< 1 Chronicles 1 >

1 Adam, Seth, Enosh,
အာ​ဒံ​၏​သား​သည်​ရှေ​သ၊ ရှေ​သ​၏​သား​မှာ ဧ​နုတ်၊ ဧ​နုတ်​၏​သား​ကား​ကာ​ဣ​နန်​ဖြစ်​၏။-
2 Kenan, Mahalalel, Jared,
ကာ​ဣ​နန်​၏​သား​သည်​မ​ဟာ​လေ​လ၊ မ​ဟာ လေ​လ​၏​သား​ကား​ယာ​ရက်​တည်း။-
3 Enoch, Methuselah, Lamech,
ယာ​ရက်​၏​သား​သည်​ဧ​နောက်၊ ဧ​နောက်​၏​သား မှာ​မ​သု​ရှ​လ၊ မ​သု​ရှ​လ​၏​သား​ကား​လာ​မက် ဖြစ်​၏။-
4 Noah, Shem, Ham, and Japheth.
လာ​မက်​၏​သား​သည်​နော​ဧ​ဖြစ်​၍​နော​ဧ​တွင် ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။
5 The sons of Japheth: Gomer, Magog, Madai, Javan, Tubal, Meshech, and Tiras.
ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှ​က​နှင့်​တိ ရတ်​တို့​သည်​မိ​မိ​တို့​နာ​မည်​အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏​ဘိုး​ဘေး များ​ဖြစ်​ကြ​၏။-
6 The sons of Gomer: Ashkenaz, Diphath, and Togarmah.
ဂေါ​မာ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​အာ​ရှ ကေ​နတ်၊ ရိ​ဖတ်​နှင့်​တော​ဂါ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။-
7 The sons of Javan: Elishah, Tarshish, Kittim, and Rodanim.
ယာ​ဝန်​မှ​ဆင်း​သက်​လာ​သူ​များ​သည်​ဧ​လိ​ရှာ၊ တာ​ရှု၊ ကိတ္တိမ်​နှင့်​ဒေါ​ဒါ​နိမ်​အ​မျိုး​သား​များ ဖြစ်​ကြ​၏။
8 The sons of Ham: Cush, Mizraim, Put, and Canaan.
ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လိ​ဘိ​ယ​နှင့်​ခါ​နာန်​တို့​သည်​မိ​မိ​တို့​၏​နာ​မည် အ​သီး​သီး​ကို ဆောင်​ကုန်​သော​အ​မျိုး​သား တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။-
9 The sons of Cush: Seba, Havilah, Sabta, Raama, Sabteca. The sons of Raamah: Sheba and Dedan.
ကု​ရှ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​သေ​ဘ၊ ဟ​ဝိ​လ၊ သာ​ဗ​တ၊ ရာ​ဂ​မ​နှင့်​သတ္တေ​ခါ အ​မျိုး​သား​များ​ဖြစ်​ပေ​သည်။ ရာ​ဂ​မ​မှ ဆင်း​သက်​လာ​သူ​များ​သည်​ရှေ​ဘ​နှင့် ဒေ​ဒန်​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။-
10 Cush became the father of Nimrod. He began to be a mighty one in the earth.
၁၀(ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သော​သား​တစ် ယောက်​ရှိ​၏။ သူ​သည်​ကမ္ဘာ​ပေါ်​တွင်​ပ​ထ​မ အ​ဦး​ဆုံး​လူ​စွမ်း​ကောင်း​ဖြစ်​လာ​၏။-)
11 Mizraim became the father of Ludim, Anamim, Lehabim, Naphtuhim,
၁၁အီ​ဂျစ်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​လု​ဒိန်၊ အာ​န​မိမ်၊ လ​ဟာ​ဗိမ်၊ နတ္တု​ဟိမ်၊-
