< Jeremiah 34 >
1 The word which came to Jeremiah from the LORD, when Nebuchadnezzar king of Babylon, with all his army, all the kingdoms of the earth that were under his dominion, and all the peoples, were fighting against Jerusalem and against all its cities, saying:
၁ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီး သည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာ တို့ကို၎င်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်၍၊
2 “The LORD, the God of Israel, says, ‘Go, and speak to Zedekiah king of Judah, and tell him, the LORD says, “Behold, I will give this city into the hand of the king of Babylon and he will burn it with fire.
၂ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက် သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။
3 You won’t escape out of his hand, but will surely be taken and delivered into his hand. Your eyes will see the eyes of the king of Babylon, and he will speak with you mouth to mouth. You will go to Babylon.”’
၃သင်သည် ထိုမင်းလက်နှင့်မလွတ်ရ။ စင်စစ် သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
4 “Yet hear the LORD’s word, O Zedekiah king of Judah. The LORD says concerning you, ‘You won’t die by the sword.
၄သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ထားဖြင့်အသေမခံရ။
5 You will die in peace; and with the burnings of your fathers, the former kings who were before you, so they will make a burning for you. They will lament you, saying, “Ah Lord!” for I have spoken the word,’ says the LORD.”
၅ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
6 Then Jeremiah the prophet spoke all these words to Zedekiah king of Judah in Jerusalem,
၆ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် ယေရု ရှလင်မြို့ကို၎င်း၊
7 when the king of Babylon’s army was fighting against Jerusalem and against all the cities of Judah that were left, against Lachish and against Azekah; for these alone remained of the cities of Judah as fortified cities.
၇ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှ မြို့၊ အဇေကာမြို့တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်း သော မြို့တို့ကို၎င်း တိုက်သောအခါ၊ ပရောဖက် ယေရမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇေဒကိအား ဆင့်ဆိုလေ၏။
8 The word came to Jeremiah from the LORD, after King Zedekiah had made a covenant with all the people who were at Jerusalem, to proclaim liberty to them,
၈ယေရုရှလင်မြို့သားအပေါင်းတို့သည် အသီး အသီးစေစားသော ယုဒညီအစ်ကိုချင်း၊
9 that every man should let his male servant, and every man his female servant, who is a Hebrew or a Hebrewess, go free, that no one should make bondservants of them, of a Jew his brother.
၉အစေခံရသော ဟေဗြဲအမျိုးကျွန်ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲလွှတ်စေခြင်းငှါ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ရောက်လာ၏။
10 All the princes and all the people obeyed who had entered into the covenant, that everyone should let his male servant and everyone his female servant go free, that no one should make bondservants of them any more. They obeyed and let them go,
၁၀အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စေစားသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစေစားဘဲ လွှတ် မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။
11 but afterwards they turned, and caused the servants and the handmaids whom they had let go free to return, and brought them into subjection for servants and for handmaids.
၁၁နောက်တဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေ ကြ၏။
12 Therefore the LORD’s word came to Jeremiah from the LORD, saying,
၁၂ထိုကြောင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်၍၊
13 “The LORD, the God of Israel, says: ‘I made a covenant with your fathers in the day that I brought them out of the land of Egypt, out of the house of bondage, saying:
၁၃ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ဘိုးဘေးများကို ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊
14 At the end of seven years, every man of you shall release his brother who is a Hebrew, who has been sold to you, and has served you six years. You shall let him go free from you. But your fathers didn’t listen to me, and didn’t incline their ear.
၁၄သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရ မည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွတ်သော အခွင့်ကိုပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင်၊ နားကို ပိတ်လျက်နေကြ၏။
15 You had now turned, and had done that which is right in my eyes, in every man proclaiming liberty to his neighbour. You had made a covenant before me in the house which is called by my name;
၁၅သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့ အား လွတ်ရသော အခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသော အမှုကို ပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံ ခြင်း ပဋိညာဉ်ကိုပြုကြသော်လည်း၊
16 but you turned and profaned my name, and every man caused his servant and every man his handmaid, whom you had let go free at their pleasure, to return. You brought them into subjection, to be to you for servants and for handmaids.’”
၁၆တဖန်ပြောင်းလဲ၍ ငါ၏နာမကို ရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဘူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။
17 Therefore the LORD says: “You have not listened to me, to proclaim liberty, every man to his brother, and every man to his neighbour. Behold, I proclaim to you a liberty,” says the LORD, “to the sword, to the pestilence, and to the famine. I will make you be tossed back and forth amongst all the kingdoms of the earth.
၁၇ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကြောင့်၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက်ခံစေမည်။
18 I will give the men who have transgressed my covenant, who have not performed the words of the covenant which they made before me when they cut the calf in two and passed between its parts:
၁၈နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ ရှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော၊
19 the princes of Judah, the princes of Jerusalem, the eunuchs, the priests, and all the people of the land, who passed between the parts of the calf.
၁၉ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရော ဟိတ် အစရှိသော၊ နွားသငယ်ထက်ခြမ်းအလယ်သို့ ရှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊
20 I will even give them into the hand of their enemies and into the hand of those who seek their life. Their dead bodies will be food for the birds of the sky and for the animals of the earth.
၂၀သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သော သူများလက်သို့၎င်း ငါအပ်မည်။ သူတို့အသေကောင် များတို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဘို့ဖြစ်ကြလိမ့်မည်။
21 “I will give Zedekiah king of Judah and his princes into the hands of their enemies, into the hands of those who seek their life and into the hands of the king of Babylon’s army, who has gone away from you.
၂၁ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော် တို့ကို သူတို့ရန်သူများလက်သို့၎င်း၊ သတ်ချင်သောလူများ လက်သို့၎င်း၊ ယခုလွှဲသွားသောဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့၎င်း ငါအပ်မည်။
22 Behold, I will command,” says the LORD, “and cause them to return to this city. They will fight against it, take it, and burn it with fire. I will make the cities of Judah a desolation, without inhabitant.”
၂၂ငါသည် အမိန့်တော်ပေး၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ် ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။