< Psalms 46 >
1 To the chief Musician for the sons of Korah, A Song upon Alamoth. God [is] our refuge and strength, a very present help in trouble.
၁ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
2 Therefore will we not fear, though the earth shall be removed, and though the mountains shall be carried into the midst of the sea;
၂ထိုကြောင့် ပထဝီမြေကြီး သည် ရွေ့ သွား၍ တောင် များတုန်လှုပ်လျက် သမုဒ္ဒရာ သို့ ကျ သော်လည်း၊ ငါတို့သည် ကြောက်လန့် ခြင်းမ ရှိ။
3 [Though] its waters shall roar [and] be disturbed, [though] the mountains shake with the swelling of it. (Selah)
၃သမုဒ္ဒရာရေ သည် ဟုန်းဟုန်းမြည် ၍ မွှေနှောက် ပါ လေစေ။ လှိုင်း တံပိုးထသဖြင့် ၊ တောင် များတုန်လှုပ် ပါ လေစေ။
4 [There is] a river, the streams of which shall make glad the city of God, the holy [place] of the tabernacles of the Most High.
၄မြစ် တမြစ်ရှိသေး၏။ ထို မြစ် ရေသည်စီး၍ ဘုရား သခင်၏ မြို့ တည်းဟူသောအမြင့်ဆုံး သောဘုရား ကျိန်းဝပ် တော်မူရာ သန့်ရှင်း သော မြို့တော်ကို ရွှင်လန်း စေတတ်၏။
5 God [is] in the midst of her; she shall not be moved: God shall help her, [and that] right early.
၅ထိုမြို့ သည် ဘုရား သခင်ကျိန်းဝပ် တော်မူရာ ဖြစ်၍တုန်လှုပ် ခြင်း မ ရှိရာ။ မိုဃ်းသောက် လင်းစ၌ ဘုရား သခင်ကူမ တော်မူလိမ့်မည်။
6 The heathen raged, the kingdoms were moved: he uttered his voice, the earth melted.
၆လူမျိုး တို့သည် ဟုန်းဟုန်းမြည် ကြ၏။ တိုင်း နိုင်ငံတို့သည် လှုပ်ရှား ကြ၏။ ဗျာဒိတ် သံ ကို လွှတ် တော်မူ၍ မြေကြီး သည် အရည် ဖြစ်လေ၏။
7 The LORD of hosts [is] with us; the God of Jacob [is] our refuge. (Selah)
၇ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် အမျိုး၏ ဘုရား သခင်သည် ငါ တို့ ခိုလှုံ ရာဖြစ်တော်မူ၏။
8 Come, behold the works of the LORD, what desolations he hath made in the earth.
၈ထာဝရဘုရား စီရင် ပြုပြင်၍ မြေကြီး ပေါ် မှာ သုတ်သင် ပယ်ရှင်းခြင်း အမှုတော်များကို လာ ၍ကြည့်ရှု ကြလော့။
9 He maketh wars to cease to the end of the earth; he breaketh the bow, and cutteth the spear asunder; he burneth the chariot in the fire.
၉လေး ကိုချိုး လျက် ၊ လှံ ကိုအပိုင်းပိုင်းဖြတ် လျက်၊ ရထား ကိုမီး ရှို့ လျက် ၊ မြေကြီး စွန်း တိုင်အောင် စစ်မှု ကို ငြိမ်း စေတော်မူ၏။
10 Be still, and know that I [am] God: I will be exalted among the heathen, I will be exalted in the earth.
၁၀ငြိမ်ဝပ် လျက် နေကြလော့။ ငါ ကား ဘုရား သခင်ဖြစ်သည်ဟု သိ မှတ်ကြလော့။ လူမျိုး တို့တွင် ငါသည် ဘုန်းပွင့် မည်။ မြေကြီး ပေါ် မှာ ဘုန်းပွင့် မည်။
11 The LORD of hosts [is] with us; the God of Jacob [is] our refuge. (Selah)
၁၁ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် ၏ ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာဖြစ်တော်မူ၏။