< Genesis 36 >
1 Now this is the history of the generations of Esau (that is, Edom).
၁ဧဒုံဟူ၍လည်းနာမည်တွင်သောဧသော ၏အဆက်အနွယ်တို့ကိုဖော်ပြပေအံ့။-
2 Esau took his wives from the daughters of Canaan: Adah the daughter of Elon, the Hittite; and Oholibamah the daughter of Anah, the daughter of Zibeon, the Hivite;
၂ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊-
3 and Basemath, Ishmael’s daughter, sister of Nebaioth.
၃နဗာယုတ်၏နှမဖြစ်သူဗာရှမတ်ဖြစ် သတည်း။-
4 Adah bore to Esau Eliphaz. Basemath bore Reuel.
၄အာဒသည်သားဧလိဖတ်ကိုလည်းကောင်း၊ ဗာရှမတ်သည်သားရွေလကိုလည်းကောင်း၊-
5 Oholibamah bore Jeush, Jalam, and Korah. These are the sons of Esau, who were born to him in the land of Canaan.
၅အဟောလိဗာမသည်သားယုရှ၊ ယာလံနှင့် ကောရတို့ကိုလည်းကောင်းဖွားမြင်လေသည်။ ဤသားတို့သည်ခါနာန်ပြည်တွင်ဖွားမြင် သောဧသော၏သားများဖြစ်ကြသည်။
6 Esau took his wives, his sons, his daughters, and all the members of his household, with his livestock, all his animals, and all his possessions, which he had gathered in the land of Canaan, and went into a land away from his brother Jacob.
၆ဧသောသည်သူ၏မယားများ၊ သားသမီး များ၊ အိမ်သူအိမ်သားများနှင့်တကွသိုး၊ ဆိတ်စသောတိရစ္ဆာန်များ၊ ခါနာန်ပြည်တွင် စုဆောင်းမိသမျှသောပစ္စည်းဥစ္စာများကို ယူဆောင်လျက်ညီယာကုပ်ထံမှအခြား ပြည်သို့ထွက်ခွာသွားလေသည်။-
7 For their substance was too great for them to dwell together, and the land of their travels couldn’t bear them because of their livestock.
၇သူနှင့်ယာကုပ်တို့တွင်သိုး၊ ဆိတ်စသော တိရစ္ဆာန်အလွန်များပြားလာသဖြင့် စားနပ် ရိက္ခာမလောက်မငဖြစ်၍တစ်ရပ်တည်း၌ အတူမနေနိုင်ကြချေ။-
8 Esau lived in the hill country of Seir. Esau is Edom.
၈သို့ဖြစ်၍ဧသောသည်ဧဒုံတောင်တန်းဒေသ သို့ပြောင်းရွှေ့နေထိုင်လေသည်။
9 This is the history of the generations of Esau the father of the Edomites in the hill country of Seir:
၉ဧဒုံတောင်တန်းဒေသတွင်နေထိုင်သော ဧဒုံ အမျိုးသားတို့၏ဖခင်ဧသော၏ အဆက် အနွယ်တို့ကိုဖော်ပြပေအံ့။-
10 these are the names of Esau’s sons: Eliphaz, the son of Adah, the wife of Esau; and Reuel, the son of Basemath, the wife of Esau.
၁၀ဧသော၏မယားအာဒနှင့်ရသောသားမှာ ဧလိဖတ်ဖြစ်၏။ ဧလိဖတ်တွင်တေမန်၊ သြမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်ဟူ၍သားငါးယောက် ရှိ၏။ ဧလိဖတ်တွင်မယားငယ်တိမနနှင့်အာ မလက်နာမည်ရှိသောသားတစ်ယောက်ရသေး၏။ ဧသော၏မယားဗာရှမတ်နှင့်ရသောသား မှာရွေလဖြစ်၏။ ရွေလတွင်နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇဟူ၍သားလေးယောက်ရှိ၏။
11 The sons of Eliphaz were Teman, Omar, Zepho, and Gatam, and Kenaz.
၁၁
12 Timna was concubine to Eliphaz, Esau’s son; and she bore to Eliphaz Amalek. These are the descendants of Adah, Esau’s wife.
၁၂
13 These are the sons of Reuel: Nahath, Zerah, Shammah, and Mizzah. These were the descendants of Basemath, Esau’s wife.
၁၃
14 These were the sons of Oholibamah, the daughter of Anah, the daughter of Zibeon, Esau’s wife: she bore to Esau Jeush, Jalam, and Korah.