12 Pathrusim, Casluhim (where the Philistines came from), and Caphtorim.
၁၂ပါ​သ​ရု​သိမ်၊ ကာ​သ​လု​ဟိမ်​နှင့်​ကတ္တော​ရိမ် အ​မျိုး​သား​များ​တည်း။ (ကတ္တော​ရိမ်​အ​မျိုး သား​များ​မှ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဆင်း သက်​ပေါက်​ပွား​လာ​ကြ​ပေ​သည်။-)
13 Canaan became the father of Sidon his firstborn, Heth,
၁၃ခါ​နာန်​၏​သား​အ​ကြီး​ဇိ​ဒုန်​နှင့်​သား​ငယ် ဟေ​သ​တို့​မှ​ဆင်း​သက်​လာ​သူ​များ​မှာ မိ​မိ တို့​၏​အ​မည်​နာ​မ​အ​သီး​သီး​ကို​ဆောင် ကုန်​သော​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။-
14 the Jebusite, the Amorite, the Girgashite,
၁၄ခါ​နာန်​သည်​ယေ​ဗု​သိ၊ အာ​မော​ရိ၊ ဂိ​ရ​ဂါ​ရှိ၊- ဟိ​ဝိ၊ အာ​ကိ၊ သိ​နိ၊- အာ​ဝ​ဒိ၊ ဇေ​မ​ရိ​နှင့်​ဟာ​မ​သိ အ​မျိုး​သား​များ​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
15 the Hivite, the Arkite, the Sinite,
၁၅
16 the Arvadite, the Zemarite, and the Hamathite.
၁၆
17 The sons of Shem: Elam, Asshur, Arpachshad, Lud, Aram, Uz, Hul, Gether, and Meshech.
၁၇ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော ဧ​လံ၊ အာ​ရှု၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ နှင့်​မာ​ရှ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​အ​သီး သီး​ကို​ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏ ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။-
18 Arpachshad became the father of Shelah, and Shelah became the father of Eber.
၁၈အာ​ဖာ​ဇဒ်​၏​သား​သည် ရှာ​လ၊ ရှာ​လ​၏​သား မှာ​ဟေ​ဗာ​ဖြစ်​၏။-
19 To Eber were born two sons: the name of the one was Peleg, for in his days the earth was divided; and his brother’s name was Joktan.
၁၉ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည် ဖာ​လက်​ဟု​နာ​မည်​တွင်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​၏​လက်​ထက်​တွင် ကမ္ဘာ​ပေါ်​ရှိ​လူ​တို့ သည်​ကွဲ​သွား​ကြ​သော​ကြောင့်​ဖြစ်​၏။ အ​ခြား သား​တစ်​ယောက်​သည်​ယုတ္တန်​ဟု​နာ​မည်​တွင်​၏။-
20 Joktan became the father of Almodad, Sheleph, Hazarmaveth, Jerah,
၂၀ယုတ္တန်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ အာ​လ မော​ဒန်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊-
21 Hadoram, Uzal, Diklah,
၂၁ဟ​ဒေါ​ရံ၊ ဥ​ဇာ​လ၊ ဒိ​က​လ၊
22 Ebal, Abimael, Sheba,
၂၂သြ​ဗာ​လ၊ အ​ဘိ​မေ​လ၊ ရှေ​ဘ၊ သြ​ဖိ​ရ၊ ဟ​ဝိ​လ​နှင့်​ယော​ဗပ်​အ​မျိုး​သား​များ​ဖြစ် သ​တည်း။
23 Ophir, Havilah, and Jobab. All these were the sons of Joktan.
၂၃
24 Shem, Arpachshad, Shelah,
၂၄ရှေ​မ​မှ​အာ​ဗြ​ဟံ​အ​ထိ​ဆွေ​စဉ်​မျိုး​ဆက် များ​မှာ ရှေ​မ၊ အာ​ဖာ​ဇဒ်၊ ရှာ​လ၊-
25 Eber, Peleg, Reu,
၂၅ဟေ​ဗာ၊ ဖာ​လက်၊ ရာ​ဂေါ၊- စေ​ရောက်၊ နာ​ခေါ်၊ တေ​ရ နှင့်၊-အာ​ဗြ​ဟံ​ဟု​လည်း​နာ​မည်​တွင်​သော​အာ​ဗြံ တို့​ဖြစ်​ကြ​၏။
