< Amos 3 >

1 Hear this word that the LORD has spoken against you, children of Israel, against the whole family which I brought up out of the land of Egypt, saying:
အို ဣသ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​တစ်​မျိုး လုံး​ကို​အီ​ဂျစ်​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​နှင့်​ပတ်​သက်​၍ မိန့်​ဆို​သော​ဤ​စ​ကား​ကို​နား​ထောင်​လော့။-
2 “I have only chosen you of all the families of the earth. Therefore I will punish you for all of your sins.”
ကမ္ဘာ​တစ်​ခွင်​လုံး​ရှိ​နိုင်ငံ​တ​ကာ​တို့​အ​နက် သင် တို့​တစ်​မျိုး​တည်း​ကို​သာ​ငါ​အ​သိ​အ​မှတ် ပြု​၍​က​ရု​ဏာ​သက်​ခဲ့​၏။ ထို့​ကြောင့်​ပင်​သင် တို့​ပြု​ခဲ့​သ​မျှ​သော​အ​ပြစ်​များ​အ​တွက် သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့​မည်။
3 Do two walk together, unless they have agreed?
လူ​နှစ်​ဦး​သည်​တွေ့​ဆုံ​ရန်​မ​ချိန်း​ဆို​ဘဲ အ​တူ​ခ​ရီး​ပြု​နိုင်​မည်​လော။
4 Will a lion roar in the thicket, when he has no prey? Does a young lion cry out of his den, if he has caught nothing?
ခြင်္သေ့​သည်​သား​ကောင်​ကို​မ​တွေ့​ဘဲ​တော ထဲ​၌ အ​ကြောင်း​မဲ့​ဟောက်​နေ​မည်​လော။ ခြင်္သေ့​ပျို​သည်​ဘယ်​အ​ရာ​ကို​မျှ​မ​ဖမ်း​မိ ဘဲ မိ​မိ​ဂူ​အ​တွင်း​၌​အ​ကြောင်း​မဲ့​ကြုံး ဝါး​နေ​မည်​လော။
5 Can a bird fall in a trap on the earth, where no snare is set for him? Does a snare spring up from the ground, when there is nothing to catch?
အ​စာ​မ​ပါ​သော​ကျော့​ကွင်း​ဖြင့်​ကောင်း​ကင်​မှ ငှက်​တစ်​ကောင်​ကို​ထောင်​ဖမ်း​နိုင်​သ​လော။ တစ်​စုံ​တစ်​ရာ​ကို​ဖမ်း​မိ​သော​ကြောင့်​သာ ကျော့​ကွင်း​ပြုတ်​သွား​ရ​သည်​မ​ဟုတ်​လော။
6 Does the trumpet alarm sound in a city, without the people being afraid? Does evil happen to a city, and the LORD hasn’t done it?
မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။
7 Surely the Lord GOD will do nothing, unless he reveals his secret to his servants the prophets.
အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။
8 The lion has roared. Who will not fear? The Lord GOD has spoken. Who can but prophesy?
ခြင်္သေ့​ဟောက်​လိုက်​လျှင်​မည်​သူ​မ​ကြောက်​ဘဲ နေ​နိုင်​သ​နည်း။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​လျှင် မည် သူ​က​ဗျာ​ဒိတ်​တော်​ကို​မ​ကြွေး​ကြော်​ဘဲ နေ​နိုင်​မည်​နည်း။
9 Proclaim in the palaces at Ashdod, and in the palaces in the land of Egypt, and say, “Assemble yourselves on the mountains of Samaria, and see what unrest is in her, and what oppression is amongst them.”
အာ​ဇုတ်​နှင့်​အီ​ဂျစ်​ပြည်​ဘုံ​နန်း​များ​တွင်​စံ နေ​သူ​အ​ပေါင်း​တို့​အား ဤ​သို့​ကြေ​ငြာ​လော့။ ``ရှ​မာ​ရိ​မြို့​ပတ်​လည်​ရှိ​တောင်​များ​ပေါ်​၌ စု​ရုံး​လာ​ပြီး ထို​မြို့​ထဲ​၌​ကူး​လွန်​နေ​သော ပြစ်​မှု​များ​နှင့်​ဖြစ်​ပေါ်​နေ​သည့်​ယို​ယွင်း​မှု ကြီး​ကို​ရှု​စား​ကြ​လော့။''
10 “Indeed they don’t know to do right,” says the LORD, “Who hoard plunder and loot in their palaces.”