၁၄ဇိဘောင်၏သားအာန၏သမီးဖြစ်သောဧသော ၏မယား အဟောလိဗာမတွင်ယုရှ၊ ယာလံ၊ ကောရဟူ၍သားသုံးယောက်ရှိ၏။
15 These are the chiefs of the sons of Esau: the sons of Eliphaz the firstborn of Esau: chief Teman, chief Omar, chief Zepho, chief Kenaz,
၁၅ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊-
16 chief Korah, chief Gatam, chief Amalek. These are the chiefs who came of Eliphaz in the land of Edom. These are the sons of Adah.
၁၆ကောရ၊ ဂါတံ၊ အာမလက်တို့၏ဘိုးဘေးဖြစ် ၏။ ဤသူတို့သည်ဧသော၏မယားအာဒ၏ အဆက်အနွယ်များဖြစ်ကြ၏။
17 These are the sons of Reuel, Esau’s son: chief Nahath, chief Zerah, chief Shammah, chief Mizzah. These are the chiefs who came of Reuel in the land of Edom. These are the sons of Basemath, Esau’s wife.
၁၇ဧသော၏သားရွေလသည်အနွယ်အကြီးအကဲ ဖြစ်ကြသော နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇတို့၏ဘိုးဘေး ဖြစ်၏။ ဤသူတို့သည်ဧသော၏မယားဗာရှမတ် ၏အဆက်အနွယ်များဖြစ်ကြ၏။
18 These are the sons of Oholibamah, Esau’s wife: chief Jeush, chief Jalam, chief Korah. These are the chiefs who came of Oholibamah the daughter of Anah, Esau’s wife.
၁၈ဧသော၏မယားအာန၏သမီးဖြစ်သူ အဟော လိဗာမမှဆင်းသက်သောအနွယ်သည်ကား ယုရှ၊ ယာလံနှင့်ကောရတို့ဖြစ်ကြသည်။-
19 These are the sons of Esau (that is, Edom), and these are their chiefs.
၁၉ဤအနွယ်အားလုံးတို့သည်ဧသောမှဆင်းသက် လာကြ၏။
20 These are the sons of Seir the Horite, the inhabitants of the land: Lotan, Shobal, Zibeon, Anah,
၂၀ဧဒုံအရပ်တွင်မူလနေထိုင်သူတို့သည်ဟောရိ အမျိုးသားစိရ၏သားတို့မှဆင်းသက်လာ သောအဆက်အနွယ်များဖြစ်ကြသည်။ ထိုသား တို့မှာလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်ကြသည်။
21 Dishon, Ezer, and Dishan. These are the chiefs who came of the Horites, the children of Seir in the land of Edom.
၂၁
22 The children of Lotan were Hori and Heman. Lotan’s sister was Timna.
၂၂လောတန်သည်ဟောရိနှင့်ဟေမံမိသားစုတို့ ၏ဘိုးဘေးဖြစ်သည်။ (လောတန်၏နှမမှာတိမန ဖြစ်သည်။)
23 These are the children of Shobal: Alvan, Manahath, Ebal, Shepho, and Onam.
၂၃ရှောဗလသည်အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်သြနံမိသားစုတို့၏ဘိုးဘေးဖြစ် သည်။
24 These are the children of Zibeon: Aiah and Anah. This is Anah who found the hot springs in the wilderness, as he fed the donkeys of Zibeon his father.
၂၄ဇိဘောင်တွင်အာယနှင့်အာနဟူ၍သားနှစ် ယောက်ရှိ၏။ (အာနသည်ဖခင်ဇိဘောင်၏မြည်း များကိုကျောင်းနေစဉ်တောကန္တာရထဲ၌ရေ ပူစမ်းများကိုရှာတွေ့သူဖြစ်သည်။-)
25 These are the children of Anah: Dishon and Oholibamah, the daughter of Anah.
၂၅အာနတွင်သားဒိရှုန်နှင့်သမီးအဟောလိ ဗာမတို့ရှိ၏။
26 These are the children of Dishon: Hemdan, Eshban, Ithran, and Cheran.
၂၆ဒိရှုန်သည်ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် မိသားစုတို့၏ဘိုးဘေးဖြစ်သည်။
27 These are the children of Ezer: Bilhan, Zaavan, and Akan.
၂၇ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်မိသား စုတို့၏ဘိုးဘေးဖြစ်သည်။
28 These are the children of Dishan: Uz and Aran.
၂၈ဒိရှန်သည်ဥဇနှင့်အာရန်မိသားစုတို့၏ ဘိုးဘေးဖြစ်သည်။
29 These are the chiefs who came of the Horites: chief Lotan, chief Shobal, chief Zibeon, chief Anah,
၂၉ဧဒုံပြည်ရှိဟောရိအမျိုးသားတို့၏အနွယ် များသည်ကားလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်သတည်း။
30 chief Dishon, chief Ezer, and chief Dishan. These are the chiefs who came of the Horites, according to their chiefs in the land of Seir.
