< Jeremiah 17 >

1 “The sin of Judah is written with a pen of iron, and with the point of a diamond. It is engraved on the tablet of their heart, and on the horns of your altars.
ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့၊ သင် တို့​၏​အ​ပြစ်​ကို​သံ​က​ညစ်​နှင့်​ရေး​မှတ်​၍ ထား​၏။ ထို​အပြစ်​ကို​သင်​၏​စိတ်​နှ​လုံး​ပု​ရ ပိုက်​ပေါ်​၌​စိန်​သွား​တပ်​သည့်​က​ညစ်​ဖြင့်​ရေး မှတ်​၍ သင်​တို့​၏​ယဇ်​ပလ္လင်​ထောင့်​များ​၌​ထွင်း ထား​လျက်​ရှိ​၏။-
2 Even their children remember their altars and their Asherah poles by the green trees on the high hills.
တောင်​ကုန်း​များ​ပေါ်​ရှိ​စိမ်း​လန်း​သည့်​သစ်​ပင် မှန်​သ​မျှ​တို့​၏​အ​နီး​၌​လည်း​ကောင်း၊ တောင် ထိပ်​များ​ပေါ်​၌​လည်း​ကောင်း၊ အာ​ရှ​ရ​နတ် သ​မီး​အ​တွက်​စိုက်​ထူ​ထား​သည့်​တံ​ခွန်​တိုင် များ​ယဇ်​ပလ္လင်​များ​ကို သင်​တို့​၏​သား​သ​မီး များ​ပင်​ကိုး​ကွယ်​ကြ​ပေ​သည်။ သင်​တို့​သည် မိ​မိ​တို့​၏​ပြည်​တစ်​လျှောက်​လုံး​တွင်​ကူး လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကြောင့် သင်​တို့​၏ စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ​ရ​တ​နာ​များ​ကို သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​မြင့်​သော တောင်​ကုန်း​များ​နှင့်​အ​တူ​ရန်​သူ​တို့​အား ငါ​သိမ်း​ယူ​စေ​မည်။-
3 My mountain in the field, I will give your substance and all your treasures for a plunder, and your high places, because of sin, throughout all your borders.
4 You, even of yourself, will discontinue from your heritage that I gave you. I will cause you to serve your enemies in the land which you don’t know, for you have kindled a fire in my anger which will burn forever.”
သင်​၏​အ​ပြစ်​ကြောင့် သင်​တို့​သည်​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​ကို​စွန့်​လွှတ်​ရ​ကြ​လိမ့်​မည်။ ငါ ၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​နေ​မည်​ဖြစ်​၍ ငါ​သည်​သင် တို့​အား​မိ​မိ​တို့​မ​ရောက်​ဘူး​သည့်​ပြည်​တွင် ရန်​သူ​များ​၏​အ​စေ​ကို​ခံ​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
5 The LORD says: “Cursed is the man who trusts in man, relies on strength of flesh, and whose heart departs from the LORD.
ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​ကို​လည်း​ကောင်း၊သေ​မျိုး​ဖြစ်​သော​သူ​၏ စွမ်း​ရည်​ကို​လည်း​ကောင်း​ယုံ​ကြည်​ကိုး​စား​၍၊ ငါ့​ကို​ကျော​ခိုင်း​သူ​အား​ငါ​ကျိန်​စာ​သင့်​စေ​မည်။
6 For he will be like a bush in the desert, and will not see when good comes, but will inhabit the parched places in the wilderness, an uninhabited salt land.
ထို​သူ​သည်​အ​ခြား​အ​ဘယ်​အ​ပင်​မျှ​မ​ပေါက် သည့် တော​ကန္တာ​ရ​မြေ​ရိုင်း​တွင်​ပေါက်​သည့်​ခြုံ​ပုတ် နှင့်​တူ​၏။ သူ​သည်​အ​ဘယ်​ကောင်း​ကျိုး​ကို​မျှ​မ​ခံ​စား​ရ။''
7 “Blessed is the man who trusts in the LORD, and whose confidence is in the LORD.
``သို့​ရာ​တွင်​ငါ့​ကို​ကိုး​စား​၍​ယုံ​ကြည်​သူ​အား ငါ​ကောင်း​ချီး​ပေး​မည်။
8 For he will be as a tree planted by the waters, who spreads out its roots by the river, and will not fear when heat comes, but its leaf will be green, and will not be concerned in the year of drought. It won’t cease from yielding fruit.
ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။ မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''
9 The heart is deceitful above all things and it is exceedingly corrupt. Who can know it?
``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''
10 “I, the LORD, search the mind. I try the heart, even to give every man according to his ways, according to the fruit of his doings.”