26 Serug, Nahor, Terah,
၂၆
27 Abram (also called Abraham).
၂၇
28 The sons of Abraham: Isaac and Ishmael.
၂၈အာ​ဗြ​ဟံ​တွင်​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ​ဟူ​၍ သား​နှစ်​ယောက်​ရှိ​၏။-
29 These are their generations: the firstborn of Ishmael, Nebaioth; then Kedar, Adbeel, Mibsam,
၂၉ဣ​ရှ​မေ​လ​မှ​ဆင်း​သက်​လာ​သူ​များ​သည် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ ဖြစ်​လာ​ကြ​၏။ ထို​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နာ မည်​များ​မှာ (ဣ​ရှ​မေ​လ​၏​သား​ဦး​ကို အ​စွဲ ပြု​၍​မှည့်​ခေါ်​သည်) န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ ဗေ​လ၊ မိ​ဗ​သံ၊-
30 Mishma, Dumah, Massa, Hadad, Tema,
၃၀မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊ ဟာ​ဒါ၊ တေ​မ၊-
31 Jetur, Naphish, and Kedemah. These are the sons of Ishmael.
၃၁ယေ​တု​ရ၊ နာ​ဖိ​ရှ၊ ကေ​ဒ​မာ​ဟူ​၍​ဖြစ်​သ​တည်း။
32 The sons of Keturah, Abraham’s concubine: she bore Zimran, Jokshan, Medan, Midian, Ishbak, and Shuah. The sons of Jokshan: Sheba and Dedan.
၃၂အာ​ဗြ​ဟံ​၏​မ​ယား​နှောင်း​နာ​မည်​မှာ​ကေ​တု​ရ ဖြစ်​၏။ သူ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဘတ်​နှင့်​ရှု​အာ​ဟူ​သော​သား​ခြောက်​ယောက် ကို​ဖွား​မြင်​လေ​သည်။ ယုတ်​ရှန်​တွင်​ရှာ​ဘ​နှင့် ဒေ​ဒန်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-
33 The sons of Midian: Ephah, Epher, Hanoch, Abida, and Eldaah. All these were the sons of Keturah.
၃၃မိ​ဒျန်​တွင်​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ နှင့်​ဧ​လ​ဒါ​ဟူ​သော​သား​ငါး​ယောက်​ရှိ​၏။
34 Abraham became the father of Isaac. The sons of Isaac: Esau and Israel.
၃၄အာ​ဗြ​ဟံ​၏​သား​ဣ​ဇာက်​တွင် ဧ​သော​နှင့် ယာ​ကုပ်​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။-
35 The sons of Esau: Eliphaz, Reuel, Jeush, Jalam, and Korah.
၃၅ဧ​သော​၏​သား​များ​ကား ဧ​လိ​ဖတ်၊ ရွေ​လ၊ ယု​ရှ၊ ယာ​လံ၊ နှင့်​ကော​ရ​ဖြစ်​၏။-
36 The sons of Eliphaz: Teman, Omar, Zephi, Gatam, Kenaz, Timna, and Amalek.
၃၆ဧ​လိ​ဖတ်​သည် တေ​မန်၊ သြ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်၊ တိ​မ​န​နှင့်​အာ​မ​လက်​အ​နွယ်​တို့​၏ ဘိုး​ဘေး​ဖြစ်​လာ​၏။-
37 The sons of Reuel: Nahath, Zerah, Shammah, and Mizzah.
၃၇ရွေ​လ​သည်​လည်း၊ နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ အ​နွယ်​တို့​၏​ဘိုး​ဘေး​ဖြစ်​လာ​၏။
38 The sons of Seir: Lotan, Shobal, Zibeon, Anah, Dishon, Ezer, and Dishan.
၃၈ဧ​ဒုံ​ပြည်​တွင်​မူ​လ​နေ​ထိုင်​ကြ​သူ​များ​သည် အောက်​ဖော်​ပြ​ပါ​စိ​ရ​၏​သား​များ​ဖြစ်​ကြ သော​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​မှ​ဆင်း​သက်​လာ​သူ​များ ဖြစ်​ပေ​သည်။ လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​သား​ချင်း​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။ (လော​တန်​တွင်​တိ​မ​န​နာ​မည် တွင်​သော​နှ​မ​တစ်​ယောက်​ရှိ​၏။) ရှော​ဗ​လ​သည် အာ​လာ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗာ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဇိ​ဘောင်​မှာ​အာ​ယ​နှင့်​အာ​န​နာ​မည်​တွင်​သော သား​နှစ်​ယောက်​ရှိ​၏။ အာ​န​၏​သား​သည်​ဒိ​ရှုန်​ဖြစ်​၏။ ဒိ​ရှုန်​သည် ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​သား ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။
