< Acts 28 >

1 Our lives having been thus preserved, we discovered that the island was called Malta.
ကုန်းပေါ်သို့ရောက်သောအခါ၊ ထိုကျွန်း ကား မေလိတေ ကျွန်းဖြစ် သည်ကို သိ ကြ၏။
2 The strange-speaking natives showed us remarkable kindness, for they lighted a fire and made us all welcome because of the pelting rain and the cold.
မိုဃ်းရွာ ၍ ချမ်း သောကြောင့် လူရိုင်း တို့သည် မီး မွေးပြီးလျှင်၊ ငါ တို့အပေါင်း ကို လက်ခံ ၍ အထူးသဖြင့်ကျေးဇူး ပြုကြ၏။
3 Now, when Paul had gathered a bundle of sticks and had thrown them on the fire, a viper, driven by the heat, came out and fastened itself on his hand.
ပေါလု သည် ထင်း ကိုစုသိမ်း ၍ မီး ပေါ်မှာ ထည့် စဉ်တွင်၊ မြွေဆိုး သည်မီး ငွေ့ထဲက ထွက် ၍ ပေါလု ၏ လက် ကို တွယ် လျက်နေ၏။
4 When the natives saw the creature hanging to his hand, they said to one another, "Beyond doubt this man is a murderer, for, though saved from the sea, unerring Justice does not permit him to live."
ထိုလူရိုင်း တို့သည်မြင် လျှင်၊ ဤ လူ ကား၊ လူ အသက်ကို သတ်သောသူ အမှန် ဖြစ် ၏။ ပင်လယ် ဘေးမှ လွတ် သော်လည်း၊ အသက် ရှင်စေခြင်းငှာတရား သည် အခွင့် မ ပေးဟု အချင်းချင်း ဆို ကြ၏။
5 He, however, shook the reptile off into the fire and was unhurt.
ပေါလုသည်မြွေ ကိုမီး ထဲသို့ ခါချ ၍ အဘယ် ဘေး မျှမသင့် ။
6 They expected him soon to swell with inflammation or suddenly fall down dead; but, after waiting a long time and seeing no harm come to him, they changed their minds and said that he was a god.
သူသည်တစ်ကိုယ်လုံးရောင် မည်၊ တခဏခြင်း တွင်လဲ ၍သေ မည်ဟု ထိုသူ တို့သည်ကြာမြင့် စွာ ငံ့လင့် သော်လည်း၊ သူ ၌မကောင်းသော အပြစ် တစ်စုံတစ်ခုကိုမျှ မ မြင် လျှင် သဘော ပြောင်းလဲ၍ ဤသူ ကားနတ် ဘုရား ဖြစ် သည်ဟု ဆို ကြ၏။
7 Now in the same part of the island there were estates belonging to the Governor, whose name was Publius. He welcomed us to his house, and for three days generously made us his guests.
ထို အရပ် နှင့်မ နီးမဝေးပုဗလိ အမည် ရှိသောကျွန်း သူကြီး ၏ နေရာ ရှိ ၏။ ထို သူကြီးသည် ငါ တို့ကိုလက်ခံ ၍၊ သုံး ရက် ပတ်လုံးကောင်းမွန်စွာ လုပ်ကျွေး ပြုစုလေ၏။
8 It happened, however, that his father was lying ill of dysentery aggravated by attacks of fever; so Paul went to see him, and, after praying, laid his hands on him and cured him.
ပုဗလိ မင်း၏အဘ သည်ဖျားနာ နှင့် ဝမ်းကျသွေးသွန်နာ စွဲ ၍၊ တုံးလုံး နေသည်ကို ပေါလု ဝင် ၍ ဆုတောင်း ပြီးမှ၊ သူ့ အပေါ်၌ လက် တင် ၍ အနာ ကို ငြိမ်းစေ၏။
9 After this, all the other sick people in the island came and were cured.
ဤသို့ ပြု သောကြောင့်၊ ထိုကျွန်း ၌ အနာ ရောဂါစွဲ သောအခြား သူရှိသမျှတို့သည် လာ ၍ ချမ်းသာ ခြင်းကို ရကြ၏။
10 They also loaded us with honours, and when at last we sailed they put supplies on board for us.
၁၀ထိုသူ တို့သည် များစွာ သော လက်ဆောင် တို့ကို ပေး ၍ ၊ ငါ တို့သည် လွှင့်ပြန်သောအခါ ၊ ရိက္ခာ များကို လည်း သင်္ဘောပေါ်သို့တင် ကြ၏။
11 Three months passed before we set sail in an Alexandrian vessel, called the 'Twin Brothers,' which had wintered at the island.
၁၁သုံး လ လွန် လျှင်၊ နတ်သား အမြွာတို့၏ ရုပ်တု ပါသော ထိုကျွန်း ၌ ဆောင်း ကာလပတ်လုံးနေခဲ့ဘူးသော အာလေဇန္ဒြိ သင်္ဘော ကိုငါတို့သည် စီး ပြန်၍၊
12 At Syracuse we put in and stayed for two days.
၁၂သုရကုတ် မြို့သို့ ဆိုက် လျှင် သုံး ရက် နေ ကြ၏။
13 From there we came round and reached Rhegium; and a day later, a south wind sprang up which brought us by the evening of the next day to Puteoli.
