< Matthew 19 >

1 When Jesus had finished these discourses, He removed from Galilee and came into that part of Judaea which lay beyond the Jordan.
ထို ဒေသနာ တော်ကို ယေရှု သည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှ ပြောင်း၍ ယုဒ ပြည် စွန်း ၊ ယော်ဒန် မြစ်တစ်ဘက် သို့ ကြွ တော်မူ၏။
2 And a vast multitude followed him, and He cured them there.
လူ များအပေါင်း တို့သည် နောက် တော်သို့လိုက်ကြသည်ဖြစ်၍ ၊ ထို အရပ်၌ အနာ ရောဂါများကို ငြိမ်း စေ တော်မူ၏။
3 Then came some of the Pharisees to Him to put Him to the proof by the question, "Has a man a right to divorce his wife whenever he chooses?"
ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
4 "Have you not read," He replied, "that He who made them 'made them' from the beginning 'male and female,
ကိုယ်တော် က၊ အစအဦး ၌ ဖန်ဆင်း တော်မူသောသူ သည် ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။
5 and said, For this reason a man shall leave his father and mother and be united to his wife, and the two shall be one'?
ထို အကြောင်း ကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်းဖြစ် ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဘတ်ဘူးသလော။
6 Thus they are no longer two, but 'one'! What therefore God has joined together, let not man separate."
ထို့ကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ်တစ်ဦးတည်း ဖြစ် ၏။ ဘုရားသခင် ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့် ဟု မိန့် တော်မူ၏။
7 "Why then," said they, "did Moses command the husband to give her 'a written notice of divorce,' and so put her away?"
ဖာရိရှဲတို့ကလည်း၊ ထိုသို့ မှန်လျှင်ဖြတ်စာ ကိုပေး ၍ မယား နှင့် ကွာ စေခြင်းငှာမောရှေ သည် အဘယ်ကြောင့် စီရင် သနည်းဟု လျှောက် ကြသော်၊
8 "Moses," He replied, "in consideration of the hardness of your nature permitted you to put away your wives, but it has not been so from the beginning.
ကိုယ်တော်က၊ သင် တို့စိတ် နှလုံးခိုင်မာသောကြောင့် မယား နှင့်ကွာ ရသောအခွင့် ကို မောရှေ သည် စီရင် ၏။အစအဦး ၌ ထိုသို့ မ ဟုတ်။
9 And I tell you that whoever divorces his wife for any reason except her unfaithfulness, and marries another woman, commits adultery."
ငါပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်းမှတပါး အခြား သောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက် သောသူ သည် မိမိမယားကိုပြစ်မှား ၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့ မယား ကို ပြစ်မှားသည် ဟုမိန့်တော်မူ၏။
10 "If this is the case with a man in relation to his wife," said the disciples to Him, "it is better not to marry."
၁၀တပည့် တော်တို့ကလည်း၊ လင် မယား အမှု သည် ဤသို့ ဖြစ် လျှင် စုံဘက် ခြင်းကိုမ ပြုကောင်း ပါဟု လျှောက် ကြ၏။
11 "It is not every man," He replied, "who can receive this teaching, but only those on whom the grace has been bestowed.
၁၁ကိုယ်တော် ကလည်း ၊ ထို စကား ကို လူ တိုင်းမ ခံ မယူနိုင်။ အခွင့်ရ သောသူ တို့သာ ခံယူနိုင်ကြ၏။
12 There are men who from their birth have been disabled from marriage, others who have been so disabled by men, and others who have disabled themselves for the sake of the Kingdom of the Heavens. He who is able to receive this, let him receive it."
၁၂လူအချို့တို့သည် အမိ ဝမ်း တွင်းကပင် မိန်းမလျှာ ဖြစ် ကြ၏။ အချို့တို့သည် သူတစ်ပါး ဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင် နိုင်ငံ တော်အဘို့ အလို့ငှာမိမိ ကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူ နိုင် သောသူ သည် ခံယူ စေ ဟုမိန့် တော်မူ၏။
13 Then young children were brought to Him for Him to put His hands on them and pray; but the disciples interfered.
၁၃ထိုအခါ သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ၍ မေတ္တာပို့ တော်မူစေခြင်းငှာအထံ တော်သို့ဆောင်ခဲ့ သည်ဖြစ်၍တပည့် တော်တို့သည် အပြစ်တင် ကြ၏။
14 Jesus however said, "Let the little children come to me, and do not hinder them; for it is to those who are childlike that the Kingdom of the Heavens belongs."