၁၀``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရ ထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။
11 As the partridge that sits on eggs which she has not laid, so is he who gets riches, and not by right. In the middle of his days, they will leave him. At his end, he will be a fool.
၁၁မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။ သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။
12 A glorious throne, set on high from the beginning, is the place of our sanctuary.
၁၂ငါ​တို့​ဗိ​မာန်​တော်​သည်​အ​စ​ကာ​လ​က​ပင် တောင်​ပေါ်​တွင်​တည်​လျက်၊ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​၏။
13 LORD, the hope of Israel, all who forsake you will be disappointed. Those who depart from me will be written in the earth, because they have forsaken the LORD, the spring of living waters.
၁၃အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍ မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။
14 Heal me, O LORD, and I will be healed. Save me, and I will be saved; for you are my praise.
၁၄အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ကု​သ​တော်​မူ ပါ​မှ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​သည်​လုံး​ဝ ပျောက်​ကင်း​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​လုံ​ခြုံ​မှု​အ​ပြည့်​အ​ဝ ရ​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကား​ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​သည့် အ​ရှင်​ပင်​ဖြစ်​တော်​မူ​ပါ​၏။
15 Behold, they ask me, “Where is the LORD’s word? Let it be fulfilled now.”
၁၅လူ​တို့​က​ငါ့​အား``ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝါး​သည့်​အ​ရာ​များ​ကား​အ​ဘယ်​မှာ နည်း။ ယ​ခု​ပင်​ထို​အ​ရာ​များ​ကို​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို​ကြ ပါ​၏။
16 As for me, I have not hurried from being a shepherd after you. I haven’t desired the woeful day. You know. That which came out of my lips was before your face.
၁၆သို့​ရာ​တွင်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​သိုး​ထိန်း​အ​ဖြစ်​မှ​ရှောင်​လွှဲ​ခဲ့​ခြင်း​မ​ရှိ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ရောက်​မည့်​နေ့​ကို​မ​တောင့်​တ​ခဲ့ ကြောင်း​ကို​လည်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​မှ​ထွက်​သည့်​စ​ကား​များ ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။-
17 Don’t be a terror to me. You are my refuge in the day of evil.
၁၇ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ ဒုက္ခ​ရောက်​ချိန်​၌ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။-
18 Let them be disappointed who persecute me, but don’t let me be disappointed. Let them be dismayed, but don’t let me be dismayed. Bring on them the day of evil, and destroy them with double destruction.
၁၈ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့​ကို အ​ရှက်​ကွဲ​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​အား အ​ရှက်​ရ​မှု​မှ​ချမ်း​သာ​ပေး​တော်​မူ​ပါ။ ထို သူ​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စိတ်​နှင့်​ပြည့်​ဝ စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ထိတ်​လန့်​တုန် လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော် မူ​၍​သူ​တို့​အား​ကျိုး​ပဲ့​ကြေ​မွ​စေ​တော် မူ​ပါ။
19 The LORD said this to me: “Go and stand in the gate of the children of the people, through which the kings of Judah come in and by which they go out, and in all the gates of Jerusalem.
၁၉ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယေ​ရ​မိ၊ ယု​ဒ ဘု​ရင်​များ​ထွက်​ဝင်​ရာ၊ ပြည်​သူ့​မြို့​တံ​ခါး သို့​သွား​၍​ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ​လော့။ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ခြား​မြို့ တံ​ခါး​များ​သို့​သွား​လော့။-
20 Tell them, ‘Hear the LORD’s word, you kings of Judah, all Judah, and all the inhabitants of Jerusalem, that enter in by these gates:
၂၀ယု​ဒ​ဘု​ရင်​များ​နှင့်​ပြည်​သား​တို့​အား​လည်း ကောင်း၊ ထို​တံ​ခါး​များ​ဖြင့်​ထွက်​ဝင်​သွား​လာ တတ်​သူ​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​အား​လည်း​ကောင်း​ငါ​၏​အ​မိန့်​တော်​ကို​နား ထောင်​ရန်​မှာ​ကြား​လော့။-
21 The LORD says, “Be careful, and bear no burden on the Sabbath day, nor bring it in by the gates of Jerusalem.
၂၁ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ​မ သယ်​မ​ဆောင်​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး များ​ကို​ဖြတ်​၍၊-
22 Don’t carry a burden out of your houses on the Sabbath day. Don’t do any work, but make the Sabbath day holy, as I commanded your fathers.