၁၃ထိုမြို့မှ လွှင့်ပြန်၍ ဝိုက် သွားသဖြင့်၊ ရေဂျုန် မြို့ သို့ ရောက် ၍ တစ် ရက် နေပြီးမှ တောင် လေလာ သောကြောင့်၊ နှစ် ရက်တွင်ပေါတယောလိ မြို့သို့ ရောက် ကြ၏။
14 Here we found brethren, who invited us to remain with them for a week; and so we reached Rome.
၁၄ထိုမြို့၌ ညီအစ်ကို အချို့တို့ကိုတွေ့ ၍ ခုနစ် ရက် နေ ကြပါဟု သူ တို့သည်တောင်းပန် သည် အတိုင်းနေပြီးမှ၊ ရောမ မြို့သို့ ခရီးသွား ကြ၏။
15 Meanwhile the brethren there, hearing of our movements, came as far as the Market of Appius and the Three Huts to meet us; and when Paul saw them he thanked God and felt encouraged.
၁၅ရောမမြို့သားညီအစ်ကို တို့သည် ငါ တို့လာကြောင်း ကို ကြားသိ လျှင်၊ ခရီးဦးကြိုပြု အံ့သောငှာ အချို့တို့ သည် အပ္ပိ ဈေး တိုင်အောင် ၎င်း ၊ အချို့တို့သည် သုံး စရပ် တိုင်အောင်၎င်းလာ ကြ၏။ ပေါလု သည် ထိုသူ တို့ကို မြင် လျှင်၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်း၍ စိတ်သက်သာ ခြင်းသို့ ရောက်လေ၏။
16 Upon our arrival in Rome, Paul received permission to live by himself, guarded by a soldier.
၁၆ရောမ မြို့သို့ ရောက် ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလု သည်မိမိ ကိုစောင့် သောစစ်သူရဲ တစ်ယောက်နှင့်အတူ မိမိ အလိုအလျောက်နေ ရသော အခွင့် ကိုရ၏။
17 After one complete day he invited the leading men among the Jews to meet him; and, when they were come together, he said to them, "As for me, brethren, although I had done nothing prejudicial to our people or contrary to the customs of our forefathers, I was handed over as a prisoner from Jerusalem into the power of the Romans.
၁၇သုံးရက် လွန် သောအခါ ၊ ပေါလု သည် ယုဒ လူ အကြီးအကဲ တို့ကို ခေါ် ၍စုဝေးစေပြီးလျှင်၊ ညီအစ်ကို တို့၊ အကျွန်ုပ် သည်ယုဒလူမျိုး ကို မ ပြစ်မှား ၊ မိ စဉ်ဘဆက်ကျင့်သောထုံးတမ်း ကို မပယ်သောသူဖြစ် လျက်ပင်၊ ယေရုရှလင် မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်း ထား၍ ရောမ လူတို့ လက် သို့ အပ်လိုက် ကြ၏။
18 They, after they had sharply questioned me, were willing to set me at liberty, because they found no offence in me for which I deserve to die.
၁၈ရောမလူ တို့သည် အကျွန်ုပ် ကိုစစ်ကြော ပြီးမှ၊ သေ ထိုက်သော အပြစ် တစ်စုံတစ်ခု ကိုမျှ မတွေ့ သဖြင့် လွှတ် ခြင်းငှာအလိုရှိ ကြ၏။
19 But, at last, the opposition of the Jews compelled me to appeal to Caesar; not however that I had any charge to bring against my nation.
၁၉ထိုအလိုကိုယုဒ လူတို့သည် ဆီးတား သောအခါ ၊ ကဲသာ ဘုရင်၏ အယူ တော်ခံပါမည်ဟုအကျွန်ုပ်ဆို ရ၏။ ထိုသို့ဆိုသော်အမျိုးသား ချင်းတို့ကို အပြစ်တင် စရာ တစ်စုံတစ်ခုရှိ သောကြောင့်ဆိုသည်မ ဟုတ်။ ထိုကြောင့် သင် တို့ကိုမြင် ၍ နှုတ်ဆက် ခြင်းငှာအကျွန်ုပ်ခေါ် ပါပြီ။
20 For these reasons, then, I have invited you here, that I might see you and speak to you; for it is for the sake of Him who is the hope of Israel that this chain hangs upon me."
၂၀ဣသရေလ အမျိုး၏မြော်လင့် ရာအတွက် ကြောင့်၊ အကျွန်ုပ်သည် ဤ သံကြိုး နှင့်ချည်နှောင် ခြင်းကို ခံရပါ၏ဟု ပြောဆို လျှင်၊
21 "For our part," they replied, "we have not received any letters from Judaea about you, nor have any of our countrymen come here and reported or stated anything to your disadvantage.