39 The sons of Lotan: Hori and Homam; and Timna was Lotan’s sister.
၃၉
40 The sons of Shobal: Alian, Manahath, Ebal, Shephi, and Onam. The sons of Zibeon: Aiah and Anah.
၄၀
41 The son of Anah: Dishon. The sons of Dishon: Hamran, Eshban, Ithran, and Cheran.
၄၁
42 The sons of Ezer: Bilhan, Zaavan, and Jaakan. The sons of Dishan: Uz and Aran.
၄၂
43 Now these are the kings who reigned in the land of Edom, before any king reigned over the children of Israel: Bela the son of Beor; and the name of his city was Dinhabah.
၄၃ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ် ပေါက်​မီ​ကာ​လ​၌ ဧ​ဒုံ​ပြည်​ကို​အောက်​ပါ​ဘု​ရင် များ​အုပ်​စိုး​ကြ​လေ​သည်။ ဗော​ရ​၏​သား​ဖြစ်​သူ၊ဒိန္နာ​ဗာ​မြို့​သား​ဗေ​လ၊ ဇေ​ရ​၏​သား​ဖြစ်​သူ၊ဗော​ဇ​ရ​အ​ရပ်​သား​ယော​ဗပ်၊ တေ​မာ​နိ​အ​ရပ်​သား​ဟု​ရှံ၊ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ်၊ သူ​၏​မြို့​မှာ​အာ​ဗိတ်​မြို့​ဖြစ်​သည်။ (သူ​သည်​မော​ဘ​လွင်​ပြင်​တိုက်​ပွဲ​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခဲ့​သည်။) မာ​သ​ရက်​အ​ရပ်​သား​စာ​မ​လ၊ရ​ဟော​ဘုတ် မြစ်​အ​နီး​မှ​ရှော​လ၊ အာ​ခ​ဗော်​၏​သား​ဗာ​လ​ဟာ​နန်၊ပေါ​မြို့​မှ​ဟာ​ဒါ၊ (သူ​၏​မိ​ဖု​ရား​ကား​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။ မ​ဟေ​တ​ဗေ​လ​သည်​မာတ​ရေ​ဒ​၏​သ​မီး၊ မေ​ဇ​ဟပ်​၏​မြေး​ဖြစ်​သ​တည်း။)
44 Bela died, and Jobab the son of Zerah of Bozrah reigned in his place.
၄၄
45 Jobab died, and Husham of the land of the Temanites reigned in his place.
၄၅
46 Husham died, and Hadad the son of Bedad, who struck Midian in the field of Moab, reigned in his place; and the name of his city was Avith.
၄၆
47 Hadad died, and Samlah of Masrekah reigned in his place.
၄၇
48 Samlah died, and Shaul of Rehoboth by the River reigned in his place.
၄၈
49 Shaul died, and Baal Hanan the son of Achbor reigned in his place.
၄၉
50 Baal Hanan died, and Hadad reigned in his place; and the name of his city was Pai. His wife’s name was Mehetabel, the daughter of Matred, the daughter of Mezahab.
၅၀
51 Then Hadad died. The chiefs of Edom were: chief Timna, chief Aliah, chief Jetheth,
၅၁ဧ​ဒုံ​ပြည်​သူ​များ​တွင်​ပါ​ဝင်​ကြ​သော​အ​နွယ် များ​မှာ တိ​မ​နာ၊ အာ​လ​ဝ၊ ယေ​သက်၊-
52 chief Oholibamah, chief Elah, chief Pinon,
၅၂အ​ဟော​လိ​ဗာ​မ၊ ဧ​လာ၊ ပိ​နုန်၊- ကေ​နတ်၊ တေ​မန်၊ မိ​ဗ​ဇ၊-မာ​ဂ​ဒေ​လ​နှင့်​ဣ​ရံ​တို့​ဖြစ်​သ​တည်း။
53 chief Kenaz, chief Teman, chief Mibzar,
၅၃
54 chief Magdiel, and chief Iram. These are the chiefs of Edom.
၅၄

< 1 Chronicles 1 >