၂၂မိ​မိ​တို့​၏​အိမ်​များ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ မ​သယ်​မ​ယူ​ရကြ။ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌ အ​လုပ်​မ​လုပ်​ရ​ကြ။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ငါ​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ထို နေ့​ရက်​ကို​နေ့​ထူး​နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း ကြ​ရန်​ပြော​ကြား​လော့။-
23 But they didn’t listen. They didn’t turn their ear, but made their neck stiff, that they might not hear, and might not receive instruction.
၂၃သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်​မ​နာ​ခံ​ကြ။ သူ​တို့​သည်​ခေါင်း​မာ လျက်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​လို​ကြ။ ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လည်း​မ​ခံ​ယူ လို​ကြ။
24 It will happen, if you diligently listen to me,” says the LORD, “to bring in no burden through the gates of this city on the Sabbath day, but to make the Sabbath day holy, to do no work therein;
၂၄``ငါ​၏​အ​မိန့်​အား​လုံး​ကို နား​ထောင်​ရ​ကြ မည်​ဖြစ်​ကြောင်း​ထို​သူ​တို့​အား​ပြော​ကြား လော့။ သူ​တို့​ဥပုသ်​နေ့​၌​ဤ​မြို့​တံ​ခါး​များ ကို​ဖြတ်​၍ အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ မ​သယ်​မ​ယူ​ရ​ကြ။ ဥ​ပုသ်​နေ့​ကို​နေ့​ထူး နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ကာ​အ​ဘယ် အ​လုပ်​ကို​မျှ​မ​လုပ်​ကြ​လျှင်၊-
25 then there will enter in by the gates of this city kings and princes sitting on David’s throne, riding in chariots and on horses, they and their princes, the men of Judah and the inhabitants of Jerusalem; and this city will remain forever.
၂၅သူ​တို့​၏​ဘု​ရင်​များ​နှင့်​မင်း​ညီ​မင်း​သား​များ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​မြို့​တံ​ခါး​များ​ဖြင့် ဝင်​၍ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​ရာ​ဇ​တန်​ခိုး​အာ​ဏာ ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယု​ဒ​ပြည် သား​များ၊ ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့် အ​တူ မြင်း​ရ​ထား​များ​နှင့်​မြင်း​များ​ကို စီး​၍​သွား​လာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင် မြို့​သည်​လည်း​အ​စဉ်​အ​မြဲ​လူ​များ​နှင့် ပြည့်​နှက်​၍​နေ​လိမ့်​မည်။-
26 They will come from the cities of Judah, and from the places around Jerusalem, from the land of Benjamin, from the lowland, from the hill country, and from the South, bringing burnt offerings, sacrifices, meal offerings, and frankincense, and bringing sacrifices of thanksgiving to the LORD’s house.
၂၆လူ​တို့​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​ပတ်​ဝန်း​ကျင်​ကျေး​ရွာ​များ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​ဗင်္ယာ​မိန်​နယ်​မြေ၊ တောင်​ခြေ​ဒေ​သ​များ၊ တောင်​တန်း​ဒေ​သ​များ နှင့်​ယု​ဒ​ပြည်​တောင်​ပိုင်း​နယ်​မြေ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ နှင့်​ယဇ်​များ​ကို​လည်း​ကောင်း၊ ဂျုံ​စ​ပါး​ပူ​ဇော် သကာ​များ၊ နံ့​သာ​ပေါင်း​နှင့်​ကျေး​ဇူး​တော်​ချီး မွမ်း​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား ၏​အိမ်​တော်​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-
27 But if you will not listen to me to make the Sabbath day holy, and not to bear a burden and enter in at the gates of Jerusalem on the Sabbath day, then I will kindle a fire in its gates, and it will devour the palaces of Jerusalem. It will not be quenched.”’”
၂၇သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ ဥ​ပုသ်​နေ့​ကို​နေ့​ထူး​နေ့​မြတ်​အ ဖြစ်​မ​စောင့်​ထိန်း​ဘဲ​ထို​နေ့​၌​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​ဖြတ်​၍​အ​ဘယ်​ဝန်​ထုပ် ဝန်​ပိုး​ကို​မျှ​မ​သယ်​ဆောင်​ရ။ အ​ကယ်​၍ သယ်​ဆောင်​ကြ​ပါ​မူ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​မီး​ရှို့​တော်​မူ​မည်။ ထို မီး​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘုံ​ဗိ​မာန်​များ ကို​ကျွမ်း​လောင်​သွား​စေ​လိမ့်​မည်။ ယင်း​ကို အ​ဘယ်​သူ​မျှ​ငြိမ်း​သတ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

< Jeremiah 17 >