၂၁ထိုသူတို့က၊ သင် ၏အကြောင်း ကို ကြားလိုက်သောစာ ကို ယုဒ ပြည်မှ အကျွန်ုပ် တို့မ ရ ကြ။ ထိုပြည်မှ လာ သော ညီအစ်ကို တို့တွင် အဘယ်သူ မျှ သင် ၌ အပြစ် ရှိကြောင်း ကို မ ကြား မပြောပါ။
22 But we should be glad to hear from you what it is that you believe; for as for this sect all we know is that it is everywhere spoken against."
၂၂သို့သော်လည်းဤ ဘာသာ သည် အရပ်ရပ် တို့၌ ကဲ့ရဲ့ အပြစ်တင်ခြင်းကို ခံရသော ဘာသာဖြစ် သည်ကို အကျွန်ုပ် တို့သိ ကြသည်ဖြစ်၍သင်၏အယူဝါဒ ကို သင် သည် ကိုယ်တိုင် ဖေါ်ပြသောစကား ကို အကျွန်ုပ်တို့သည် နားထောင်သင့် သည်ထင်ပါ၏ဟု ဆိုကြလျှင်၊
23 So they arranged a day with him and came to him in considerable numbers at the house of the friends who were entertaining him. And then, with solemn earnestness, he explained to them the subject of the Kingdom of God, endeavouring from morning till evening to convince them about Jesus, both from the Law of Moses and from the Prophets.
၂၃နေ့ရက် ကိုချိန်းချက် ၍ လူများ တို့သည်ပေါလု တည်းခို ရာ အရပ်သို့ လာ ကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင် နိုင်ငံ တော် အကြောင်းကိုသက်သေခံ သဖြင့်၎င်း၊ ထိုသူ တို့သည် ယေရှု ၏အကြောင်း များကို ယုံကြည်စေခြင်းငှာ၊ မောရှေ ၏ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့ကို အမှီပြု ၍ ဖြားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက် အချိန်မှစ၍ ည အချိန်တိုင်အောင် ထုတ်ဖေါ် ဟောပြောလေ၏။
24 Some were convinced; others refused to believe.
၂၄အချို့ တို့သည် ပေါလု ၏စကားကို ယုံ ကြ၏။ အချို့ တို့သည် မ ယုံဘဲနေကြ၏။
25 Unable to agree among themselves, they at last left him, but not before Paul had spoken a parting word to them, saying, "Right well did the Holy Spirit say to your forefathers through the Prophet Isaiah:
၂၅ထိုသို့ အချင်းချင်း သဘော ကွဲပြား၍ သွား ကြ၏။ သွားကြစဉ်တွင် ပေါလု သည် စကား တစ် ခွန်းကို ပြော လိုက် သည်မှာ၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ပရောဖက် ဟေရှာယ အားဖြင့် မိန့် တော်မူချက်ဟူမူကား၊
26 "'Go to this people and tell them, you will hear and hear, and by no means understand; and will look and look, and by no means see.
၂၆သင်တို့သည် ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲ မြင် ကြလိမ့်မည်ဟု ထို လူမျိုး ရှိရာသို့ သွား ၍ပြော လော့။
27 For this people's mind has grown callous, their hearing has become dull, and their eyes they have closed; to prevent their ever seeing with their eyes, or hearing with their ears, or understanding with their minds, and turning back, so that I might cure them.'
၂၇အကြောင်းမူကား ၊ သူတို့မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့် မပြောင်းလဲသူ တို့အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်သူတို့၏ စိတ် နှလုံးသည် မိုက် လျက်၊ နား သည်ထိုင်း လျက်၊ ကိုယ် မျက်စိ ကိုပိတ် လျက် ရှိကြ၏ဟုငါ တို့ဘိုးဘေး များအား လျောက်ပတ်စွာ မိန့် တော်မူ၏။
28 "Be fully assured, therefore, that this salvation--God's salvation--has now been sent to the Gentiles, and that they, at any rate, will give heed."
၂၈ထိုကြောင့် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါး အမျိုးသားတို့အား ပေး လိုက် သည်ဖြစ်၍ ၊ သူ တို့သည်နားထောင် မည်အရာကို သင် တို့ သိမှတ် ကြလော့ဟု၊
၂၉ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်းရှိကြ၏။
30 After this Paul lived for fully two years in a hired house of his own, receiving all who came to see him.
၃၀ထိုနောက်မှပေါလုသည် နှစ် နှစ်ပတ်လုံး မိမိ ငှား သော အိမ်၌ နေ သဖြင့်၊ မိမိ ထံသို့ လာ သော သူ အပေါင်း တို့ကို ဧည့်ခံ ၍ ၊
31 He announced the coming of the Kingdom of God, and taught concerning the Lord Jesus Christ without let or hindrance.
၃၁အဘယ်သူမျှမ မြစ်တားဘဲ၊ ဘုရားသခင် ၏ နိုင်ငံ တော် အကြောင်းကိုအတည့်အလင်း ဟောပြော ၍၊ သခင် ယေရှု ခရစ် ၏ အကြောင်း များကို သွန်သင် ပြသလျက်နေ၏။

< Acts 28 >