား​သို့​လည်း ကောင်း ဖြတ်​သွား​၍​ထို​မှ​တစ်​ဖန်​ဇေ​ဒဒ်​နှင့် ဇိ​ဖြုန်​ကို​ဖြတ်​ပြီး​လျှင်​ဟာ​ဇ​ရေ​နန်​၌ အ​ဆုံး​သတ်​ရ​မည်။
9 Then the border shall go to Ziphron, and it shall end at Hazar Enan. This shall be your north border.
10 “‘You shall mark out your east border from Hazar Enan to Shepham.
၁၀``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​သည် ဟာ​ဇ​ရေ​နန်​မှ ရှေ​ဖံ​သို့​လည်း​ကောင်း၊-
11 The border shall go down from Shepham to Riblah, on the east side of Ain. The border shall go down, and shall reach to the side of the sea of Chinnereth eastward.
၁၁ထို​မှ​တစ်​ဖန်​တောင်​ဘက်​အ​ဣ​န​အ​ရှေ့​သို့ လည်း​ကောင်း၊ ထို​နောက်​ဂါ​လိ​လဲ​အိုင်​အ​ရှေ့ ဘက်​ကမ်း​ခြေ​ရှိ တောင်​ကုန်း​များ​ကို​ဖြတ် ကျော်​ပြီး​လျှင်၊-
12 The border shall go down to the Jordan, and end at the Salt Sea. This shall be your land according to its borders around it.’”
၁၂တောင်​ဘက်​ယော်​ဒန်​မြစ်​တစ်​လျှောက်​သွား​၍ ပင်​လယ်​သေ​တွင်​အ​ဆုံး​သတ်​ရ​မည်။ ``သင်​တို့​ပြည်​၏​နယ်​နိ​မိတ်​တို့​သည်​ကား အ​ထက်​ဖော်​ပြ​ပါ​အ​တိုင်း​ဖြစ်​သည်'' ဟူ ၍​ဖြစ်​၏။
13 Moses commanded the children of Israel, saying, “This is the land which you shall inherit by lot, which the LORD has commanded to give to the nine tribes, and to the half-tribe;
၁၃သို့​ဖြစ်​၍​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ဤ​နယ်​မြေ​သည်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အ​နွယ်​ကိုး​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့ အား​သတ်​မှတ်​ပေး​သော​နယ်​မြေ​ဖြစ်​၍ သင်​တို့ သည်​မဲ​ချ​ယူ​ကြ​ရ​မည်။-
14 for the tribe of the children of Reuben according to their fathers’ houses, the tribe of the children of Gad according to their fathers’ houses, and the half-tribe of Manasseh have received their inheritance.
၁၄ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။
15 The two tribes and the half-tribe have received their inheritance beyond the Jordan at Jericho eastward, towards the sunrise.”
၁၅
16 The LORD spoke to Moses, saying,
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
17 “These are the names of the men who shall divide the land to you for inheritance: Eleazar the priest, and Joshua the son of Nun.
၁၇``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။-
18 You shall take one prince of every tribe, to divide the land for inheritance.
၁၈ထို့​ပြင်​အ​နွယ်​တစ်​မျိုး​မှ​ခေါင်း​ဆောင်​တစ်​ဦး စီ​တို့​ကို​ရွေး​၍ သူ​တို့​အား​ကူ​ညီ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
19 These are the names of the men: Of the tribe of Judah, Caleb the son of Jephunneh.
၁၉ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော်​မူ​သော​ပ္ဂိုလ် များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ အ​နွယ် ခေါင်း​ဆောင် ယု​ဒ ယေ​ဖုန္နာ​၏​သား​ကာ​လက် ရှိ​မောင် အ​မိ​ဟုဒ်​၏​သား​ရှေ​မွေ​လ ဗ​င်္ယာ​မိန် ခိ​သ​လုန်​၏​သား​ဧ​လိ​ဒဒ် ဒန် ယော​ဂ​လိ​၏​သား​ဗုက္ကိ မ​နာ​ရှေ ဧ​ဖုဒ်​၏​သား​ဟံ​ယေ​လ ဧ​ဖ​ရိမ် ရှိ​ဖ​တန်​၏​သား​ကေ​မွေ​လ ဇာ​ဗု​လုန် ပါ​နက်​၏​သား​ဧ​လိ​ဇ​ဖန် ဣသ​ခါ အဇ္ဇန်​၏​သား ပါ​လ​တေ​လ အာ​ရှာ ရှေ​လော​မိ​၏​သား​အ​ဘိ​ဟုဒ် န​ဿ​လိ အ​မိ​ဟုဒ်​၏​သား​ပေ​ဒ​ဟေ​လ
20 Of the tribe of the children of Simeon, Shemuel the son of Ammihud.
၂၀
21 Of the tribe of Benjamin, Elidad the son of Chislon.
၂၁
22 Of the tribe of the children of Dan a prince, Bukki the son of Jogli.
၂၂
23 Of the children of Joseph: of the tribe of the children of Manasseh a prince, Hanniel the son of Ephod.
၂၃
24 Of the tribe of the children of Ephraim a prince, Kemuel the son of Shiphtan.
၂၄
25 Of the tribe of the children of Zebulun a prince, Elizaphan the son of Parnach.
၂၅
26 Of the tribe of the children of Issachar a prince, Paltiel the son of Azzan.
၂၆
27 Of the tribe of the children of Asher a prince, Ahihud the son of Shelomi.
၂၇
28 Of the tribe of the children of Naphtali a prince, Pedahel the son of Ammihud.”
၂၈
29 These are they whom the LORD commanded to divide the inheritance to the children of Israel in the land of Canaan.
၂၉ဤ​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား ခါ​နာန်​ပြည်​ကို​ခွဲ​ဝေ​ပေး​ရန်​ထာ​ဝ​ရ ဘု​ရား​ခန့်​အပ်​တော်​မူ​သော​ပ္ဂိုလ်​များ​ဖြစ် ကြ​သည်။

< Numbers 34 >