၃၀
31 These are the kings who reigned in the land of Edom, before any king reigned over the children of Israel.
၃၁ဣသရေလအမျိုးသားတို့တွင်ဘုရင်များ မပေါ်မရှိမီဧဒုံပြည်ကိုအုပ်စိုးသောမင်း ဆက်တို့ကိုဖော်ပြပေအံ့။ ဗောရ၏သားဗေလာသည်ဒိန္နာဗာမြို့တော်၌ အုပ်စိုး၏။ ဗေလာဘုရင်အနိစ္စရောက်သောအခါဗောဇရ မြို့သား ဇေရ၏သားယောဗပ်မင်းပြု၏။ ယောဗပ်အနိစ္စရောက်သောအခါတေမနိ မြို့သား ဟုရှံမင်းပြု၏။ ဟုရှံအနိစ္စရောက်သောအခါမောဘပြည်တွင် မိဒျန်အမျိုးသားတို့ကို စစ်တိုက်၍အောင်မြင်ခဲ့သူဗေဒဒ်၏သားဟာဒဒ် မင်းပြု၏။ ထိုမင်း၏မြို့တော်မှာအာဝိတ်မြို့ဖြစ်၏။ ဟာဒဒ်အနိစ္စရောက်သောအခါမာသရက် မြို့သား စာမလမင်းပြု၏။ စာမလအနိစ္စရောက်သောအခါမြစ်ကမ်းမြို့ ဖြစ်သော ရဟောဘုတ်မြို့သားရှောလမင်းပြု၏။ ရှောလအနိစ္စရောက်သောအခါအာခဗော် ၏သား ဗာလဟာနန်မင်းပြု၏။ ဗာလဟာနန်အနိစ္စရောက်သောအခါဟာဒါ မင်းပြု၏။ ထိုမင်း၏မြို့တော်မှာပေါမြို့ဖြစ်သည်။ (သူ၏ဇနီးမှာမာတရက်၏သမီး၊မေဇဟပ်၏ မြေးမဟေတဗေလဖြစ်၏။)
32 Bela, the son of Beor, reigned in Edom. The name of his city was Dinhabah.
၃၂
33 Bela died, and Jobab, the son of Zerah of Bozrah, reigned in his place.
၃၃
34 Jobab died, and Husham of the land of the Temanites reigned in his place.
၃၄
35 Husham died, and Hadad, the son of Bedad, who struck Midian in the field of Moab, reigned in his place. The name of his city was Avith.
၃၅
36 Hadad died, and Samlah of Masrekah reigned in his place.
၃၆
37 Samlah died, and Shaul of Rehoboth by the river, reigned in his place.
၃၇
38 Shaul died, and Baal Hanan the son of Achbor reigned in his place.
၃၈
39 Baal Hanan the son of Achbor died, and Hadar reigned in his place. The name of his city was Pau. His wife’s name was Mehetabel, the daughter of Matred, the daughter of Mezahab.
၃၉
40 These are the names of the chiefs who came from Esau, according to their families, after their places, and by their names: chief Timna, chief Alvah, chief Jetheth,
၄၀ဧသောမှဆင်းသက်သောဧဒုံအနွယ်များမှာ တိမနာ၊ အာလဝ၊ ယေသက်၊ အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊ ကေနတ်၊ တေမန်၊ မိဗဇာ၊ မာဂ ဒျေလနှင့်ဣရံတို့ဖြစ်ကြသည်။ ဤဧဒုံ အနွယ်တို့သည်သူတို့၏နာမည်ဖြင့်ခေါ် တွင်သောဒေသအသီးသီးတို့တွင်နေ ထိုင်ကြလေသည်။
41 chief Oholibamah, chief Elah, chief Pinon,
၄၁
42 chief Kenaz, chief Teman, chief Mibzar,
၄၂
43 chief Magdiel, and chief Iram. These are the chiefs of Edom, according to their habitations in the land of their possession. This is Esau, the father of the Edomites.
၄၃