၁၄ယေရှု ကလည်း ၊ ထိုသူငယ် တို့ကို ရှိစေတော့။ ငါ့ ထံသို့ လာ သည်ကို မ ဆီးတား ကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် သည် ဟု မိန့် တော်မူ၍၊
15 So He laid His hands upon them and went away.
၁၅သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ပြီးလျှင် ၊ ထို အရပ်မှ ကြွသွား တော်မူ၏။
16 "Teacher," said one man, coming up to Him, "what that is good shall I do in order to win the Life of the Ages?" (aiōnios g166)
၁၆ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊ (aiōnios g166)
17 "Why do you ask me," He replied, "about what is good? There is only One who is truly good. But if you desire to enter into Life, keep the Commandments."
၁၇ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင်တစ်ပါးတည်း သာကောင်းမြတ် တော်မူ၏။ အသက် ရှင်ခြင်းသို့ ဝင်စား လို လျှင် ပညတ် တော်တို့ကို စောင့်ရှောက် လော့ ဟု မိန့် တော်မူ၏။
18 "Which Commandments?" he asked. Jesus answered, "'Thou shalt not kill;' 'Thou shalt not commit adultery;' 'Thou shalt not steal;' 'Thou shalt not lie in giving evidence;'
၁၈အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် ၊ လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။
19 'Honour thy father and thy mother'; and 'Thou shalt love thy fellow man as much as thyself.'"
၁၉မိဘ ကိုရိုသေ စွာပြုလော့။ ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ ဟု မိန့် တော်မူ၏။
20 "All of these," said the young man, "I have carefully kept. What do I still lack?"
၂၀ထိုလုလင် ကလည်း၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည်ငယ် သောအရွယ်မှစ၍စောင့်ရှောက် ပါပြီ။ အဘယ် အကျင့်လို သေး သနည်းဟု လျှောက် ပြန်လေ၏။
21 "If you desire to be perfect," replied Jesus, "go and sell all that you have, and give to the poor, and you shall have wealth in Heaven; and come, follow me."
၂၁ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
22 On hearing those words the young man went away much cast down; for he had much property.
၂၂ထိုလုလင် သည် များစွာ သောဥစ္စာ ကို ရ တတ်သောသူဖြစ် ၍၊ ထိုစကား ကိုကြား လျှင် စိတ်မသာ သည်နှင့် သွား လေ၏။
23 So Jesus said to His disciples, "I solemnly tell you that it is with difficulty that a rich man will enter the Kingdom of the Heavens.
၂၃ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ငွေရတတ် သောသူသည် ကောင်းကင် နိုင်ငံ တော်သို့ ဝင် ခဲ လှ ၏။
24 Yes, I tell you, it is easier for a camel to go through the eye of a needle than for a rich man to enter the Kingdom of God."
၂၄တစ်ဖန် ငါဆို သည်ကား၊ ကုလားအုပ် သည် အပ် နဖားကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု တပည့် တော်တို့အားမိန့် တော်မူ၏။
25 These words utterly amazed the disciples, and they asked, "Who then can be saved?"
၂၅ထိုသူတို့သည်ကြား လျှင် အလွန် မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
26 Jesus looked at them and said, "With men this is impossible, but with God everything is possible."
၂၆ယေရှု သည်လည်း သူ တို့ကိုကြည့်ရှု ၍ ဤအမှု ကိုလူ မ တတ်နိုင်။ သို့သော်လည်း ဘုရားသခင် သည် ခပ်သိမ်း သော အမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
27 Then Peter said to Jesus, "See, we have forsaken everything and followed you; what then will be our reward?"
၂၇ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရ ကြပါမည်နည်းဟု လျှောက် လေသော်၊
28 "I solemnly tell you," replied Jesus, "that in the New Creation, when the Son of Man has taken His seat on His glorious throne, all of you who have followed me shall also sit on twelve thrones and judge the twelve tribes of Israel.
၂၈ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။
29 And whoever has forsaken houses, or brothers or sisters, or father or mother, or children or lands, for my sake, shall receive many times as much and shall have as his inheritance the Life of the Ages. (aiōnios g166)
၂၉အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ၍ ထာဝရ အသက် ကို အမွေ ခံရလတံ့။ (aiōnios g166)
30 "But many who are now first will be last, and many who are now last will be first.
၃၀နောက်ကျ သောသူအများ တို့သည် အရင် ကျကြလိမ့်မည် ။ အရင် ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။

< Matthew 19 >