< Deuteronomy 20 >

1 When you go out to battle against your enemies, and see horses, chariots, and a people more numerous than you, you shall not be afraid of them; for the LORD your God, who brought you up out of the land of Egypt, is with you.
သင် သည် ရန်သူ တို့ကို စစ်တိုက် ခြင်းငှာ ချီ သွား သောအခါ ၊ ကိုယ် ထက် သာ၍ များသောမြင်း ၊ ရထား ၊ လူ တို့ကို မြင် သော်လည်း မ ကြောက် နှင့်။ သင့် ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောသင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ဘက် ၌ ရှိတော်မူ၏။
2 It shall be, when you draw near to the battle, that the priest shall approach and speak to the people,
စစ်တိုက် ချိန်နီး သောအခါ ၊ ယဇ် ပုရောဟိတ်တို့ သည် ချဉ်း ၍၊
3 and shall tell them, “Hear, Israel, you draw near today to battle against your enemies. Don’t let your heart faint! Don’t be afraid, nor tremble, neither be scared of them;
အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့သည် စစ်တိုက် ခြင်းငှာ ရန်သူ တို့ကို ချဉ်း ကြပြီ။ သူ တို့ကြောင့် စိတ်ပျက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ တုန်လှုပ် ခြင်း၊ ထိတ်လန့် ခြင်း မ ရှိကြနှင့်။
4 for the LORD your God is he who goes with you, to fight for you against your enemies, to save you.”
အကြောင်း မူကား၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် ရန်သူ တို့ကို စစ်တိုက် ၍ သင် တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ သင် တို့နှင့်အတူ ကြွ တော်မူသည် ဟု လူ တို့အား ပြောဆို ရကြမည်။
5 The officers shall speak to the people, saying, “What man is there who has built a new house, and has not dedicated it? Let him go and return to his house, lest he die in the battle, and another man dedicate it.
ဗိုလ် တို့ကလည်း၊ အိမ် သစ် ကို ဆောက် ၍ ဘုရားသခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိ အိမ် သို့ ပြန် ၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြား သောသူ သည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
6 What man is there who has planted a vineyard, and has not used its fruit? Let him go and return to his house, lest he die in the battle, and another man use its fruit.
စပျစ် ဥယျာဉ်ကို စိုက် ၍ စပျစ်သီး ကို မ စား ရသေး သော သူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွား ပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြား သောသူ သည် ထို စပျစ်သီးကို စား လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
7 What man is there who has pledged to be married to a wife, and has not taken her? Let him go and return to his house, lest he die in the battle, and another man take her.”
မိန်းမ နှင့် လက်ထပ် ၍ မ သိမ်း ရသေးသော သူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြားသော သူ သည် ထို မိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
8 The officers shall speak further to the people, and they shall say, “What man is there who is fearful and faint-hearted? Let him go and return to his house, lest his brother’s heart melt as his heart.”
တဖန် လည်း၊ ဗိုလ် တို့က ကြောက် တတ်သော သဘောရှိ၍ စိတ်ပျက် သောသူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် လျှင် ထိုသူ စိတ် ပျက်သကဲ့သို့ သူ ၏အဘော် တို့သည် စိတ်ပျက် ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူ များတို့အား ပြော ရကြမည်။
9 It shall be, when the officers have finished speaking to the people, that they shall appoint captains of armies at the head of the people.
ဗိုလ် တို့သည် လူ များတို့အား ထိုသို့ပြော ပြီးမှ တပ်မှူး တို့သည် လူ များကို စစ်ချီစေရကြမည်။
10 When you draw near to a city to fight against it, then proclaim peace to it.
၁၀သင်သည် မြို့ တစုံတမြို့ကို တိုက် ခြင်းငှာ ချဉ်း သောအခါ ၊ စစ် ငြိမ်းမည်အကြောင်း ကို ဟစ်ကြော် ရမည်။
11 It shall be, if it gives you answer of peace and opens to you, then it shall be that all the people who are found therein shall become forced labourers to you, and shall serve you.
၁၁ထိုမြို့သည် စစ် ငြိမ်းရာစကားပြေကို ပြန်ပြော ၍ မြို့တံခါးကို ဖွင့် ထားလျှင် ၊ ထိုမြို့ ၌ ရှိ သောသူ အပေါင်း တို့ သည် သင့် အား အခွန် ပေး၍ သင့် အမှု ကို ထမ်းရကြမည်။
12 If it will make no peace with you, but will make war against you, then you shall besiege it.
၁၂သို့မဟုတ် စကားပြေ မ ပြောဘဲ သင့် ကို စစ်တိုက် လျှင် ၊ ထိုမြို့ ကို ဝိုင်း ထား၍၊
13 When the LORD your God delivers it into your hand, you shall strike every male of it with the edge of the sword;
၁၃သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် လက် ၌ အပ် တော်မူသောအခါ ၊ ယောက်ျား ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ရမည်။
14 but the women, the little ones, the livestock, and all that is in the city, even all its plunder, you shall take for plunder for yourself. You may use the plunder of your enemies, which the LORD your God has given you.
၁၄မိန်းမ ၊ သူငယ် ၊ တိရစ္ဆာန် အစ ရှိသော မြို့ ၌ တွေ့ သော ဥစ္စာ ရှိသမျှ ကို ကိုယ် ဘို့ သိမ်း ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော သင် ၏ရန်သူ လက် မှ ရသောဥစ္စာကို စား ရမည်။
15 Thus you shall do to all the cities which are very far off from you, which are not of the cities of these nations.
၁၅ဤ လူမျိုး နေသောမြို့ မှတပါး သင် နှင့် ဝေး သော မြို့ ရှိသမျှ တို့အား ထိုသို့ ပြု ရမည်။
16 But of the cities of these peoples that the LORD your God gives you for an inheritance, you shall save alive nothing that breathes;
၁၆သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ၊ ဤ လူမျိုး နေရာမြို့ တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
17 but you shall utterly destroy them: the Hittite, the Amorite, the Canaanite, the Perizzite, the Hivite, and the Jebusite, as the LORD your God has commanded you;
၁၇ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် မိမိ တို့ဘုရား များ၌ ပြု သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင် ၍၊
18 that they not teach you to follow all their abominations, which they have done for their gods; so would you sin against the LORD your God.
၁၈သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ကို မပြစ်မှား မည်အကြောင်း သင် ၏ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ထိုလူမျိုးအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
19 When you shall besiege a city a long time, in making war against it to take it, you shall not destroy its trees by wielding an axe against them; for you may eat of them. You shall not cut them down, for is the tree of the field man, that it should be besieged by you?
၁၉သင်သည် မြို့ တစုံတမြို့ကို တိုက်ယူ ခြင်းငှာ ကြာမြင့် စွာ ဝိုင်း ထားလျှင် ၊ သစ်ပင် များကို မ ခုတ် မဖြတ် ရ။ မြေ ၌ ပေါက်သော အပင် တို့သည် လူ အသက် မွေးဘို့ရာဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်း ထားရာ အမှုကို ဆောင်၍ အပင်ကို မ လှဲ ရ။
20 Only the trees that you know are not trees for food, you shall destroy and cut them down. You shall build bulwarks against the city that makes war with you, until it falls.
၂၀သို့ရာတွင် မ စား ရသော သစ်ပင် တို့ကို ခုတ်လှဲ ၍ ၊ သင် နှင့် စစ်တိုက် သော မြို့ ကို မ အောင် မှီတိုင်အောင်၊ စစ်တိုက် ရာ တန်ဆာ တို့ကို ဆောက်လုပ် ရသောအခွင့်ရှိ၏။

< Deuteronomy 20 >