< Psalms 7 >

1 Shiggaion of David, which he sang to the LORD, concerning the words of Cush the Benjaminite. O LORD my God, in thee do I put my trust: save me from all them that persecute me, and deliver me:
ဒါဝိဒ် သည် ဗင်္ယာမိန် အမျိုးသား ကုရှ ၏စကား ကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသံညှိ၍ဆို သော ဆာလံ။1အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ခိုလှုံ ပါ၏။ အကျွန်ုပ် ကို ညှဉ်းဆဲ သော သူအပေါင်း တို့၏လက်မှ အကျွန်ုပ် ကို နှုတ် ယူ၍ ကယ်တင် တော်မူပါ။
2 Lest he tear my soul like a lion, rending [it] in pieces, while [there is] none to deliver.
သို့မဟုတ် နှုတ် ယူသောသူမ ရှိစဉ်၊ ရန်သူသည် ခြင်္သေ့ ကဲ့သို့ အကျွန်ုပ် ၏စိတ် ဝိညာဉ်ကို လုယူကိုက် ဖြတ် ပါလိမ့်မည်။
3 O LORD my God, if I have done this; if there is iniquity in my hands;
အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်သည် ထိုသို့ ပြု သော်၎င်း၊ အကျွန်ုပ် လက် မှာ အဓမ္မ အမှုရှိ သော်၎င်း၊
4 If I have rewarded evil to him that was at peace with me; (yes, I have delivered him that without cause is my enemy: )
အကျွန်ုပ် နှင့် သင့်တင့် သောသူကို အကျွန်ုပ် ပြစ်မှား ၍ ၊ အကြောင်း မရှိဘဲလျက် ရန် ပြုသောသူကို အကျွန်ုပ် ညှဉ်းဆဲ သော် ၎င်း၊ ထိုသို့သော အပြစ်တစုံတခုရှိလျှင်၊
5 Let the enemy persecute my soul, and take [it]; yes, let him tread down my life upon the earth, and lay my honor in the dust. (Selah)
ရန်သူ သည် အကျွန်ုပ် ၏ စိတ် ဝိညာဉ်ကိုလိုက် ၍ မှီ ပါစေ။ အကျွန်ုပ် အသက် ကို မြေ ပေါ် မှာနင်း ၍ ၊ အကျွန်ုပ် အသရေ ကို မြေမှုန့် ၌ နှိမ့်ချ ပါစေ။
6 Arise, O LORD, in thy anger, lift up thyself because of the rage of my enemies: and awake for me [to] the judgment [that] thou hast commanded.
အိုထာဝရဘုရား ၊ အမျက် တော် ထွက်၍ ထ တော်မူပါ။ အကျွန်ုပ် ၏ရန်သူ တို့ ပြင်းထန် ခြင်းကို ဆီးတား ၍ အားထုတ်တော်မူပါ။ အကျွန်ုပ် အဘို့ နိုး တော်မူ ပါ။ တရား စီရင် ဆုံးဖြတ်တော်မူပါ။
7 So shall the congregation of the people encompass thee: for their sakes therefore return thou on high.
လူမျိုး တို့သည်စည်းဝေး ၍ ကိုယ်တော် ကို ဝန်းရံ ကြလျက် ၊ သူ တို့အဘို့ မြင့် ရာအရပ်သို့ ပြန် ကြွတော်မူပါ။
8 The LORD shall judge the people: judge me, O LORD, according to my righteousness, and according to my integrity [that is] in me.
ထာဝရဘုရား သည် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဖြောင့်မတ် ခြင်း ကို၎င်း၊ စုံလင် ခြင်းကို၎င်း ထောက်၍ အကျွန်ုပ် အမှုကို စီရင် ဆုံးဖြတ်တော်မူပါ။
9 Oh let the wickedness of the wicked come to an end; but establish the just: for the righteous God trieth the hearts and reins.
မတရား သောသူတို့ ၏ အဓမ္မ အမှုကိုဆုံးရှုံး စေ၍ ၊ တရား သောသူတို့ကိုမြဲမြံ စေတော်မူပါ။ တရား သဖြင့် ပြုတော်မူသောဘုရား ၊ ကိုယ်တော်သည် နှလုံး နှင့် ကျောက်ကပ် ကို စစ် တော်မူတတ်ပါ၏။
10 My defense [is] from God, who saveth the upright in heart.
၁၀သဘော ဖြောင့် သောသူတို့ကို ကယ်တင် တတ် သော ဘုရား သခင်သည် ငါ ၏အကွယ် အကာဖြစ်တော်မူ ၏။
11 God judgeth the righteous, and God is angry [with the wicked] every day.
၁၁ဘုရား သခင်သည် တရား သဖြင့် စီရင် သော ဘုရား ဖြစ်၍ ၊ မတရားသောသူကို အစဉ် အမျက် ထွက် တော်မူ၏။
12 If he turn not, he will whet his sword; he hath bent his bow, and made it ready.
၁၂ထိုသူ သည်မ ပြောင်းလဲ လျှင် ထား တော်ကို သွေး တော်မူ၏။ လေး တော်ကိုတင် ၍ ရွယ် တော်မူ၏။
13 He hath also prepared for him the instruments of death; he ordaineth his arrows against the persecutors.
၁၃သေ စေသော လက်နက် ကိုလည်း သူ့ အဘို့ ပြင်ဆင် ၍ မြှား တော်တို့ကို လောင် စေတော်မူ၏။
14 Behold, he travaileth with iniquity, and hath conceived mischief, and brought forth falsehood.
၁၄ထိုသူသည် ဒုစရိုက် ဘွား သော ဝေဒနာ ကို ခံရ၏။ မ ကောင်းသော အကြံအစည်ကို ပဋိသန္ဓေယူ၍ ၊ စိတ်ပျက် ခြင်းကို ဘွားမြင် တတ်၏။
15 He made a pit, and digged it, and hath fallen into the ditch [which] he made.
၁၅တွင်း ကိုလည်း နက်စွာတူး သဖြင့် ၊ မိမိ တူး သော တွင်း ထဲ သို့ မိမိ ကျ တတ်၏။
16 His mischief shall return upon his own head, and his violent dealing shall come down upon his own pate.
၁၆မိမိ မ ကောင်းသော အကြံအစည်သည် မိမိ ခေါင်း ပေါ် မှာ ပြန် ရောက်၍ ၊ မိမိ ကြမ်းတမ်း သောအမှု သည် မိမိ ခေါင်း ထိပ်ပေါ် မှာ သက် ရောက်တတ်၏။
17 I will praise the LORD according to his righteousness: and will sing praise to the name of the LORD most high.
၁၇ငါမူကား၊ ထာဝရ ဘုရား၏ တရား သောအမှု တော်ကို ချီးမွမ်း ၍ ၊ အမြင့်ဆုံး သောထာဝရဘုရား ၏ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။

< Psalms 7 >