၁၀ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​သူ​တို့​၏ ဘုံ​နန်း​များ​ကို​မ​တ​ရား​လု​ယက်၊ အ​ကြမ်း ဖက်​ပြီး​မှ​ရ​ယူ​ခဲ့​သော​ပစ္စည်း​တို့​ဖြင့်​ပြည့် စေ​ခဲ့​ပြီ။ သူ​တို့​သည်​သစ္စာ​သ​ဘော​ကို​ပင် နား​မ​လည်​တော့​ပေ။-
11 Therefore the Lord GOD says: “An adversary will overrun the land; and he will pull down your strongholds, and your fortresses will be plundered.”
၁၁သို့​ကြောင့်​ရန်​သူ​တစ်​နိုင်​ငံ​သည်​သူ​တို့​၏ မြို့​များ​ကို​ဝိုင်း​ရံ​၍ သူ​တို့​၏​ခံ​တပ်​များ ကို​ဖြို​ခွင်း​လိုက်​မည်။ သူ​တို့​၏​ဘုံ​နန်း​များ ကို​လည်း​လု​ယက်​ဖျက်​ဆီး​လိမ့်​မည်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
12 The LORD says: “As the shepherd rescues out of the mouth of the lion two legs, or a piece of an ear, so shall the children of Israel be rescued who sit in Samaria on the corner of a couch, and on the silken cushions of a bed.”
၁၂ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​သည်​ခြင်္သေ့ စာ​ဖြစ်​သွား​သော​သိုး​တစ်​ကောင်​၏​ခြေ​နှစ် ချောင်း သို့​မ​ဟုတ်​နား​ရွက်​တစ်​ဖက်​စ​သော အ​ပိုင်း​အ​စ​များ​ကို​သာ​ကောက်​ယူ​နိုင် သ​ကဲ့​သို့ ရှ​မာ​ရိ​ပြည်​ဒ​မာ​သက်​မြို့​ရှိ ကု​တင်​မွေ့​ယာ​တို့​ပေါ်​၌ စည်း​စိမ်​ယစ်​မူး နေ​သူ​တို့​အ​နက်​လူ​အ​နည်း​ငယ်​သာ လျှင်​ကျန်​ရစ်​ပေ​မည်။-
13 “Listen, and testify against the house of Jacob,” says the Lord GOD, the God of Armies.
၁၃ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား က​ငါ​ပြော​သော​စ​ကား​ကို ယ​ခု​ပင်​နာ​ယူ ပြီး​ယာ​ကုပ်​မျိုး​နွယ်​တို့​အား​သ​တိ​ပေး ဆင့်​ဆို​လော့။-
14 “For in the day that I visit the transgressions of Israel on him, I will also visit the altars of Bethel; and the horns of the altar will be cut off, and fall to the ground.
၁၄ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​ပေး​သော​နေ့​၌ ဗေ​သ​လ​ယဇ်​ပလ္လင်​တို့ ကို​ဖျက်​ဆီး​လိုက်​မည်။ ယဇ်​ပလ္လင်​တိုင်း​၏​ထောင့် များ​၌​ရှိ​သော​ဦး​ချို​တို့​ကို​ခုတ်​လှဲ​၍​မြေ ပေါ်​သို့​ကျ​သွား​စေ​မည်။-
15 I will strike the winter house with the summer house; and the houses of ivory will perish, and the great houses will have an end,” says the LORD.
၁၅ငါ​သည်​သူ​တို့​ဇိမ်​ခံ​ရာ​နွေ​ရာ​သီ​ဂေ​ဟာ​နှင့် ဆောင်း​ရာ​သီ​အိမ်​တော်​များ​ကို​ဖျက်​ပစ်​မည်။ ဆင်​စွယ်​ဖြင့်​မွန်း​မံ​သော​အိမ်​ရာ​များ​ပြို​လဲ ကြ​၍ မ​ဟာ​ဂေ​ဟာ​မှန်​သ​မျှ​ပျက်​စီး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

< Amos 3 >